Main menu
HOT NEWS
adv
ရခိုင်အရေးသည် ကမ္ဘာ့မျက်နှာစာပေါ်ကို ဆွဲတင်လာရမည့် ကိစ္စမဟုတ်ဟု  နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်ပြော

ရခိုင်အရေးသည် ကမ္ဘာ့မျက်နှာစာပေါ်ကို ဆွဲတင်လာရမည့် ကိစ္စမဟုတ်ဟု နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်ပြော

ရန်ကုန်၊ စက်တင်ဘာ ၂၁

ရခိုင် ပြည်နယ်အရေးကိစ္စသည် ကမ္ဘာ့မျက်နှာစာကိုဆွဲတင်လာရမည့်ကိစ္စမဟုတ်ကြောင်း ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံ ခြားရေးဝန်ကြီးဌာနဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်က ပြောသည်။ စက်တင်ဘာ ၂၁ ရက်က နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင်အမျိုးသားလုံခြုံရေးကိုခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေး ဆွေးနွေးပွဲကျင်းပခဲ့ကာ အဆိုပါ ဆွေးနွေးပွဲအပြီး သတင်းမီဒီယာများ၏မေးမြန်းမှုကို ၎င်းကယင်း သို့ပြောကြားခဲ့ခြင်းဖြစ်သည်။


''လုံခြုံရေးကောင်စီဆိုတဲ့နေ ရာသည် ကျွန်တော်တို့စောစောက ရှင်းပြတဲ့အထဲမှာလည်းပါတယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးကို အန္တရာယ်ပြုတဲ့ထိခိုက်နိုင်တဲ့ကိစ္စ တွေကိုဆွေးနွေးတဲ့နေရာဖြစ်တယ်။ မြန်မာပြည်မှာဖြစ်နေတဲ့ ကိစ္စက အဲဒီအခြေအနေရောက်နေပြီလား။ ဘာဖြစ်နေလဲ။ ကျွန်တော်တို့ သတင်း တွေထဲမှာတွေ့တယ်။ စက်တင်ဘာ ၅ ရက်ကစပြီးတော့ နယ်မြေရှင်း လင်းမှုတွေမရှိဘူး။ ရှိတာတစ်ခုပဲ ရှိတယ်။ ဘာလဲ။ တစ်ဖက်နိုင်ငံ ကိုအလုံးအရင်းနဲ့ထွက်ပြေးတယ်။ အရေအတွက်ကိစ္စကို သူတို့ပြော နေတယ်။ ဒီကိစ္စကိုပဲနှစ်နိုင်ငံဖြေ ရှင်းဖို့ပဲရှိတယ်။ ဒီကိစ္စကြီးသည် ကမ္ဘာ့မျက်နှာစာကိုဆွဲတင်လာရ မယ့်ကိစ္စမဟုတ်ဘူးလို့ ကျွန်တော် တော့မြင်တယ်''ဟု ဦးဝဏ္ဏမောင်လွင်က ပြောသည်။ မြန်မာနိုင်ငံ၏နိုင်ငံခြားရေး မူဝါဒကိုဖွဲ့စည်းပုံအခြေခံဥပဒေ တွင် အတိအလင်းပြဋ္ဌာန်းပြီးသား ဖြစ်ပြီး ယင်းမူဝါဒကိုအစိုးရက လိုက်နာကျင့်သုံးအကောင်ထည် ဖော်ရမည်ဟု ၎င်းကဆိုသည်။


''နောက်တစ်ချက်က အခု ဖြစ်ပေါ်နေတဲ့ဖြစ်ရပ်တွေနဲ့ပတ်သက်ပြီးတော့ ပြောသင့်ပြောထိုက် တဲ့ကိစ္စတွေ၊ ချေပသင့်တဲ့ကိစ္စတွေ၊ တားဆီးနိုင်တဲ့ကိစ္စတွေကိုတားဆီးဖို့သင့်တယ်။ တားဆီးဖို့လည်းကြိုး ပမ်းအားထုတ်ရမယ်။ ကျွန်တော်တို့ ငါးနှစ်တာဝန်ယူခဲ့တဲ့အချိန်တုန်း ကလည်းပဲ ကျွန်တော်တို့နိုင်ငံကိုအန္တ ရာယ်ဖြစ်စေမယ့် ကျွန်တော်တို့ နိုင်ငံအချုပ်အခြာပိုင်ဆိုင်မှုကိုထိခိုက်စေမယ့်ပြောဆိုမှုတွေ၊ ဝေဖန် ဆွေးနွေးမှုတွေကို ပြတ်ပြတ်သား သားရပ်တည်ပြီးတော့ ချေပခဲ့တယ်။ ကန့်ကွက်စရာရှိရင် ကန့်ကွက်တယ်။ ပယ်ချသင့်ရင်ပယ်ချတယ်။ ဖြစ်ရပ် မှန်တွေကိုရှင်းပြသင့်ရင်ရှင်းပြတယ်။ ဒါဘယ်နေရာမှာပဲဖြစ်ဖြစ်။ နှစ်နိုင်ငံ ချင်းပဲဖြစ်ဖြစ်၊ နိုင်ငံအများစုနဲ့ပဲ ဖြစ်ဖြစ်၊ ကုလသမဂ္ဂမျက်နှာစာမှာ ပဲဖြစ်ဖြစ်။ ဒါကျွန်တော်တို့လုပ်ခဲ့တာ''ဟု ဦးဝဏ္ဏမောင်လွင်ကဆိုသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြားခဲ့သည့်နိုင်ငံတော် အခြေပြမိန့်ခွန်းကိုမူဝေဖန်ခြင်းမ ပြုလိုကြောင်း ၎င်းကပြောသည်။


''ဒါကိုတော့ ကျွန်တော်ဝေ ဖန်ခြင်းမပြုလိုပါဘူး။ ဒါကသူရဲ့ တာဝန်ရှိတဲ့ သူတစ်ယောက်အနေ နဲ့သူရဲ့ယူဆချက်၊ သူ့ရဲ့ယုံကြည်ချက်၊ သူဆက်လက်လုပ်ဆောင်နေ မယ့်အချက်အလက်တွေကို သူရှင်းပြသွားတာပဲဖြစ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်ဝေဖန်စ ရာမရှိဘူး''ဟု ဦးဝဏ္ဏမောင်လွင် ကပြောသည်။ နေပြည်တော်ရှိ ပြည်ခိုင်ဖြိုး ပါတီရုံးတွင်ပြုလုပ်ခဲ့သော ရခိုင် ပြည်နယ်အရေးဆွေးနွေးပွဲတွင်ပါ တီဗဟိုအလုပ်အမှုဆောင်များဖြစ်သည်ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝေလွင်နှင့်နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်တို့ တက်ရောက် ခဲ့ကြောင်းသိရသည်။ 

 

MP

#thedemocracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191