Main menu
HOT NEWS
adv
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်မည့် NRPC ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဖော်ဆောင်မည့် NRPC ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မည်

ချစ်မင်းထွန်း ၊ ရန်ကုန်၊

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်မည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင်သွားမည်ဖြစ်ကြောင်း NRPC ဖွဲ့စည်းခြင်း နိုင်ငံတော်သမ္မတရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂ဝ၁၆ ခုနှစ် ဇူလိုင် ၁၁ ရက်နေ့စွဲဖြင့် နိုင်ငံတော်သမ္မတရုံးမှ အမိန့်အမှတ် ၅ဝ/၂ဝ၁၆ဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနဖွဲ့စည်းခြင်းကို ထုတ်ပြန်ကြေညာခဲ့သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ထိရောက်အောင်မြင် စွာအကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သော မူဝါဒများချမှတ်ပေးခြင်းနှင့် ဦးဆောင် လမ်းညွန်မှုပေးခြင်းတို့ကိုဆောင်ရွက်နိုင်ရန် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန (NRPC)ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

''NRPC ကို ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင်သွားမှာပါ။ အခုဖွဲ့စည်းလိုက်တဲ့ NRPC ကတော့ အမြင့်ဆုံးအဖွဲ့အစည်းအနေနဲ့ ဖွဲ့စည်းထားတာကိုတွေ့ရတယ်။ ငြိမ်းချမ်းရေးကော်မ ရှင်ကတော့ ခြောက်ဦးပါတယ်။ အကြံပေးသုံး ဦးပါတယ်။ သူတို့ရဲ့ တာဝန်ကတော့ NRPC ကို အထောက်အကူပြုပြီးတော့ လုပ်ငန်းတွေ ဆောင်ရွက်ဖို့ ဖွဲ့တာပါ''ဟု NRPC အကြံပေး အဖွဲ့တွင်ပါဝင်သည့် ဦးလှမောင်ရွှေက ဆိုသည်။

နိုင်ငံတော်သမ္မတဦးထင်ကျော်လက်မှတ် ရေးထိုး၍ဖွဲ့စည်းပေးလိုက်သော NRPC တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ဥက္ကဋ္ဌအဖြစ်တာဝန်ယူမည်ဖြစ်ပြီး ဒုဥက္ကဋ္ဌ(၁) အဖြစ် နိုင်ငံတော် အတိုင်ပင်ခံ ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ ဒုဥက္ကဋ္ဌ(၂)အဖြစ် ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ အတွင်းရေးမှူးအဖြစ် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ အဖွဲ့ဝင်များအဖြစ် နယ်စပ်ရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက် လွင်၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၂) စစ်ဆင်ရေးအထူးအဖွဲ့ မှူး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့အပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်း ထားကြောင်း NRPC ဖွဲ့စည်းခြင်းထုတ်ပြန်ချက်တွင် တွေ့ရသည်။

#YangonTimesJournal

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Related items

Latest from မိုးဆက်ကို

Login to post comments
back to top
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616