Main menu
HOT NEWS
adv
လွှတ်တော် အမတ်များသည်  လူထုနှင့် အစိုးရကြားတွင် တံတားအဖြစ်သာ ရှိသင့်၊ တံတိုင်းမဖြစ်ရဟု ဒေါက်တာအေးမောင် ဆို

လွှတ်တော် အမတ်များသည် လူထုနှင့် အစိုးရကြားတွင် တံတားအဖြစ်သာ ရှိသင့်၊ တံတိုင်းမဖြစ်ရဟု ဒေါက်တာအေးမောင် ဆို

ရန်ကုန်၊ မေ ၁၈

လွှတ်တော်အမတ်များသည် လူထုနှင့်အစိုးရကြားတွင် တံတားအဖြစ်သာရှိသင့်ပြီး တံတိုင်းမဖြစ်ရဟု ဒေါက်တာအေးမောင်က ပြောကြားလိုက်ကြောင်း သိရသည်။ မေ ၁၈ ရက်က နေပြည်တော်တွင်ကျင်းပသည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေးမစမီ မီဒီယာများနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


''အတိုက်အခံအင်အားစုက နိုင်ငံအတွက်လိုအပ်တယ်။ လွှတ်တော်အတွင်းမှာရှိတဲ့ အတိုက်အခံအင်အားစုက လူထုအစိုးရကို ထောက်ပြ ဝေဖန်ပြီးမှ အစိုးရဟာ လူထုစိတ်ကြိုက်အစိုးရဖြစ်မယ်။ အဲဒီလိုဖြစ်အောင်သွားဖို့အတွက် ဒီလွှတ်တော်အတွင်းမှာ ပြည်သူ့ကိုယ်စားလှယ်တွေ အများကြီးရှိတယ်။ ပြည်သူ့အစိုးရမို့လို့ ဖွဖွလေးထောက်ခံပြီးမှ ပြောမယ်ဆိုတာကတော့ အစိုးရကောင်းတစ်ရပ်ကို လူထုလက်ထဲမအပ်နိုင် အောင်တားဆီးထားတဲ့ တံတိုင်းကြီးတွေလိုဖြစ်တယ်။ အဲဒါကြောင့်မို့လို့ လွှတ်တော်သည်၊ လွှတ်တော်အမတ်များသည် လူထုနဲ့အစိုးရကြားမှာ တံတားပဲဖြစ်ရမယ်။ တံတိုင်းမဖြစ်ရဘူး''ဟု ၎င်းကပြောသည်။ ယင်းအပြင် လူထုအတွက် အစိုးရကောင်းတစ်ရပ်အဖြစ် မပီပြင်ခဲ့ပါက လူထုကရွေးချယ်ထားသော လွှတ်တော်ကသာလျှင် လူထုအတွက် ထောက်ပြဝေဖန်သင့်ကြောင်း ၎င်းက ဆက်လက်ပြောသည်။


''လူထုအတွက် အစိုးရကောင်းတစ်ရပ်မပီပြင်တော့ဘူးဆိုရင် ဒီတင်မြှောက်လိုက်တဲ့အဝန်းအဝိုင်းကပဲ ထောက်ပြဝေဖန်မှုက အစိုးရ ကောင်းတစ်ရပ်ဖြစ်ဖို့ လူထုအတွက် လှုပ်ရှားပေးရတယ်။ ထောက်ပံ့ပေးရတယ်။ ထိန်းပေးရတယ်။ ဒါလွှတ်တော်တိုင်းရဲ့တာဝန်ပဲ''ဟု ဒေါက် တာအေးမောင်က ပြောသည်။
စစ်မှန်သောပြည်ထောင်စုအဖြစ်သွားနိုင်ဖို့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေက မပီပြင်ကြောင်းနှင့် စစ်မှန်သောပြည်ထောင်စုစနစ်ကိုသွားနိုင်ရန် ယင်းဖွဲ့စည်းပုံကိုပြင်ရန်လိုအပ်ကြောင်း ၎င်းကပြောသည်။ ''ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုရောက်ဖို့အတွက် အစိုးရကို လူထုစိတ်ကြိုက်၊ လူထုလိုလားတဲ့ အစိုးရမဖြစ်ရင် ဖြစ်အောင် ပါလီမန်သည် လူထုနဲ့ရပ်တည်ပြီးမှ ထောက်ပြဝေဖန်မှုကိုလုပ်ဖို့ အင် အားစုတစ်ရပ်လိုတယ်''ဟု ၎င်းကပြောသည်။ ဒေါက်တာအေးမောင်သည် ၂ဝ၁၇ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲတွင် အမ်းမြို့နယ်၊ လစ်လပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း နေရာအတွက် ရခိုင်အမျိုးသားပါတီ(ANP)ကိုယ်စားပြုဝင်ရောက်ယှဉ် ပြိုင်ခဲ့ပြီးအနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သည်။

MP, HWA

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191