Main menu
HOT NEWS
adv
မြောက်ပိုင်း ခုနစ်ဖွဲ့ကို တစ်စု တစ်စည်းတည်း တွေ့ဆုံရန် အစီအစဉ် မရှိသော်လည်း NCA အတွင်းက သွားမည်ဆိုလျှင် ခွဲ၍တွေ့ဆုံရန် ရှိဟုဆို

မြောက်ပိုင်း ခုနစ်ဖွဲ့ကို တစ်စု တစ်စည်းတည်း တွေ့ဆုံရန် အစီအစဉ် မရှိသော်လည်း NCA အတွင်းက သွားမည်ဆိုလျှင် ခွဲ၍တွေ့ဆုံရန် ရှိဟုဆို

ရန်ကုန်

ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ FPNCC တွင် ပါဝင်သော မြောက်ပိုင်း ခုနစ်ဖွဲ့ကို တစ်စုတစ်စည်းတည်း တွေ့ဆုံရန် အစီအစဉ်မရှိသော်လည်း NCA အတွင်းကသွားမည်ဆိုပါလျှင် ခွဲပြီးတော့ တွေ့ဆုံရန်ရှိသည်ဟု ငြိမ်းချမ်းရေး ကော်မရှင်ထံမှသိရသည်။ UWSA, NDAA, KIA, SSPP, TNLA, MNDAA, AA တို့ ပူးပေါင်း ဖွဲ့စည်းထားသော FPNCC သည် NCA လက်မှတ် မထိုးရန် အပါအဝင် စာချုပ်အသစ် ဖော်ဆောင်ပေးရန်၊ တစ်ဖွဲ့ချင်း တွေ့ ဆုံဆွေးနွေးမှု မလုပ်ဘဲ ကော်မတီ အနေဖြင့်သာ ဆွေးနွေးရန်၊ တရုတ် ပေါ်လစီ One Belt One Road ကို သဘောတူ လက်ခံပေးရန် စသ ဖြင့် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။


''ကျွန်တော်တို့ကို မြောက်ပိုင်းခုနစ်ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ အ ခုထိ Mandate မပေးထားဘူး။ ဒါ ကြောင့် သူတို့ခုနစ်ဖွဲ့ တစ်စုတစ် စည်းလုံးကို တွေ့ဖို့တော့ အစီအစဉ်မရှိဘူး။ ဒါပေမဲ့ NCA အတွင်း ကလာမယ်။ NCA ထီးရိပ်အောက်က သွားမယ်ဆိုရင်တော့ သူတို့ကို ခွဲပြီးတွေ့သွားမယ်။ UWSA, SSPP, NDAA, KIA တို့ကို တစ်စုတစ်စည်းအနေနဲ့ တွေ့နိုင်မယ်။ ကျန်သုံးဖွဲ့ကိုလဲ တစ်စုတည်းအနေနဲ့ တွေ့ နိုင်တယ်။ အားလုံးပေါင်းနဲ့တော့ မ တွေ့နိုင်ဘူး။ တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်ကလဲ NCA  လမ်း ကြောင်းအတိုင်း သွားမယ်ပြောထား တယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကလဲ NCA ထီးရိပ်အောက် ကိုလာဖို့ ဖိတ်ခေါ်ထားတယ်။ ဒါ ကြောင့် NCA  ပြင်ပကဆိုရင်တော့ တွေ့ဆုံဖို့ မရှိပါဘူး''ဟု ငြိမ်းချမ်း ရေး ကော်မရှင်မှ အဖွဲ့ဝင်တစ်ဦး ကပြောသည်။


အဆိုပါမြောက်ပိုင်း ခုနစ်ဖွဲ့သည် ၂ဝ၁၇ ခုနှစ် မေ ၂၄ ရက် မှ ၂၉ ရက်အထိ ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယ စည်းအဝေးသို့ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာဆွန်ကော် ရှန်၏ ကြားဝင်စေ့စပ်ညှိနှိုင်းမှုကြောင့် တက်ရောက်လာနိုင်ခဲ့သည်။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် UWSA, NDAA, SSPP, KIA တို့ ပါသော အဖွဲ့ကို တွေ့ဆုံခဲ့ပြီး TNLA, MNDAA, AA  တို့ ပါသော အဖွဲ့ကိုလည်း ခွဲခြား တွေ့ဆုံခဲ့သည်။ ဤတွေ့ဆုံမှုကို လေ့လာ ကြည့်ခြင်းဖြင့် မြောက်ပိုင်း ခုနစ်ဖွဲ့ပူး ပေါင်း၍ ဖွဲ့စည်းထားသော FPNCC အား တွေ့ဆုံရန် အစီအစဉ်မရှိကြောင်း တွေ့နိုင်ပြီး ခွဲခြား တွေ့ဆုံသွားရန်သာ အစီအစဉ်ရှိကြောင်း လေ့လာနိုင်သည်ဟု ဆိုကြသည်။ ''ကျွန်တော်တို့ ငြိမ်းချမ်း ရေးကော်မရှင်နဲ့ တွေ့နိုင်ဖို့ တရုတ် ကိုယ်စားလှယ်က စေ့စပ်ညှိနှိုင်းပေး နေပါတယ်။ ဘယ်နေ့မှာ တွေ့မယ်ဆိုတာတော့ အခုထိညှိလို့မရသေး ပါဘူး။ ခွဲပြီးတော့ တွေ့မယ်ဆိုရင် ကျွန်တော်တို့ တွေ့ဖို့ အစီအစဉ် မရှိဘူး FPNCC အနေနဲ့ပဲ တွေ့သွားမယ်''ဟု TNLA မှ အထွေထွေအ တွင်းရေးမှူး ဗိုလ်မှူးချုပ်တာဘုန်း ကျော်က ပြောသည်။

 


ချစ်မင်းထွန်း

#theflowernews

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191