Main menu
HOT NEWS
adv

ကချင်ပြည်နယ်တွင် တရားမဝင် သစ် တင်ဆောင်လာသည့် ယာဉ် ၁ဝ စီးနှင့် တရားခံ ၁၃ ဦး အပါအဝင် တရားမဝင် သစ်တန်ချိန် သုံးရာခန့် ဖမ်းဆီးရမိ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ကချင်ပြည်နယ်တွင် တရားမဝင်သစ်တင် ဆောင်လာသော သစ်တင်ယာဉ် ၁ဝ စီးနှင့်အတူ တရားခံ ၁၃ ဦးအပါအဝင် တရားမဝင်သစ်တန်ချိန် သုံးရာခန့်ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

Read more...

ရန်ကုန် တိရစ္ဆာန်ဥယျာဉ် အတွင်းရှိ Game City ကစားကွင်းနေရာကို ပြန်လည် လုပ်ကိုင်ခွင့်ပြုမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ရန်ကုန် တိရစ္ဆာန်ဥယျာဉ်အတွင်းရှိ Game City ကစားကွင်းနေရာကို ပြန်လည် လုပ်ကိုင်ခွင့်ပေးသွားရန်အတွက် လုပ်ငန်းရှင်များကိုတင်ဒါပြန်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးသစ်တောဦးစီးဌာနမှ သိရသည်။ အဆိုပါ Game City ကစားကွင်းကိုလက်ရှိအချိန်တွင် ပိတ်သိမ်းထားပြီး ယင်းမြေနေရာသည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အစိုးရပိုင်မြေဖြစ်ကာ သစ်တောဦးစီးဌာနက ပြန်လည်သိမ်းယူထားခြင်းဖြစ်ကြောင်း သိရသည်။

Read more...

သရုပ်ဆောင် နောင်နောင် စိတ်ကြွ မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရ

ရန်ကုန်

''ထာဝရအလင်းတန်း''ရုပ်ရှင်ဇာတ်ကားဖြင့် အကယ်ဒမီဆု ရရှိခဲ့သည့် ရုပ်ရှင်သရုပ်ဆောင်နောင်နောင်အား စိတ်ကြွမူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရရှိထားသည့်အတွက် ထိန်းသိမ်းခံရလျက်ရှိ ကြောင်း မန္တလေးမြို့ အမှတ်(၆)နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Read more...

လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိပါက ဖြေရှင်းရန် အဆင်သင့် ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ပြောကြား

ရန်ကုန်

လူသားချင်း စာနာထောက်ထား မှုနှင့်ပတ်သက်ပြီး တပ်မတော်၏ Code of Conduct တွင်လည်း ပြဋ္ဌာန်းထားပြီး ဖြစ်၍ တိကျစွာလိုက်နာဆောင်ရွက်နေမှု အခြေအနေများနှင့် လူ့အခွင့်အရေးချိုး ဖောက်မှုများ ရှိပါကလည်း ဖြေရှင်းရန် အဆင်သင့်ရှိကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ဖေဖော်ဝါရီ ၁၆ ရက်က ပြောသည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ကာတာနိုင်ငံသံအမတ်ကြီး H.E.Mr.Hassan Bin Mohamed Rafei Al-Emadi အား ဖေဖော်ဝါရီ ၁၆ ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့သည်။

Read more...

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ထံသို့ မြန်မာနိုင်ငံ ပန်းဝါသနာရှင် အသင်းက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့

ရန်ကုန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ပြုသောအားဖြင့် စင်ကာပူနိုင်ငံ စင်ကာပူရုက္ခ ဗေဒဥယျာဉ်ရှိ စပ်မျိုးသစ်ခွ၊ မျိုးသစ်တစ်ခုအား Papilionanda Aung San Suu Kyi အမည်ဖြင့် ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာ ၁ ရက်က သတ်မှတ် ဂုဏ်ပြုခြင်းအတွက် မြန်မာနိုင်ငံ ပန်းဝါသနာရှင်အသင်းက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာကို နှစ် ၇ဝ မြောက် ပြည်ထောင်စုနေ့နှင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်အဖြစ် ပေးပို့လိုက်ကြောင်း သိရသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616