Main menu
HOT NEWS
adv
လူငယ်များ အနေဖြင့် အချိန်ကျလာလျှင် တာဝန်လွှဲပြောင်းယူရန် အတွက်  အဆင်သင့်ပြင်ထားရန်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင်  လူငယ်များ ပါဝင်ကြရန် လူကယ်ပြန် ပြည်ထောင်စု ဝန်ကြီး တိုက်တွန်း

လူငယ်များ အနေဖြင့် အချိန်ကျလာလျှင် တာဝန်လွှဲပြောင်းယူရန် အတွက် အဆင်သင့်ပြင်ထားရန်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူငယ်များ ပါဝင်ကြရန် လူကယ်ပြန် ပြည်ထောင်စု ဝန်ကြီး တိုက်တွန်း

ရန်ကုန်၊ သြဂုတ် ၁၂

လူငယ်များအနေ ဖြင့်အချိန်ကျလာလျှင် တာဝန်လွှဲပြောင်းယူရန်အတွက် အဆင်သင့်ပြင်ထားရန်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လူငယ်များပါဝင် ကြရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ် အေးက တိုက်တွန်းလိုက်သည်။ သြဂုတ် ၁၂ ရက်က ရန်ကုန်ပညာ ရေးတက္ကသိုလ်တွင်ပြုလုပ်သည့် အပြည် ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အဖြစ် လူငယ်ငြိမ်းချမ်းရေးပွဲတော်နှင့် အဖွဲ့အစည်းပြပွဲ (၂ဝ၁၇)အခမ်းအနားသို့ ဒေါက်တာဝင်းမြတ်အေးမှ ပေးပို့သော သဝဏ်လွှာတွင် ယင်းသို့ တိုက်တွန်းပြော ကြားထားခြင်းဖြစ်သည်။


သဝဏ်လွှာတွင် လူငယ်ဆိုသည်မှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးမဖြတ်နိုင်သောလူ့စွမ်းအား အရင်းအ မြစ်များဖြစ်ပြီး အနာဂတ်၏ နိုင်ငံ့ခေါင်း ဆောင်များအဖြစ် တိုင်းပြည်ကို အမွေ ဆက်ခံရမည်ဖြစ်ကြောင်း၊ အစိုးရသစ်အ နေဖြင့်လည်း အနာဂတ်ခေါင်းဆောင် လူငယ်များဖွံ့ဖြိုးတိုးတက်ရေးများကို ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း စသဖြင့် ထည့်သွင်းဖော်ပြထားသည်။ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ ဌာ နေကိုယ်စားလှယ် Janet E.Jackson ကလည်း ''ပဋိပက္ခနဲ့ စစ်မက်တွေဖြစ်တဲ့ နေရာမှာ လူငယ်တွေက အဓိကခံစားနေ ရပြီး ဒါတွေကိုဖြေရှင်းနိုင်ဖို့ဆိုရင် ပါဝင် ခွင့်မရကြတာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ဖို့ လူငယ် တွေကို အခွင့်အရေးအများကြီးပေးဖို့လိုပါတယ်''ဟု ပြောသည်။


ငြိမ်းချမ်းရေးနှင့်ပတ်သက်လျှင် လူငယ်များပါဝင်မှုအားနည်းနေပြီး ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တိုင်းတွင် လေ့လာသူများ အနေဖြင့်သာမက ဝင်ရောက်ဆွေးနွေး တင်ပြပြီး ပါဝင်ဆောင်ရွက်နိုင်သူများအ နေဖြင့်လည်း လူငယ်များ ပါဝင်လုပ်ဆောင် လိုကြောင်းလည်း အခမ်းအနားသို့တက် ရောက်လာသော ရန်ကုန်လူငယ်ကွန်ရက် ဥက္ကဋ္ဌ၊ အမျိုးသားလူငယ်ကွန်ဂရက် အ တွင်းရေးမှူးအဖွဲ့ဝင် မသဉ္ဇာရွှန်းလဲ့ရည်က ဆိုသည်။ ''ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် လူငယ် တွေပါဝင်တာ တော်တော်လေးကိုအား နည်းပါတယ်။ အားနည်းတယ်ဆိုတာ တရားဝင်ပါဝင်ခွင့်လက်တွေ့ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်နိုင်ခွင့်က အားနည်းနေဆဲ ပါ။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဆင့်တိုင်း အဆင့်တိုင်းမှာ ငယ်ရွယ်တဲ့တပ်မတော် သားတွေ၊ ငယ်ရွယ်တဲ့ တိုင်းရင်းသားလက် နက်ကိုင်တွေ၊ ငယ်ရွယ်တဲ့အစိုးရအာဏာ ပိုင်တွေဒါမျိုးတွေ ပိုဦးစားပေးပြီးပါ ဝင်ခွင့် ပေးသင့်ပါတယ်။ ငြိမ်းချမ်းရေးညီလာခံ မှာဆိုလည်း အဖွဲ့အစည်းတွေက လူငယ် တွေ ၁၅ ဦးခေါ်တယ်။ ဒါပေမဲ့ လေ့လာ သူအနေနဲ့ပဲ ဝင်ရောက်ဆွေးနွေးတင်ပြ ခွင့်မရှိဘူး။ ထိုင်နားထောင်ပြီးပြန်ရတာ ပေါ့နော်။ နေရာတိုင်းမှာ ကျွန်မတို့လူငယ် တွေ မဆွေးနွေးနိုင်တာမဟုတ်ဘူး။ အချို့ နေရာတွေမှာဆွေးနွေးနိုင်တယ်။ လုပ် ဆောင်နိုင်ပါတယ်''ဟု ၎င်းကဆက်လက် ပြောသည်။


အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အဖြစ် လူငယ်ငြိမ်းချမ်း ရေးပွဲတော်နှင့် အဖွဲ့အစည်းပြပွဲ (၂ဝ၁၇)အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်ဒေါက်တာအေးအေး မြင့်၊ UNFPA မှ ဌာနေကိုယ်စားလှယ်၊ လူငယ်အဖွဲ့အစည်း ၃ဝ ကျော်နှင့် လူငယ်အနုပညာရှင်များ၊ အတတ်ပညာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


TTHL

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191