Main menu
HOT NEWS
adv
နှစ်လောင်းပြိုင် လူသတ်မှု ကျူးလွန်သူကို တစ်ပတ်အတွင်း ဖမ်းဆီးပေးနိုင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များအား မုံရွာ မြို့ခံများစုပေါင်း၍ ဂုဏ်ပြုချီးမြှင့်

နှစ်လောင်းပြိုင် လူသတ်မှု ကျူးလွန်သူကို တစ်ပတ်အတွင်း ဖမ်းဆီးပေးနိုင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များအား မုံရွာ မြို့ခံများစုပေါင်း၍ ဂုဏ်ပြုချီးမြှင့်

မုံရွာ၊ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့ ကန်သာဦးရပ်ကွက်၌ အိမ်ငှားနေထိုင်သော လင်မယားနှစ်ဦးအား နိုဝင်ဘာ ၂ ရက်က ဓားဖြင့်ခုတ်သတ်သွားသော နှစ် လောင်းပြိုင် လူသတ်မှုကျူးလွန်သူကို ခုနစ်ရက်အတွင်း ဖော် ထုတ် ဖမ်းဆီးနိုင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များအား မုံရွာမြို့ခံများမှစုပေါင်း၍ နိုဝင်ဘာ ၂ဝ ရက် မွန်းလွဲ ၂ နာရီက စို ပြေစားသောက်ဆိုင်၌ ပြည်သူ့မှတ်တမ်းတင်ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ ကြောင်း သိရသည်။

လူသတ်မှုဖော်ထုတ်ရာတွင် စွမ်းစွမ်းတမံအားထုတ်ခဲ့သော မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ကျော်၊၊ မုံရွာစီအိုင်ဒီတပ်ဖွဲ့ခွဲမှ ဒုရဲမှူးဝင်းလှိုင်၊ နယ်မြေရဲစခန်းမှူး ရဲအုပ် ရဲ အောင်၊ မုံရွာခရိုင်မှုခင်းနှိမ်နင်းရေး တာဝန်ခံ ရဲအုပ်လင်းထက်နိုင်နှင့် ကန်သာဦးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်လင်းတို့အား ပြည်သူ့မှတ်တမ်းတင်ဂုဏ်ပြုဆုများ လူထုရှေ့ မှောက်တွင် ချီးမြှင့်ဂုဏ်ပြုခဲ့ကြသည်။ ''မုံရွာမှာညတွေဆို လှည့်ကင်းရဲတပ်ဖွဲ့တွေ စစ်ဆေးတဲ့အခါ လူငယ်တွေမှာ ဓားတွေကိုင်ဆောင်လာ တာတွေ့ရတယ်။ ဓားပြမှုတွေ၊ လုယက်မှုတွေ ပေါလာနိုင်တယ်။ အခုလူသတ်မှုကလည်း မူးယစ်ဆေးဝါးနဲ့ ဆက်စပ်နေတယ်။ ပြည်သူ့ဘဝလုံခြုံ ရေးကို အနီးကပ်ဆုံးကာကွယ်ပေးမှာ ပြည်သူ့ရဲဖြစ်တာမို့ ပြည်သူကို ဝန်ဆောင်မှုပေးတဲ့သူတွေကို ပြည် သူကလည်းမမေ့ဘူး။ ဂုဏ်ပြုတယ်ဆိုတာ ဒီနေ့သက်သေပြတာပါ''ဟု မြို့မိမြို့ဖဦးတင့်က ပြောကြားသည်။


ဆုရရှိသော နယ်မြေရဲစခန်းမှူး ရဲအုပ်ရဲအောင်က ''ကျွန်တော့် စခန်းနယ်မြေမှာ အစိုးရအဖွဲ့တိုင်းရုံးတွေ၊ တက္ကသိုလ်တွေ အများအပြားရှိတာမို့ အရေးကြီးတဲ့နယ်မြေပါ။ အခုဆုရတာ ကျွန်တော့်ကို ပိုပြီးလုပ်ဆောင် ဖို့ တွန်းအားပေးသလိုပါပဲ''ဟု မီဒီယာများသို့ ပြောကြားသည်။ ပြည်သူ့မှတ်တမ်းတင်ဆုကို မုံရွာမြို့ခံများမှပေးလာသည်မှာ သုံးကြိမ်မြောက်ရှိပြီဖြစ်ပြီး  ၂ဝ၁၄ ခုနှစ် စက်တင်ဘာလက ချင်းတွင်းမြစ်အတွင်း မီးလော င်နေသော ရေယာဉ်ပေါ်မှ လူနှစ်ဦးကို ကယ်ဆယ်ပေးသော ရဲတပ်သားသုံးဦးနှင့် ရွှေဘိုမြို့ရှိ တိုက်တစ်လုံး၏နေအိမ်မြေအောက်ခန်းတွင် လေဖြတ်သတိမေ့နေသော လူ နှစ်ယောက်ကို ကယ်တင်ခဲ့သော မီးသတ် တပ်ကြပ်ကြီးတို့အား ဂုဏ်ပြုချီး မြှင့်ခဲ့ဖူးကြောင်းသိရသည်။

KTS

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191