Main menu
HOT NEWS
adv
ပိတ်မိနေသည့် ကျောင်းဆရာ၊ ဆရာမ ၂ဝဝ ကျော်နှင့် ကျန်းမာရေး ဝန်ထမ်းများကို တပ်မတော် ရဟတ်ယာဉ်ဖြင့် ခေါ်ယူမည်ဟု  အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ပြောကြား

ပိတ်မိနေသည့် ကျောင်းဆရာ၊ ဆရာမ ၂ဝဝ ကျော်နှင့် ကျန်းမာရေး ဝန်ထမ်းများကို တပ်မတော် ရဟတ်ယာဉ်ဖြင့် ခေါ်ယူမည်ဟု အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ပြောကြား

မောင်တော၊ အောက်တိုဘာ ၁၃

မောင်တောမြို့နယ်ထဲမှ ကျေးရွာများအတွင်း ပိတ်မိနေသည့် ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများအား တပ်မတော်ရဟတ်ယာဉ်ဖြင့်ခေါ်ယူသွားမည်ဖြစ်ကြောင်း အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ် ချုပ် မောင်မောင်စိုးက ပြောကြားလိုက်သည်။ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက ရခိုင်ပြည်နယ် မောင်တောမြို့ ပေါ်ရှိ သီရိမင်္ဂလာခန်းမတွင် ပြည် ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ေ ထာင်စု ဝန်ကြီး ဒေါက်တာဖေမြင့်တို့ဦးဆောင် သောအဖွဲ့နှင့် မောင်တောမြို့ပေါ်နှင့် မြို့နယ်ကျေးရွာများမှ ဒေသခံလူထု နှင့်တွေ့ဆုံစဉ် တိုင်းမှူးက အထက်ပါအတိုင်း ကတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

''ဆရာ၊ ဆရာမတွေနဲ့ပတ်သက် ပြီးတော့လည်း ထပ်လောင်းပြီးတော့ ကျွန်တော်တို့အခု ရွှေ့ပြောင်းဖို့၊ ကယ်ထုတ်ဖို့ကိုလည်းလုပ်နေပါတယ်။ ယုတ်စွအဆုံး ရဟတ်ယာဉ်တွေနဲ့ ကောက် သယ်ဖို့အထိလုပ်နေပါတယ်။ ရာသီ တုအခြေအနေတွေနဲ့ သွားလာနိုင်မှုအနေအထားကို ကြည့်နေရတာဖြစ်ပါတယ်''ဟု တိုင်းမှူးဗိုလ်ချုပ်မောင် မောင်စိုးကဆိုသည်။ မောင်တောမြို့နယ်နှင့် အလှမ်း ဝေးသည့်ကျေးရွာများဖြစ်သော သရက် အုပ်၊ အောင်သပြေ၊ ဒိုးတန်း၊ ငါးခူရနှင့် ရွက်ညိုတောင်ကျေးရွာများ အပြင် နယ်ဝေးမှ ကျေးရွာအများအ ပြားရှိ ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများမှာ ယခုကဲ့သို့ ပိတ်မိနေကြခြင်းဖြစ်သည်။


''ရှေ့ဆက်ဘာဖြစ်လာမယ်ဆိုတာကို ဘယ်သူမှကြိုမသိနိုင်တော့ ကျွန်မတို့လည်း ကြောက်နေရတယ် ပေါ့လေ။ ဒီမှာက စုရပ်ထားပေးပေမယ့် ဆိုင်တွေလည်း ဘာမှမဖွင့်တော့ စားရေးသောက်ရေးလည်း တော်တော် ကို အခက်အခဲဖြစ်နေရပါတယ်။ ကျွန်မတို့သွားမယ့်လမ်းတစ်လျှောက်လည်း ပြဿနာတွေဖြစ်နေတော့ သွားလို့ မရဘူးဖြစ်နေတယ်။ အမြန်ဆုံးတော့ စစ်တွေကိုပြန်ချင်ပါတယ်''ဟုလည်း အောက်ပြူးမကျေးရွာတွင် တာဝန် ထမ်းဆောင်ပြီး ငါးခူရကျေးရွာစုရပ် သို့ရောက်ရှိနေသည့် မူလတန်းပြဆရာမ ဒေါ်စန္ဒာအေးက ပြောသည်။


အဆိုပါဆရာ၊ ဆရာမများအား ဒေသအာဏာပိုင်များ၏ အစီအမံ ဖြင့် လုံခြုံသည့်နေရာသို့ ပို့ဆောင် ပေးနိုင်ရန် လုံခြုံရေးယာဉ်တန်းများ ဖြင့် သွားရောက်ခေါ်ဆောင်နေသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်အင်အား နည်းပါး မှုကြောင့် တချို့ဘင်္ဂါလီကျေးရွာများအတွင်း သွားခွင့်မရဘဲ တား မြစ်မှုများရှိနေကြောင်းလည်း သိရသည်။ ''တချို့ဘင်္ဂါလီရွာတွေက သွား ခေါ်တဲ့ကားကို တားဆီးတဲ့အတွက် လှည့်ပြန်လာရတာတွေရှိပါတယ်'' ဟုေ မာင်တောမြို့နယ် ပြည်နယ်လွှတ် တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောသည်။ မောင်တောမြို့နယ်နှင့် ဝေးလံ ခေါင်ဖျားကျေးရွာများအတွင်း အခြေခံပညာကျောင်းဆရာ၊ ဆရာမဦးရေ ၂ဝဝ ကျော် တာဝန်ထမ်းေ ဆာင်လျက်ရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ပြောဆိုခဲ့သော်လည်း ကျန်းမာရေးဝန် ထမ်းဦးရေစာရင်းကိုမူ ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပါ။    

GC

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191