Main menu
HOT NEWS
adv
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးလေးစားလိုက်နာရန် ဒေသခံပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တောင်းဆို

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေးလေးစားလိုက်နာရန် ဒေသခံပြည်သူများ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တောင်းဆို

လားရှိုး၊ ဇူလိုင် ၁၆-

ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ ဒေသခံပြည်သူများ အေးချမ်းစွာ သွားလာအသက်ရှင် နေထိုင်နိုင်ရေး၊ လူ့အခွင့်အရေးချိုး ဖောက်ခံရမှုများ ရပ်တန့်ရေးတို့အတွက် ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒထုတ်ဖော်မှုတစ်ရပ်ကို ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက လားရှိုးမြို့တွင် အရပ်ဘက်အဖွဲ့အစည်းများနှင့် ဒေသတွင်း တိုင်းရင်းသားပြည်သူများ စုပေါင်းပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုး၊ မိုင်းရယ်၊ တန့်ယန်း၊ ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်မြို့များမှ ရှမ်း၊ ကချင်၊ ပလောင်တိုင်းရင်းသားများအပြင် လားရှိုးမြို့ဝန်းကျင်ရှိ မိုင်းယော်၊ နမ့် ကျန်၊ ခေးနင်း၊ တောင့်သလောင် အစရှိသည့် ကျေးရွာများမှ တိုင်းရင်းသား ၁၂ဝဝ ခန့်တို့သည် အချက်ခုနစ်ချက်ပါ ကြွေးကြော်သံများကို ကြွေးကြော်၍ လားရှိုးမြို့၏ လူစည်ကားရာနေရာများသို့ လှည့်လည် လမ်းလျှောက်ကာ ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။


''ကျွန်တော်တို့က တန့်ယန်းက နေ အဖွဲ့ဝင်အင်အား ၄ဝ နဲ့ လာ ရောက်ပူးပေါင်းရတဲ့ အဓိကရည်ရွယ် ချက်ကတော့ ကျွန်တော်တို့ပြည်သူ၊ ပြည်သားတွေ အကြောင်းမဲ့ သတ်ဖြတ်ခံနေရမှုတွေကို ရှုတ်ချဖို့ပါ။ ယခုလို ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်တဲ့နေရာမှာ လူမျိုးရေး၊ ဘာသာရေးကို အခြေမခံပါဘူး။ လူလူချင်း တန်ဖိုးမထားတတ်မှုကို ရှုတ်ချတာပါ။ လက်ရှိ အစိုးရတာဝန်ရှိသူတွေကိုလည်း ပြောချင်ပါတယ်။ ဘယ်ဒေသမှာပဲဖြစ်ဖြစ်၊ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် မတရားမှုခံနေရတာကို လက်ပိုက်ကြည့်မနေဘဲနဲ့ အရေးယူပေးဖို့ တောင်းဆိုချင်ပါတယ်''ဟု တန့်ယန်းမြို့မှ ရှမ်းတိုင်းရင်းသား ဦးစိုင်းပွန်းဟန်က ပြောသည်။

ထို့အတူ ယနေ့ ဆန္ဒထုတ်ဖော်ရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့် ကချင်လူငယ်အဖွဲ့မှ ကိုဇေဒေါင်ကလည်း ''လက်ရှိအစိုးရအနေနဲ့ ကျွန်တော်တို့ ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို တာဝန်ယူပေးပါ၊ ချိုးဖောက်ခံရမှုတိုင်းကိုလည်း တာဝန်ယူဖြေရှင်းပေးပါ။ ရှမ်းပြည်နယ် အမြန်ဆုံးငြိမ်းချမ်းဖို့အတွက် တောင်း ဆိုချင်ပါတယ်''ဟု ပြောကြားသွားခဲ့သည်။



YM , #DemocracyToday

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Related items

Latest from မိုးဆက်ကို

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191