Main menu
HOT NEWS
adv
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မိုင်းရှင်းတပ်စုတွင် မိုင်းရှာဖွေရေး တာဝန်များကို တပ်ကြပ်ကြီး မိုက်ကယ် အစား တပ်သား ရမ်ဘိုမှ ထမ်းဆောင်မည်

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မိုင်းရှင်းတပ်စုတွင် မိုင်းရှာဖွေရေး တာဝန်များကို တပ်ကြပ်ကြီး မိုက်ကယ် အစား တပ်သား ရမ်ဘိုမှ ထမ်းဆောင်မည်

ရန်ကုန်၊ ဧပြီ ၁၉

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၊ မိုင်းရှင်းတပ်စုမှ တပ်ကြပ်ကြီး မိုက်ကယ်သည် ၂၀၁၇ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်တွင် အများပြည်သူ ဘေးကင်း လုံခြုံစွာရေကစားနိုင်ရန်အတွက် ရန်ကုန်တိုင်း ဒေသကြီးရှိ ရေကစားမဏ္ဍပ်များတွင် မိုင်းရှာဖွေရေး တာဝန်များကို ကျေပြွန်စွာထမ်းဆောင်စဉ် ၁၅.၄.၂၀၁၇ ရက်နေ့ ၂၀၃၀ အချိန်တွင် အစာအိမ်သွေးကြောပေါက် ရောဂါဖြင့် သေဆုံးသွားခဲ့သည်။

တပ်ကြပ်ကြီး မိုက်ကယ်သေဆုံးသွားသဖြင့် မိုင်းရှာဖွေရေးတာဝန်များကို အသက် ၁ နှစ် ၆ လ အရွယ်ရှိ လက်ဘရောအမျိုးအစား တပ်သား ရမ်ဘိုမှ ဆက်လက်တာဝန်ထမ်းဆောင်သွားမည်ဖြစ်ပါသည်။ တပ်သား ရမ်ဘိုသည် အမှတ်(၁)စစ်ဘက်ရေးရာ လုံခြုံရေးအတတ်သင်ကျောင်း၌ဖွင့်လှစ်သည့် မိုင်းနှင့် မူးယစ်ဆေးဝါးရှာဖွေရေးသင်တန်းအမှတ်စဉ် ၁၄/၂၀၁၆သို့တက်ရောက်ခဲ့ပြီး ၁၀.၂.၂၀၁၇ ရက်နေ့တွင် သင်တန်းဆင်းကာ ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့၊ မိုင်းရှင်းတပ်စုတွင် တာဝန် ထမ်းဆောင်လျက်ရှိပါသည်။

 

တပ်သားရမ်ဘိုသည် ရန်ကုန်မြို့ပေါ်ရှိ အမေရိကန်သံရုံးနှင့် ပြင်သစ်သံရုံးများတွင်ပြုလုပ်သည့် အခမ်းအနားများ၌ မိုင်းရှင်းလင်းရေးတာဝန်များကိုလည်းကောင်း၊ သုဝဏ္ဏအားကစားကွင်း၌ပြုလုပ်ခဲ့သည့် ဘောလုံးအကယ်ဒမီကျောင်းဖွင့်ပွဲအခမ်းအနား၊ ၂၀၁၇ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားနှင့် ၂၀၁၇ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်တို့တွင် မိုင်းရှင်းလင်းရေးတာဝန်များကိုလည်းကောင်း ကျေပြွန်စွာထမ်းဆောင်ခဲ့ပါသည်။ တပ်သားရမ်ဘိုမှာ တပ်ကြပ်ကြီး မိုက်ကယ်ကဲ့သို့ ရန်ကုန်တိုင်းဒေသကြီးအတွင်း အများပြည်သူ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် မိုင်းရှင်းလင်းရေး တာဝန်များကို ထမ်းဆောင်သွားမည်ဖြစ်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည်။

#YangonPolice

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191