Main menu
HOT NEWS
adv
ငြိမ်းချမ်းရေးဟု ပြောလိုက်တိုင်း တစ်နေရာရာက ထပြီးတော့ ပစ်ခတ်ကြတာကို ဝမ်းနည်း ကြေကွဲကြောင်း NLD နာယက ဦးတင်ဦး ပြောကြား

ငြိမ်းချမ်းရေးဟု ပြောလိုက်တိုင်း တစ်နေရာရာက ထပြီးတော့ ပစ်ခတ်ကြတာကို ဝမ်းနည်း ကြေကွဲကြောင်း NLD နာယက ဦးတင်ဦး ပြောကြား

ရန်ကုန်

အပစ်အခတ်မရပ်စဲဘဲနှင့် ငြိမ်းချမ်း ရေးမရနိုင်ကြောင်းနှင့် ငြိမ်းချမ်းရေးဟု ပြောလိုက်တိုင်း တစ်နေရာရာက ထပြီးတော့ ပစ်ခတ်ကြခြင်းကို ဝမ်းနည်းကြေကွဲကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယကဦးတင်ဦး ကပြောကြားသည်။ အဆိုပါငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် ပြောကြားချက်ကို ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ဇော ကွယ်လွန်ခြင်းလေးနှစ်ပြည့် အထိမ်းအမှတ် ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ ပေါင်းချုပ်စာအုပ် ထုတ်ဝေခြင်း အခမ်းအနားတက်ရောက်ရင်းပြောခြင်းဖြစ်သည်။

''အခုလဲဘဲ ငြိမ်းချမ်းရေးမရဘူး။ အပစ်အခတ်မရပ်စဲဘဲနဲ့တော့ ငြိမ်းချမ်းရေးက တော့တော်ရုံမရပါဘူး။ ငြိမ်းချမ်းရေးလို့ ပြောရင်တော့ အပစ်အခတ်ရပ်စဲမှရမှာပါ။ခုတော့ ငြိမ်းချမ်းရေးလို့ တစ်ခုပြောလိုက်တိုင်း တစ်နေ ရာ ကထပြီးတော့ ပစ်ကြခတ်ကြကုန်တယ်။ အခုလဲပဲ ကရင်ပြည်နယ်ဘက်မှာပြန် လည်ပေါင်းစည်းမယ်လုပ်ပြီးတော့ DKBA နဲ့ Border တပ် (နယ်ခြားစောင့်တပ်)နဲ့ ပေါင်းစပ်မယ်ဆိုပြီးတော့ ပစ်ခတ်နေကြ တာကြားလိုက်တော့ အင်မတန်မှ ဝမ်းနည်းကြေကွဲရပါတယ်''ဟုဦးတင်ဦးကပြောသည်။


''ဒေါ်အောင်ဆန်းစုကြည်တို့လို ခေါင်း ဆောင်တွေနဲ့တွေ့တဲ့အချိန်မှာ ကျွန်တော် ပြောပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲကြီးကို ဘယ်တော့မှမရပ်ပါနဲ့လို့။ အားလုံးငြိမ်းချမ်းတဲ့အတွေးအခေါ်၊ အပြောအဆို၊ အ ရေးအသား ဒါတွေကိုဖြစ်နိုင်သမျှ ပြည်သူလူထုမြင်သာအောင် ဝိုင်းလုပ်ပေးကြပါ။ ဒီတော့ တိုင်းသူပြည်သားအားလုံးတစ် ယောက်တည်း လုပ်လို့မရဘူး။ တစ်ဖွဲ့တည်း လုပ်လို့မရဘူး။ တိုင်းရင်းသားအားလုံး၊ လူမှုအဖွဲ့အစည်းတွေ အားလုံး၊ တပ်မတော်သားအပါအဝင် ဝိုင်းဝန်းလုပ်မှ ရပါမယ်''ဟု ၎င်းက ဆက်လက်ပြောပြခဲ့သည်။


တပ်မတော်ကြီးကိုအလုပ်အကျွေးပြု ပြီး ပြည်သူချစ်သည့် ပြည်သူလေးစားသည့် တပ်မတော်ကြီး၊ တိုင်းရင်းသားကိုချစ်မြတ်နိုးပြီး တိုင်းရင်းသားနှင့်ပတ်သက်သည့် စည်း ကမ်းနည်းလမ်းကျအောင် ဆောင်ရွက်ခဲ့ သော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်မှူးချုပ် ကျော်ဇောကဲ့သို့ ခေါင်းဆောင်များထပ်မံ ပေါ်ပေါက်လာစေရန် ဆုတောင်းကြောင်းကို လည်းအခမ်းအနားတွင် ထည့်သွင်းပြော ကြားခဲ့သည်။ ဗိုလ်မှူးချုပ်ဟောင်း ဦးကျော်ဇော ကိုယ် တိုင်ရေး အတ္ထုပ္ပတ္တိပေါင်းချုပ်စာအုပ် ထုတ် ဝေခြင်းအခမ်းအနားကို အောက်တိုဘာ ၉ ရက်၊ တနင်္ဂနွေနေ့က တောင်ဥက္ကလာပမြို့နယ် စိတ်တိုင်းကျလက်ဖက်ရည်ဆိုင်တွင် ကျင်းပခဲ့ရာ နိုင်ငံရေးအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ် များ၊ စာပေပညာရှင်များနှင့် ဖိတ်ကြား ထားသူများတတ်ရောက်ခဲ့ကြသည်။

သူသူထက်လွင်

#theyangontimes

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191