HOT NEWS
Main menu
၂ဝ၂ဝ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြည်သူ့အကျိုး လုပ်ဆောင်ခဲ့ခြင်းအပေါ် မူတည်ပြီး ပြည်သူက အဆုံးအဖြတ် ပေးသွားမည်ဟု ဦးတင်ဦးဆို

၂ဝ၂ဝ ရွေးကောက်ပွဲ အောင်နိုင်ရေး အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြည်သူ့အကျိုး လုပ်ဆောင်ခဲ့ခြင်းအပေါ် မူတည်ပြီး ပြည်သူက အဆုံးအဖြတ် ပေးသွားမည်ဟု ဦးတင်ဦးဆို

ရန်ကုန်၊ နိုဝင်ဘာ ၂၅

လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲတွင်အောင်နိုင် ရေးအတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြည်သူ့အကျိုး မည်မျှလုပ်ဆောင်ပေးနိုင်သလဲဆိုသည့် အပေါ်မူတည်ပြီး ပြည်သူများက ဆုံးဖြတ်ကြလိမ့်မည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးက ပါတီဝင်များကို သတိပေးစကားပြောကြားခဲ့သည်။ နိုဝင်ဘာ ၂၄ ရက်က ဒီချုပ်ရုံးချုပ်တွင်ပြုလုပ်သည့်(၉၆)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် နိဂုံး ချုပ် စကားပြောကြားရာ၌ နာယကဦးတင်ဦးက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ဒီချုပ်နာယကဦးတင်ဦးက ပြည်သူများအပေါ် မည်မျှအထိ ထဲထဲဝင်ဝင်ဆောင်ရွက်ပေးနိုင်သလဲဖြင့် ပြည်သူများက တိုင်း တာ ပြီးဆုံးဖြတ်ကြ မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

''ကျွန်တော်တို့ကို မဲပေးတဲ့အခါမှာ နောက်ခံအနီနဲ့ ခွပ်ဒေါင်းနဲ့ ကြယ်ဖြူ၊ ရှေ့ကခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်ကိုကြည့်ပြီး မဲပေးလိုက်ပါတယ်။ အခုလာမယ့် ၂ဝ၂ဝ မှာတော့ ဒီလိုမဟုတ်တော့ဘူး။ ကျွန် တော် တို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထုထဲမှာ ဘယ် လောက်လုပ်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာမူတည်ပြီး ဆုံးဖြတ်လိမ့်မယ်။ အဲဒီအခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ကိုကြည့်ပါဆိုတာထက် ကျွန် တော်တို့ အဖွဲ့ဝင်တွေ အောက်ခြေမှာ ဘယ်လောက်အလုပ်လုပ်နိုင်သလဲ၊ ဘယ်လောက်ထဲထဲဝင်ဝင် ဖြစ်နိုင်သလဲ၊ ဘယ်လောက်သန့်ရှင်းကြသလဲ၊ ဘယ်လောက်စေတနာကောင်းနဲ့လုပ်ကြသလဲ၊ ဘယ်လောက်အနစ်နာခံသ လဲ ဒါတွေအပေါ်မှာမူတည်ပြီး တော့ အကောင်အထည်ဖော်လာတာကိုကြည့်ပြီး ဆုံးဖြတ်မှာဖြစ်ပါတယ်''ဟု ဦးတင်ဦးက ပြောသည်။


ပါတီနှင့်ပတ်သက်ပြီး လက်ရှိ ဖြစ်ပေါ်နေသည့် သတင်းများသည် ပြုပြင်ဆောင်ရွက်နိုင်သည့် ကိစ္စများ ဖြစ်သည့်အတွက် အားနည်းချက်များကို ပြန်လည် သုံးသပ်စေလိုကြောင်း၊ မိမိကိုယ်တိုင်လည်း နာယက အဖြစ် အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း၊ လာမည့် ၂ဝ၂ဝ အတွက် ယခုအချိန်မှစတင်ကာ အောင်မြင်ရမည်ဟူသည့်စိတ်ဓာတ်ဖြင့် ကြိုးစားကြရန်လိုကြောင်း  ၎င်းက တိုက်တွန်းပြောကြားခဲ့ သည်။ အဆိုပါ(၉၆)နှစ်မြောက် အမျိုး သားအောင်ပွဲနေ့အခမ်းအနားတွင် ဒီချုပ်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ကကြေညာချက်ထုတ်ပြန်ခဲ့ပြီး ဒေါက် တာမျိုးညွန့်က ဖတ်ကြားခဲ့သည်။


ယင်းကြေညာချက်တွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က''အမျိုးသားရေးလှုပ်ရှားမှု တစ်ခုရဲ့အောင်ပွဲဆိုတာ ထိုက်ထိုက်တန်တန်ပေးဆပ်ပြီးမှရတတ်ပါတယ်''ဟု နိဒါန်းချီလျက် ''စစ်မှန်တဲ့အမျိုးသားရေး စိတ်ဓာတ်ရဲ့အခြေခံကတော့ သဘောထားကြီးခြင်း ဖြစ်ပါတယ်။သဘောထားကြီးမှ ကျယ်ပြန့်တဲ့ အ မြော်အမြင်ရှိနိုင်မှာပါ။ ကျယ်ပြန့်တဲ့ အမြော်အမြင်ရှိမှသာ တိုင်းပြည်တစ် ပြည်မှာ ဖြစ်ပေါ်လာနိုင်တဲ့ပြဿ နာ တွေ ကို ဖြေရှင်းနိုင်မှာပါ။ အထူးသ ဖြင့် မြန်မာနိုင်ငံလို တိုင်းရင်းသားလူ မျိုးပေါင်းစုံတဲ့နိုင်ငံမှာ သဘောထား ကြီးတဲ့နိုင်ငံရေးအမြင်၊ အမျိုးသား ရေးအမြင် လိုပါတယ်။ ကျဉ်းမြောင်းတဲ့အမျိုးသားရေးအမြင်ကနေပြီး တကယ့်တိုင်းပြည်ကို အကျိုးပြုနိုင်မယ့် စစ်မှန်တဲ့အမျိုးသားရေးအမြင် မပေါ်လာနိုင်ပါဘူး။ ငါမှငါ၊ ငါသာလျှင်တတ်တယ်၊ သိတယ်၊ နားလည်တယ်၊ မှန်တယ်၊ ငါ့သဘောနဲ့ မတိုက်ဆိုင်တဲ့သူတွေ၊ ငါ့အကြိုက် မ နေနိုင် တဲ့သူတွေ၊ ငါလိုချင်တဲ့သဏ္ဌာန် မထွက်တဲ့သူတွေဟာ ပစ်ပယ်ရမယ့်၊ ချေမှုန်းရမယ့်သူတွေ ဖြစ်တယ်လို့ သဘောထားတဲ့ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေဟာ အမျိုးသားရေးစိတ်ဓာတ်ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေး နိုင်မှာ မဟုတ်ပါဘူး''ဟု တိုက်တွန်း ကြောင်း ထည့်သွင်းဖော်ပြထားသည်။

HWA

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS