Main menu
HOT NEWS
adv
UNFC မှ အဖွဲ့ဝင်အသစ်များ တိုးလာပါက ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှု ခက်ခဲသွားနိုင်သည် ဟုဆို

UNFC မှ အဖွဲ့ဝင်အသစ်များ တိုးလာပါက ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှု ခက်ခဲသွားနိုင်သည် ဟုဆို

ရန်ကုန်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင် စီ(UNFC) တွင် အဖွဲ့ဝင်အသစ်များတိုးလာနိုင်ကြောင်း သတင်းများထွက် ပေါ်လာခြင်းကြောင့် အဖွဲ့ဝင်အသစ်များ တိုးလာပါက ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုများ ခက်ခဲသွားနိုင်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင် နေသူများက ပြောသည်။ UNFC သည် ၂ဝ၁၇ ခုနှစ် ဇွန် ၂ဝ ရက်တွင် ညီလာခံကို ကျင်းပသွားမည်ဖြစ်ပြီး NCA လက်မှတ်ထိုးထားသော အဖွဲ့များနှင့် မထိုးရသေးသည့် အဖွဲ့များအားလုံးကို ဖိတ်ကြားသွားမည် ဖြစ်ကာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။


ထို့အပြင် UNFC  မှ အ ဖွဲ့ဝင်အဖြစ် နုတ်ထွက်ကြောင်း စာတင်ထားသော အဖွဲ့များကိစ္စအပါ အဝင်၊ အဖွဲ့ဝင် အသစ်များအဖြစ် လျှောက်ထားသော အဖွဲ့များကို လက် ခံရေး၊ လက်မခံရေးကိစ္စများ၊ ရှေ့ ဆက် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုကို မည်သို့ သွားမည်နည်း ကိစ္စများစသည့် အရေးကိစ္စများကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်းသိရသည်။ ''အဖွဲ့ဝင်အသစ်တွေ တိုးလာနိုင်တယ်လို့ ကြားနေရတယ်။ ကျွန် တော့် အတွေ့အကြုံအရ UNFC မှာ အဖွဲ့ဝင် အသစ်တွေတိုးလာရင် လက်ရှိ အဆင်ပြေနေတဲ့ အရာတွေပါ ခက်ခဲသွားနိုင်တယ်။ နောက် ငြိမ်း မ်းရေး စေ့စပ်ညှိနှိုင်းမှုတွေလဲ ခက်ခဲသွားနိုင်တယ်။ ဒါကို သေချာစဉ်းစားဖို့လိုပါတယ်'' ဟု UNFC မှ အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်းခံခဲ့ရ သော ပအိုဝ့် အမျိုးသားလွတ်မြောက် ရေးအဖွဲ့(PNLO)၏ နာယကဖြစ် သူ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။


UNFC ကို ၂ဝ၁၁ ခုနှစ်က ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များအဖြစ် KIA, SSPP, NMSP, KNPP, LDU, ANC, WNO, KNU, TNLA, MNDAA, CNF, PNLO တို့ ပါဝင်ကြရာ ၂ဝ၁၅ တွင် KNU  အဖွဲ့တွင်း တာဝန်ခွဲဝေမှုနှင့် ပတ်သက်ပြီး မကျေနပ်ဖြစ်ကာ အဖွဲ့ဝင်အဖြစ် နုတ်ထွက်ခဲ့သည်။ ယင်းနောက် CNF နှင့် PNLO တို့မှာ ၂ဝ၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်က NCA လက်မှတ်ထိုးခဲ့ခြင်းကြောင့် UNFC မှ အဖွဲ့ဝင်အဖြစ် ယာယီရပ်ဆိုင်း ကြောင်း ကြေညာခံခဲ့ရပြီး ၂ဝ၁၇ ခုနှစ် ဧပြီ ၂၉ ရက်တွင် KIA သည်လည်း အဖွဲ့ဝင်အဖြစ်က နုတ်ထွက် ကြောင်း စာတင်ခဲ့သလို မေလဆန်း၌ WNO မှ ထပ်မံနုတ်ထွက်ကြောင်း စာတင်ခဲ့ပြန်သည်။


''သူတို့ UNFC က အဖွဲ့ဝင်အသစ်တွေ တိုးလာမယ်။ လက် ခံလိုက်မယ်ဆိုရင် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှုက ခက်ခဲသွားမယ်။ အစိုးရဘက်က သူတို့ တင်ပြထားတဲ့ အချက်ကိုးချက်ကိုပဲ ညှိမယ်။ အဖွဲ့ဝင်တွေများလာရင် စကားပြော စရာတွေအများကြီး ဖြစ်လာမယ်။ တခြားအဖွဲ့တွေကပါ တောင်းဆို လာမယ်။ ဒါဆို ဘယ်လိုလုပ်မလဲ ဒါကိုစဉ်းစားဖို့လိုပါတယ်''ဟု ငြိမ်းချမ်းရေးကော်မရှင်မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။


UNFC တွင် အဖွဲ့ဝင် အဖြစ် NMSP, SSPP, KNPP, ANC, LDU စသည့် အဖွဲ့များသာ ကျန်ရှိတော့ရာ ဇိုမီး ပြန်လည်ပေါင်း စည်းရေးအစည်းအရုံး ZRO ၊ ကူ ကီးအမျိုးသားအစည်းအရုံး KNO ၊ ကချင်အမျိုးသားအစည်းအရုံး KNO တို့က အဖွဲ့ဝင်အဖြစ် လျှောက်ထားကြောင်း သိရသည်။ အဆိုပါအဖွဲ့ဝင်အဖြစ် လျှောက်ထားသောသုံးဖွဲ့အနက် ကချင်အမျိုးသားအစည်းအရုံး KNO သည် UNFC စတင်ဖွဲ့စည်းစဉ်ကတည်းက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သော်လည်း KIA မှ ကချင် နှစ်ဖွဲ့ မဖြစ်သင့်ဟုဆိုကာ ပူးပေါင်း ခဲ့ရာ ယခုအခါ KIA သည် UNFC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်စာ တင်ထားခြင်းကြောင့် ထိုအဖွဲ့မှာ သီးသန့် ရပ်တည်လာမည်ဖြစ်ကြောင်း သိရသည်။

 

အိုက်စိုင်း

#theflowernews

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191