Main menu
HOT NEWS
adv

ကုလ လူ့အခွင့်အရေး ဆိုင်ရာ အစီရင်ခံစာ တင်သွင်းသူ ယန်ဟီးလီနှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင်များတွေ့၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ-၆၆(ဃ)နှင့် ပတ်သက်ပြီး နှစ်ဖက်အမြင် ဆွေးနွေး

နေပြည်တော်၊ ဇူလိုင် ၂ဝ

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်း သူယန်ဟီးလီနှင့် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင်များ ဆွေးနွေးရာတွင် ဆက်သွယ်ရေးဥပဒေ ပုဒ်မ-၆၆(ဃ)နှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဆွေး နွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းတောင်းထားသည့် အဆင့်သာရှိ သေးသည့်အတွက် သူ့အမြင်ကိုယ့်အမြင် ဆွေး နွေးသည့်အဆင့်သာရှိပြီး ထူးထူးခြားခြားမရှိ ကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက လွှတ်တော်အစည်းအဝေးအပြီး ဇူလိုင် ၂ဝ ရက် နံနက် ပိုင်းက ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူယန်ဟီးလီက အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဝင်များနှင့် လာရောက်တွေ့ဆုံဆွေးနွေးမှုနှင့်ပတ်သက်၍ သတင်းမီဒီယာများသို့ပြောသည်။

Read more...

ပြည်တော်ပြန် လုပ်သားများ အရေး

သုဝေ

---------

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားထောင် သောင်းချီပြီး တဖွဲဖွဲပြန်လာကြတာကို မီဒီယာများများတွေ့ ရပါတယ်။ သူတို့တစ်တွေ အခက်အခဲမရှိအောင် သက်ဆိုင်ရာတို့က ကြိုဆိုစောင့်ရှောက်ကြတာ ဝမ်းမြောက်စရာပါဘဲ။ ဒါပေမဲ့ အခုလိုဖြေရှင်းရုံနဲ့ မလုံလောက်ပါဘူး။ ပြဿနာရဲ့ အရင်းအမြစ်ကိုရှာပြီး ကုစားဖို့လိုအပ်ပါတယ်။ ပြည်တော်ပြန်လုပ်သားတွေကို ကြည့်ရတာ ယောက်ျား လေးတွေ၊ မိန်းကလေးတွေ လုပ်အားအပြည့်ပေးနိုင်တဲ့အရွယ်ကောင်းလေးများဖြစ်ကြပါတယ်။ သူတို့လေးတွေကို အမိမြန်မာနိုင်ငံကမွေးဖွားပေးတယ်။ ပြုစုစောင့်ရှောက် ပေးတယ်။ ပညာသင်ကြားပေးတယ်။ ပညာတတ်လို့ အလုပ် လုပ်ရမယ့်အရွယ်လည်းရောက်ရော မိခင်နိုင်ငံအကျိုးကို မစွမ်းဆောင်ရဘဲနိုင်ငံခြားသွားပြီး အလုပ်အကျွေးပြုကြ ရပါတယ်။ အမိနိုင်ငံ ဘယ်လောက်နစ်နာသွားရတယ်။ သူတို့လေးတွေလည်း ကိုယ့်မိဘမောင်ဖားတွေနဲ့ အတူနေပြီး၊ ကိုယ့်ပြည်အကျိုးမသယ်ပိုးရလို့ စိတ်ကောင်းကြမှာ မဟုတ်ပါဘူး၊ ပျော်ရာမှာမနေရ၊ တော်ရာမှာနေကြရတဲ့ မြန်မာနိုင်ငံသားတွေဟာ၊ နည်းနည်းနောနောမှမဟုတ်ဘဲ၊ (၄) သိန်းလောက်ရှိတယ်ဆိုတော့။ နိုင်ငံလူဦးရေက (၅၂) သန်း၊ (၁၃) ယောက်တိုင်းမှာ (၁) ယောက်ဖြစ်နေရပါတယ်။ နောက်ပြီးတော့ အလုပ်လုပ်တဲ့အရွယ်တွေချည်းဘဲဖြစ်တယ်။ မြန်မာလူမျိုးတို့ရဲ့ပုံရိပ်ဟာ တောက်ပနေရ မယ့်အစား၊ မှေးမှိန်မှုန်ဝါးသွားရတယ်။

Read more...

မန္တလေးတိုင်းဒေသကြီး အတွင်း e-Goverment စနစ်အတွက် e-Mandalay Web Portal လွှင့်တင်

မန္တလေးတိုင်းဒေသကြီးအတွင်း e-Govermentစနစ်အတွက် အကောင်ထည်ဖော်ဆောင်ရွက်နေသည့် e-Mandalay Web Portal ကိုဇူလိုင် ၁၉ ရက်၊ ညပိုင်းတွင် လွှင့်တင်လိုက်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရှိရသည်။

Read more...

သီပေါတွင် ဖမ်းဆီးခံထားရသည့် သတင်းသမားများကို ဆောလျင်စွာ ရုံးထုတ်ခြင်း အပေါ် JPCM ဝေဖန်

ရန်ကုန်

သီပေါအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသည့် သတင်းသမားများအား ရုံးထုတ်ရက်မတိုင်မီ ဆောလျင်စွာရုံးထုတ်လိုက်ခြင်းနှင့် ပတ်သက်၍ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီ JPCM မှ ဝေဖန်ပြောဆိုသည်။ အဆိုပါ သတင်းသမားများအား ဇူလိုင် ၁၁ ရက်တွင် ရုံးထုတ်မည်ဟု ပြောဆိုထား သော်လည်း ဇူလိုင် ၇ ရက်တွင်တစ်ကြိမ်၊ ဇူလိုင် ၂၁ ရက် ရုံးထုတ်မည်ဟု ပြောဆိုထား သော်လည်း ဇူလိုင် ၁၈ ရက်တွင် ဆောလျင်စွာ ရုံးထုတ်ခဲ့ခြင်းဖြစ်သည်။

Read more...

အကြမ်းဖက် စနစ်အား ဆန့်ကျင်ရန်နှင့် လက်မခံရန် အတွက် သန္နိဌာန်ချမှတ်ကာ ဆောင်ရွက်ရန် အရေးကြီးကြောင်း ဦးဥာဏ်ဝင်း ပြော

ရန်ကုန်

အာဇာနည်နေ့သည် နိုင်ငံအတွက် ဝမ်းနည်းဖွယ်နေ့ဖြစ်သကဲ့သို့ ထိုကိစ္စရပ်ကို ဖြစ်ပေါ်စေသော အကြမ်းဖက်စနစ်အား အစဉ်အမြဲ ဆန့်ကျင်သွားရန်နှင့် လက်မခံကြောင်း ပြောဆိုရန် သန္နိဋ္ဌာန်ချကာ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဦးဥာဏ်ဝင်းက ပြောဆိုလိုက်သည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191