Main menu
HOT NEWS
adv
စာရေးဆရာဆိုသူအချို့ပါတီအချို့၏လက်ကိုင်တုတ်ဖြစ်နေဟု ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ပြော

စာရေးဆရာဆိုသူအချို့ပါတီအချို့၏လက်ကိုင်တုတ်ဖြစ်နေဟု ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ပြော

ရန်ကုန်၊ ဇူလိုင် ၁၃- စာရေးဆရာ ဆိုသူအချို့ပါတီအချို့၏လက်ကိုင် တုတ်ဖြစ်နေပြီး စာပေအရောင်ဆိုး ခံနေရသည်ဟု ပြည်ခိုင်ဖြိုးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ကပြော ကြားကာ ယင်းသို့မဖြစ်စေရေး ဥပဒေ တစ်ရပ်ထုတ်ပြန်သင့်ဟုဆိုသည်။

ဇူလိုင် ၁၃ ရက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေး တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးမောင်မြင့်က စာ ပေဟောပြောပွဲများနှင့်ပတ်သက်၍ စည်းကမ်းတကျရှိစေရေးနှင့်ပါတီ အချို့၏ လက်ကိုင်တုတ် ယန္တရားမ ဖြစ်စေရေးအတွက် ရည်ရွယ်ထားရှိ ပြီး ဥပဒေတစ်ရပ် ထုတ်ပြန်ရန်အစီစဉ်ရှိ၊ မရှိမေးမြန်းကာ ယင်းသို့ပြော ကြားခဲ့ခြင်းဖြစ်သည်။

''၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲ မတိုင်မီပါတီကြီးတစ်ခုက အရေးမသာနိုင်တဲ့နယ်မြေ ၂ဝ ကျော်မှာ စာပေဟောပြောပွဲတွေလုပ်မယ်ဆိုတဲ့စီမံချက်တွေထွက်ခဲ့ပါတယ်။ အဲဒီအတိုင်းလည်းလုပ်ခဲ့ပါတယ်။ ကျွန် တော့်မဲဆန္ဒနယ်မြေကိုလည်း စာရေး ဆရာဆိုသူအချို့လာကြပါတယ်။ ဟောကြပါတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် စာရေးဆရာဆိုသူအချို့ ဟာ ပါတီအချို့ရဲ့လုပ်ကိုင်တုတ်ဖြစ် နေပြီလားဆိုတာ ရှင်းလင်းစွာသိ မြင်နိုင်ပါတယ်''ဟု ဦးမောင်မြင့်က ပြောသည်။

စာပေဟောပြောပွဲဆိုသဖြင့် နားထောင်ရာ အစိုးရမကောင်း ကြောင်းပြောခြင်းကိုသာနားထောင် ရပြီး စာပေအနှစ်သာရမှမရှိဟုဆို သောပြည်သူများ၏အသံကိုလည်း ကျယ်ကျယ်လောင်လောင်ကြားသိ ခဲ့ရသည်ဟု ဦးမောင်မြင့်ကဆိုသည်။

ယင်းကဆက်လက်ပြီး''အချို့ ဟောပြောပွဲတွေမှာဆိုရင် စပွန်ဆာ မရှိတော့ တစ်အိမ်ထောင်ကို ဆန်တစ်ပြည်၊ ငွေကျပ် ၁ဝဝဝ စုပေးရ တာတွေလည်းစိတ်မကောင်းစွာကြား သိရပါတယ်။ တစ်ကယ်တော့ စာပေ ဟာစာပေအတွက်၊ စာပေဟာ ပြည် သူအတွက်ပဲဖြစ်သင့်ပါတယ်။အခု တော့ အရောင်ဆိုးခံနေခဲ့ရပြီလို့ ကျွန်တော်ရင်နာစွာနဲ့နားလည်ခဲ့ရပါ တယ်။ ကျွန်တော်လွှတ်တော်ကိုယ် စားလှယ်တစ်ဦးအနေနဲ့ဒီမေးခွန်း ကိုလွှတ်တော်မှာတင်ပြရတာ ဂုဏ်သရေရှိတဲ့ စာရေးဆရာကြီး၊ဆရာမ ကြီးအချို့ကို အလွန်အားနာပါတယ်။ တောင်းလဲတောင်းပန်ပါတယ်''ဟု ပြောသည်။

ယင်းအပေါ်ပြန်ကြားရေးဝန် ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက် တာဖေမြင့်က စာပေဟောပြောပွဲ များသည် မြန်မာစာပေဖွံ့ဖြိုးတိုး တက်ရေး၊ ပြည်သူများဗဟုသုတရရှိ စေရေးအတွက် အထောက်အကူပြု ကဏ္ဍတစ်ရပ်ဖြစ်ကြောင်း၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ အရ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး(သို့မဟုတ်)ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုး ငှာပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျှင် မိမိတို့၏ယုံကြည် ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်၊ တိုင်းရင်းသား လူမျိုးတစ်မျိုးနှင့်တစ်မျိုး(သို့မဟုတ်)တိုင်းရင်းသား လူမျိုးအချင်းချင်းကို လည်းကောင်း၊ အခြားဘာသာ၊ သာသနာကိုလည်းကောင်း ထိခိုက် နစ်နာမှုမရှိစေဘဲ မိမိချစ်ခင်မြတ်     နိုးသည့်စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ကိုးကွယ်သည့် ဘာသာ၊ သာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာဆောင်ရွက်ပိုင်ခွင့်ရှိသည်ဟုဆိုသည်။

''ဒီသဘောအရ စာပေဟော ပြောပွဲများမှာ ဟောပြောသူတို့အ နေနဲ့ ¤င်းတို့အသီးသီးရဲ့ယုံကြည် ချက်၊ ထင်မြင်ယူဆချက်များကို လွတ် လပ်စွာဟောပြောနေတာတွေ့ရှိရမှာ ဖြစ်ပါတယ်။ သို့သော် လွတ်လပ်မှု ကိုကျင့်သုံးရာမှာလွန်ကျွံမှုမရှိစေရန် အတွက်တော့ ဥပဒေစည်းမျဉ်း စည်းကမ်းများထားရှိထားပါတယ်''ဟု ပြည်ထောင်စုဝန်ကြီးကပြော သည်။         

YM,MP, DemocracyToday

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191