Main menu
HOT NEWS
adv

၂ဝ၁၆ခုနှစ် တက္ကသိုလ်ဝင်တန်း အောင်များ လျှောက်ထားခဲ့သော တက္ကသိုလ် ဝင်ခွင့်များကို လာမည့်နိုဝင်ဘာ ဒုတိယ အပတ်ခန့်တွင် ကြေညာမည်

ရန်ကုန်၊ စက်တင်ဘာ ၂၈

၂ဝ၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားကျောင်းသူများ လျှောက်ထားခဲ့သော တက္ကသိုလ်ဝင်ခွင့်များကို လာမည့်နိုဝင်ဘာလ ဒုတိယပတ်ခန့်တွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။ ၂ဝ၁၆ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသော ကျောင်းသားကျောင်းသူများကို ယခုနှစ် သြဂုတ်လ၁၈ရက်မှစတင်ပြီး ၃၁ရက်အထိ တက္ကသိုလ်ဝင်ခွင့်များကိုလျှောက် ထားခွင့်ပေးခဲ့ရာ ယခုအခါလျှောက် ထားခဲ့သူများ၏ တက္ကသိုလ်ဝင်ခွင့်များကိုစိစစ်လျက်ရှိပြီး ယင်းဝင်ခွင့်များကို နိုဝင်ဘာလဒုတိယပတ်ခန့်တွင်ကြေညာမည်ဖြစ်ကြောင်း အဆင့် မြင့်ပညာဦးစီးဌာန(ရန်ကုန်ရုံးခွဲ)မှ သိရသည်။

Read more...

၂ဝ၁၆-၁၇ ပညာသင်နှစ်တွင် အမျိုးသား စီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် ဘာသာရပ် လေးခုအတွက် ကျောင်းသား၊ ကျောင်းသူ ၃ဝဝ ခေါ်မည်

ရန်ကုန်

အမျိုး သားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်(NMDC)မှ ၂ဝ၁၆-၁၇ပညာသင် နှစ်အတွက် ပထမနှစ်သင်တန်းဘာ သာရပ်လေးခုအတွက် ကျောင်းသား ကျောင်းသူ ၃ဝဝ ခေါ်ယူမည်ဖြစ် ကြောင်း သိရသည်။ အမျိုးသား စီမံခန့်ခွဲမှုပညာဒီဂရီ ကောလိပ်မှ စီးပွားပညာခန့်ခွဲမှုဘွဲ့ သင်တန်း BBM အတွက် ၁ဝဝ၊ BA (EPP)အတွက် ၅ဝ၊ BA(Tourism)အတွက် ၁ဝဝ၊ BA(Journalism) အတွက် ၅ဝတို့ကို လေးနှစ်ဘွဲ့သင် တန်းများ အဖြစ် ဖွင့်လှစ်သင်ကြားမည် ဖြစ်သည့်အတွက် ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသော ကျောင်းသားကျောင်းသူများ လျှောက်ထားနိုင်ကြောင်း အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ထုတ်ပြန် ကြေ ညာထားသည်။

Read more...

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေး စိုးရိမ်စရာမရှိ၊ ရက်အနည်းငယ် အနားယူရန် လိုအပ်

ရန်ကုန်

ဒေါ် အောင်ဆန်းစုကြည်၏ ကျန်းမာရေး အခြေအနေသည် စိုးရိမ်စရာမရှိ သော်လည်း ရက်အနည်းငယ်အနား ယူရန်လိုအပ်ကြောင်း သမ္မတရုံးဝန် ကြီးဌာနပြောရေးဆိုခွင့်ရှိသူ ဦးဇော် ဌေးကပြောသည်။ ဦးဇော်ဌေး က "စိုးရိမ်စရာမရှိပါ ဘူး။ ရက်အနည်းငယ် အနားယူဖို့ လိုတယ် "ဟု စက်တင်ဘာလ ၂၆ ရက်နေ့ နေ့လယ်ပိုင်းတွင် ဒီမိုက ရေစီတူဒေးသို့ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နှင့် အမေရိကန်ပြည်ေ ထာင် စု သို့ ၁၅ ရက်ကြာသွားရောက်ခဲ့ပြီး နောက် စက်တင်ဘာ ၂၅ ရက် ည ၁၀ နာရီဝန်းကျင်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်လေဆိပ်သို့ ရောက်ရှိချိန်တွင်မီးများကို မှိတ်ထား ခဲ့ပြီး ၀ှီးချဲဖြင့်ထွက်လာသည့် ဓာတ်ပုံများပေါ်ထွက်လာသ လိုလာ ရောက်ကြို ဆိုသောပြည်သူများအား နှုတ်ဆက်နိုင်ခြင်းမရှိဘဲ ကားပေါ်လှဲ နေသည့် ဓာတ်ပုံများ လူမှုကွန်ရက် ပေါ်ထွက်ပေါ်လာသဖြင့်ပြည်သူ များကြား စိုးရိမ်မှုဖြစ်ခဲ့ကြသည်။

Read more...

သရုပ်ဆောင် မိုးအောင်ရင် ရှေ့နေအဆင်သင့် မဖြစ်သေးသဖြင့် အောက်တိုဘာ ၆ ရက်သို့ ရုံးချိန်း

ရန်ကုန်
 
မူးယစ် ဆေးဝါးမှုဖြင့် တရားစွဲခံရသော သရုပ်ဆောင် မိုးအောင်ရင်သည် ရှေ့နေ အဆင်သင့်မဖြစ်သေးသဖြင့် အောက်တိုဘာ ၆ ရက်သို့ အရှေ့ပိုင်းခရိုင်တရားရုံးက ရုံးချိန်းလိုက်သည်။  ရုပ်ရှင်သရုပ်ဆောင် မိုးအောင် ရင်နှင့်နှစ်ဦးကို ပုဇွန်တောင်မြို့နယ် တရားရုံးတွင် စက်တင်ဘာ ၁၂ ရက် က ချုပ်ရမန်နှစ်ပတ် ယူပြီးနောက် စက် တင်ဘာ ၂၆ ရက်၌ အရှေ့ပိုင်းခရိုင် တရားရုံး၊ ခရိုင်တရားသူကြီးက မူးယစ် ဆေးဝါး ပုဒ်မ ၁၉ (က) အရ လက်ခံစစ်ဆေးရန် လက်ခံခဲ့သည်။
Read more...

ကျိုက်ထီးရိုး တောင်ပေါ်ရှိ ရိုးရိုးလေးကုမ္ပဏီ၏ စီးပွားရေး လုပ်ငန်းများကို ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့် အညီ လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ကုမ္ပဏီပိုင်ရှင် ၀န်ခံကတိ ပြုလက်မှတ်ရေးထိုး

ရန်ကုန်

ကျိုက် ထီးရိုးတောင်ပေါ်ရှိ ရိုးရိုးလေးကုမ္ပဏီ၏ စီးပွားရေးလုပ်ငန်းများကို ဥပ ဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ကုမ္ပဏီပိုင်ရှင် ဦးနေထက်သိန်းနိုင်က ၀န်ခံကတိပြုလက် မှတ်ရေး ထိုးခဲ့ ကြောင်းသိရသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616