Main menu
HOT NEWS
adv
ရခိုင်အရေးတွင် အကြမ်းဖက် သမား လေးထောင်ခန့် ပါဝင်တိုက်ခိုက်ခဲ့ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် စစ်တွေတွင် ပြောကြား

ရခိုင်အရေးတွင် အကြမ်းဖက် သမား လေးထောင်ခန့် ပါဝင်တိုက်ခိုက်ခဲ့ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် စစ်တွေတွင် ပြောကြား

စစ်တွေ၊ စက်တင်ဘာ ၂၁

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်ဒေသများတွင်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် အကြမ်းဖက်သမားလေးထောင်ခန့်ပါဝင်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က စစ်တွေမြို့တွင် ပြောကြားခဲ့သည်။ စက်တင်ဘာ ၂၁ ရက်၊ နေ့လယ်ပိုင်းက စစ်တွေမြို့၊ ဦးဥတ္တမ ခန်းမ၌ပြုလုပ်သော တွေ့ဆုံပွဲတွင် ယခုကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။


''အကြမ်းဖက်လုပ်ရပ်မှာ ပါဝင်တဲ့သူပေါင်း လေးထောင်နီးပါးလောက် ရှိတယ်ဆိုတာကို ကျွန်တော်တို့ဖော်ထုတ်လို့ရပါတယ်။ ပါတဲ့သူတွေလည်း ဘယ်သူဘယ်ဝါ ဆိုတာကို ပုံတွေနဲ့အကုန်လုံးကျွန် တော်တို့ရပါတယ်။ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ် နေပြီဆိုတာလည်း အသိပေးလိုပါ တယ်''ဟု ဗိုလ်ချုပ်မှူးကြီးမင်း အောင်လှိုင်က ပြောသည်။ ယင်းအပြင် အကြမ်းဖက် တိုက်ခိုက်မှုစတင်ဖြစ်ပွားခဲ့သည့် သြဂုတ် လ ၂၅ ရက်နေ့မှ စတင်ကာ စက်တင်ဘာ ၂၁ ရက်နေ့အထိ အကြမ်းဖက်ဆောင်ရွက်သူ ၆၉ ဦး မိထားပြီဟုလည်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဆက်ပြောသည်။ စက်တင်ဘာ ၂၁ ရက်အထိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့ တောင်ဒေသများတွင် အကြမ်းဖက် သမားများ၏တိုက်ခိုက်မှု ၉၃ ကြိမ် ဖြစ်ပွားခဲ့ပြီး တပ်မတော်မှ နှစ်ဦး ကျဆုံးကာ ငါးဦးဒဏ်ရာရခဲ့သည် ဟုဆိုသည်။ အလားတူ ထိုဖြစ်စဉ် များကြောင့် ရဲတပ်ဖွဲ့ဝင် ၁၁ ဦး ကျဆုံးပြီး ၁ဝဦး ဒဏ်ရာရရှိခဲ့သလို လဝကနှင့် အခြားဝန်ထမ်းနှစ်ဦး သေဆုံးခဲ့ပြီး တိုင်းရင်းသား ၁၄ ဦး သေဆုံးကာ တချို့မှာပျောက်ဆုံး နေကြောင်းလည်းဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။


''တိုင်းရင်းသားကျေးရွာ ခုနစ်ရွာ၊ အိမ်ခြေ ၂ဝ၄ လုံးမီးလောင် သွားပါတယ်။ မိုင်းထောင်ဖောက်ခွဲမှု ၈ နေရာဖြစ်ခဲ့ပါတယ်။ နေရပ် စွန့်ခွာသွားသူ ရှစ်ထောင်ကျော်ရှိပါတယ်။ တချို့ ပြန်လာတဲ့သူတွေ လည်းရှိနေတယ်။''ဟု ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်ကဆိုသည်။ အကြမ်းဖက်မှုကြောင့် နေရပ်စွန့်လာသူများအနေဖြင့် ဒေသတည် ငြိမ်အေးချမ်းပါက မိမိနေရပ်သို့ ပြန်လည်နေထိုင်ကြရန်လိုပြီး ဒေသခံများမရှိဘဲ တပ်မတော်မှမည်သည့် အရာကိုမျှ လုပ်ဆောင်၍ရနိုင် မဟုတ်ကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားသည်။ ''သင့်တင့်လျောက်ပတ်တဲ့ အချိန်တစ်ခုကိုရပြီဆိုရင်၊ တည်ငြိမ် အေးချမ်းမှုရှိပြီဆိုရင် ကိုယ့်နေရာ ဒေသကိုပြန်ပြီးတော့ ကိုယ့်နေရာ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို ဝိုင်းဝန်းလုပ်ဆောင်ပေးကြဖို့ ကျွန် တော်ပြောလိုပါတယ်။ မေတ္တာရပ်ခံလိုပါတယ်။ တိုက်တွန်းလိုပါတယ်''ဟု သူကဆိုသည်။ ရခိုင်ပြည်နယ် မောင်တောဒေသတွင် ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုများသည် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ကို လိုက်နာဆောင်ရွက်မှုမရှိသည့် အပြင် ဥပဒေနှင့်အညီလုပ်နေသည့် ကိစ္စရပ်များကို လိုက်နာဆောင်ရွက် မှုမရှိ၍ ဖြစ်ပွားရခြင်းဖြစ်ကြောင်း လည်းသုံးသပ်သွားသည်။ 

 

GC

#thedemocracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191