Main menu
HOT NEWS
adv
မြန်မာရွှေ့ပြောင်း လုပ်သားများ ထိုင်းနှင့် တန်းတူအခွင့် အရေးရအောင် တဖြည်းဖြည်း တိုးမြှင့်ပေးသွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆို

မြန်မာရွှေ့ပြောင်း လုပ်သားများ ထိုင်းနှင့် တန်းတူအခွင့် အရေးရအောင် တဖြည်းဖြည်း တိုးမြှင့်ပေးသွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆို

ရန်ကုန်၊ မေ ၉

မြန်မာရွှေ့ ပြောင်းလုပ်သားများကို ထိုင်းလုပ်သားနည်းတူတန်းတူအခွင့်အရေးရရှိ အောင် တဖြည်းဖြည်းတိုးမြှင့်ဆောင်ရွက်သွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးကပြောသည်။ ထိုင်း-မြန်မာနှစ်နိုင်ငံ ချစ်ကြည် ရေး ခရီးစဉ်အဖြစ် ထိုင်းဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်အဖြစ် ရောက်ရှိနေသည့် ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်ဝီနိုင်းနှင့် မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစု ကြည်တို့ မေ ၉ ရက် မွန်းလွဲ ၂ နာရီ ခွဲက နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနတွင် တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ထိုသို့ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ယခုထိုင်းနိုင်ငံခြားရေးဝန် ကြီး၏ခရီးစဉ်သည်နှစ်နိုင်ငံအကျိုးရှိစေမည့်ခရီးစဉ်ဖြစ်ကြောင်း၊  ထိုင်း ရောက်မြန်မာရွှေ့ပြောင်းလုပ်သားများအနက် မှတ်ပုံတင်ထားရှိသည့် မြန်မာလုပ်သား ၁ ဒသမ ၅၉ သန်း ခန့်ရှိကြောင်း၊ ယခုတွင် အဆိုပါလုပ်သားများ၏သားသမီးများ ပညာသင်ခွင့်ရရှိလျက်ရှိပြီး၊ ထိုင်းလုပ်သားများနည်းတူကျန်းမာရေးဆေး ကုသခွင့်ရရှိထားပြီးဖြစ်ကြောင်း၊ ထိုင်းလုပ်သားများနည်းတူအခွင့်အရေးများတန်းတူရရှိရေး အ တွက် တဖြည်းဖြည်းတိုးမြှင့်ဆောင်ရွက်သွားမည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ကြောင်းသိရသည်။ မြန်မာရွှေ့ပြောင်းလုပ်သားများ နှင့်ပတ်သက်သည့်အစီအစဉ်ကို ထိုင်းတစ်နိုင်ငံတည်းမဟုတ်ဘဲ မြန်မာ ဘက်မှလည်း တာဝန်ယူဆောင်ရွက် ရမည့်အစီအစဉ်များရှိကြောင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး၊ ဒေါ်အောင်ဆန်း စုကြည်က ပြောကြားခဲ့သည်။

 

mtt susu


ယခုတွေ့ဆုံမှုတွင် နှစ်နိုင်ငံအကြားဆက်ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ နှစ်နိုင်ငံကဏ္ဍစုံတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေး၊ အထူးသ ဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးတိုးတက် ရေး၊ ထားဝယ် အထူးစီးပွားရေးဇုန်တွင် မြန်မာ၊ ထိုင်း၊ ဂျပန် သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး၊ တာဝန်သိ တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု၊လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး ရေးနယ်ပယ်များတွင် ပူးပေါင်းဆောင်  ရွက်မှုများတိုးမြှင့်ဆောင်ရွက်ရေး စသည့်ကိစ္စရပ်များကိုလည်း ဆွေး နွေးခဲ့ကြောင်းသိရသည်။ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများနှင့်ပတ်သက်၍ ထိုင်း နိုင်ငံအခြေစိုက် တွဲလက်ညီလူမှုကူ ညီရေးအသင်းမှ ကိုစောမြတ်ချိုက ''ထိုင်းအလုပ်သမားဥပဒေအရ ထိုင်းမှာရှိတဲ့မြန်မာလုပ်သားတွေကို တန်းတူအခွင့်အရေးပေးထားပြီးသားပါ။ ပြောတဲ့အတိုင်းလက်တွေ့ အကောင်အထည်မဖော်နိုင်လို့အခုလို ပြဿ နာတွေဖြစ်နေတာပါ။ မြင်လွယ်တာကိုပြောရရင် ထိုင်းအခြေခံလစာ ကို ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုအားလုံးကို ဘတ် ၃ဝဝပေး ဖို့သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အချို့စက်ရုံတွေက အခုအချိန်ထိ ဘတ် ၃ဝဝ မပေးတာအများကြီး ပါ''ဟု ပြောသည်။


မြန်မာလုပ်သားများအပေါ် ထိုင်းရဲများကအထောက်အထားရှိ သော်လည်းဖမ်းဆီးငွေညှစ်ခြင်းများကို ထိုင်းအစိုးရအနေဖြင့် ထိ ရောက်စွာကိုင်တွယ်ဖြေရှင်းစေလို ကြောင်း၊ ထိုင်းနိုင်ငံမဟာချိုင်မြို့ရှိ လေးထပ်ရဲတပ် ဖွဲ့ရုံးအောက်ဘက် အခန်းတွင် နေ့စဉ်နှင့်အမျှ မြန်မာ လုပ်သားများကိုထိုင်းရဲများက ဖမ်းဆီးငွေညှစ်မှုများရှိနေပြီး တရားဝင်ခွင့်ပြု ထားသလိုဖြစ်နေကြောင်း၊ ယင်း ကြောင့်လူကြားကောင်းအောင်ပြော ဆိုနေခြင်းထက် လက်ရှိ ရှိပြီးသား ဥပဒေများအတိုင်း တိကျစွာဆောင် ရွက်သင့်ကြောင်း ကိုစောမြတ်ချိုက ထောက်ပြပြောဆိုသည်။


ထိုင်းနိုင်ငံဘန်ကောက်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ လုပ်သားကိုဌေးအောင်က''ထိုင်းအလုပ်သမားနဲ့မြန်မာအလုပ်သမား  ကွာတာမှအပုံကြီးကွာတယ်။ ထိုင်း လူမျိုးမလုပ်ချင်တဲ့လုပ်ငန်းအတွက် ပဲခေါ်တာပါ၊ မိန်းကလေးဆို အိမ် ဖော်ပါ၊ ယောက်ျားလေးဆို အလုပ်ကြမ်းပါ။ လုပ်ငန်းခွင်ထဲမှာလည်း ခွဲ ခြားဆက်ဆံမှုရှိနေပါတယ်။ မြန်မာ လှေလုပ်သားတွေဆိုပိုဆိုးပါတယ်။ သူတို့ဆိုလူမျိုးရေးခွဲခြားခံရတာတွေ ရှိပါတယ်။ နိုင် ငံခြားသား လုပ်သားမှန်သမျှ အလုပ်ကြမ်းဘဲလုပ်ရမယ် ဆိုတဲ့အမျိုးသားလုံခြုံရေးစည်းနဲ့ကာ ထားပါတယ်''ဟု ပြောသည်။

MP

#Democracy Today

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191