HOT NEWS
Main menu
adv
နမ့်ဆန်မြို့တွင် TNLA  အကြမ်းဖက် သောင်းကျန်းသူများ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်၊ စာသင်ကျောင်းနှင့် အဆောက်အအုံ အချို့ ပျက်စီး

နမ့်ဆန်မြို့တွင် TNLA အကြမ်းဖက် သောင်းကျန်းသူများ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်၊ စာသင်ကျောင်းနှင့် အဆောက်အအုံ အချို့ ပျက်စီး

နေပြည်တော်၊ ဇန်နဝါရီ ၁၂

TNLA အကြမ်းဖက် သောင်းကျန်းသူများက နမ့်ဆန်မြို့အား အကြိမ်ကြိမ်လာရောက် နှောင့်ယှက် ပစ်ခတ်နေသဖြင့် မြို့လုံခြုံရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရကြောင်း တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

 

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ နမ့်ဆန်မြို့အနီးနှင့် ပတ်ဝန်းကျင်တစ်ဝိုက်အား တပ်မတော်စစ်ကြောင်းက နယ်မြေလုံခြုံရေးကို ပုံမှန်ဆောင်ရွက်လျက်ရှိစဉ် ဇန်နဝါရီ ၁ဝရက် ည ၇နာရီ ၁၅ မိနစ်ခန့်တွင် နမ့်ဆန်မြို့၏ အရှေ့ တောင်ဘက်မီတာ ၁၃ဝဝ ခန့်အကွာ သို့အရောက်၌ TNLA အကြမ်းဖက် သောင်းကျန်းသူအင်အား ၂ဝ ခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ည ၇ နာရီခွဲခန့်တွင် ရန်သူများတောင်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း၊ ဆုတ်ခွာသွားသည့် ရန်သူ့နောက်သို့ တပ်မတော်စစ်ကြောင်းက လိုက်လံရှင်းလင်းစဉ် ည ၈ နာရီခန့်တွင် နမ့်ဆန်မြို့အဝင်ရှိ မန်ခိုက်နတ်စင်ကုန်းတစ်ဝိုက်၌ TNLA  အကြမ်းဖက်သောင်း ကျန်းသူများ က ခေတ္တ ခြေကုပ်ယူ၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် ရန်သူ့ပစ်ခတ် မှုရပ်တန့်သွားခဲ့ကြောင်း သိရ သည်။


ထို့ပြင် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် TNLA အကြမ်းဖက်သောင်း ကျန်းသူများက နမ့်ဆန်မြို့ နမ္မဝေါရပ်ကွက်အနီးရှိ တာဝါတိုင်ကုန်းနေရာ နှင့် ပတ္တမြားစေတီနေရာတို့မှ နမ့်ဆန်မြို့တွင်းနှင့် တပ်မတော်လက် ဖက်ခြောက်စက်ရုံနေရာသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မိမိဘက်မှပြန်လည်ပစ်ခတ်ခဲ့ရာ ည ၇ နာရီ ၅၅ မိနစ်ခန့်တွင် ရန်သူ့နှောင့် ယှက်ပစ်ခတ်မှု ခေတ္တရပ်တန့်သွား ခဲ့ကြောင်း၊ ယင်းအပြင်ရန်သူအနေဖြင့် ည ၈ နာရီခွဲမှစတင်၍ ၁ဝ မိနစ်ခန့် လျှင်တစ်ကြိမ် နမ့်ဆန်မြို့အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မကြာခဏနှောင့်ယှက်ပစ်ခတ်လျက်ရှိသဖြင့် တပ်မတော် စစ်ကြောင်းက နမ့်ဆန်မြို့လုံခြုံရေးကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရကြောင်း သတင်းထုတ်ပြန်ချက်အရ သိရ သည်။


ဇန်နဝါရီ ၁ဝ ရက် ည ၇ နာရီ ကျော်ခန့်ကစတင်ခဲ့သော အဆိုပါ ပစ်ခတ်မှုများသည် ဇန်နဝါရီ ၁၁ ရက် နံနက် ၂ နာရီခန့်အထိ အပြန် အလှန်ပစ်ခတ်မှုများဖြင့် တိုက်ပွဲအရှိန် မြင့်တက်လျက်ရှိနေပြီး TNLA ဘက်မှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်များကြောင့် အစိုးရစာသင် ကျောင်းတစ်ကျောင်းနှင့် လက်ဖက် စက်ရုံတစ်ရုံပျက်စီးမှုများ၊ အရပ်ဘက် ပြည်သူတစ်ဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာရရှိမှုများရှိကြောင်းကို လည်း စုံစမ်းသိရှိရသည်။ နမ့်ဆန်ဒေသခံ ပြည်သူတစ်ဦးက ''မနေ့ည ၇ နာရီ ၅ မိနစ်လောက်မှာ ဆေးရုံအဝင်တံခါးမကြီးနားက နေ TNLA တွေက စစ်တပ်ကုန်းကိုစပစ်ပါတယ်။ နမ့်ဆန်ပြည်သူ့ဆေးရုံရဲ့ ရှေ့မျက်နှာ ချင်းဆိုင်မှာက  တပ်မတော်ရဲ့စခန်းရှိတယ်။ အဲဒါနဲ့ ဆေးရုံအောက်ဘက်တောင်ကြောပတ် ပတ်လည်ကနေ ပလောင်စစ်သားတွေ ကတက်လာပြီး အဲဒီစစ်တပ်ကုန်းကို စပစ်တာ၊ လက်နက်ကြီးတွေနဲ့လည်းပစ်တယ်၊ လက်နက်ကြီးကျည်ထိမှန်လို့ မြို့အဝင်နားမှာရှိတဲ့ အထက (၂)ကျောင်းလည်းပျက်စီးမှုရှိတယ်။ ပြီးတော့ Aung Brother လက်ဖက်စက်ရုံကိုလည်း လက်နက်ကြီးကျည် ကတိုက်ရိုက်ထိလို့ တော်တော်လေး ပျက်စီး သွားတယ်။ ဒဏ်ရာရတဲ့သူကိုလည်းတွေ့ရပါတယ်။ ပြီးတော့ ပြည်သူ(အမျိုးသား)တစ်ယောက်လည်း လက်ဖျံမှာကျည်ဆန်မှန်လို့ နမ့်ဆန် ပြည်သူ့ဆေးရုံမှာ ကုသမှုပေးနေပါတယ်''ဟု တယ်လီဖုန်းဖြင့်မေးမြန်းမှု အား ပြန်လည်ဖြေကြားသည်။


အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်သည် ဇန်နဝါရီ ၁၁ ရက် နံနက်အစောပိုင်း အချိန်တွင် ခေတ္တခဏ ရပ်နားသွားသော်လည်း တိုက်ပွဲအရှိန် ပိုမိုမြင့်တက်လာနိုင်ကြောင်းနှင့် တိုက်ပွဲအသွင်သည်လည်း မြို့တွင်းတိုက်ပွဲအသွင် အဖြစ်ပြောင်းလဲလာနိုင်သည့် အခြေအနေကြောင့် ပြည်သူအများက စိုးရိမ်ထိတ်လန့်လျက်ရှိကြောင်း နမ့်ဆန်မြို့တွင်းတွင် ပိတ်မိနေသည့် ဌာနဆိုင်ရာအမျိုးသမီးဝန်ထမ်း တစ်ဦးက ပြောသည်။ အဆိုပါအမျိုးသမီးဝန် ထမ်းက ''ကျွန်မတို့ အရမ်းကြောက်နေပါတယ်။ အခုလည်း မြို့ထဲဘက်က ပင်မရုံးမှာ မနေရဲတော့လို့ အောက်ရုံး(ဒေသရုံး)ကိုပြောင်းလာပြီး နေနေရပါတယ်။ ရုံးအောက်ထပ်မှာရှိတဲ့ မြေအောက်ခန်းထဲမှာပါ၊ ဒီနေ့ မနက် ၁၁ နာရီ လောက်အထိ နမ့်ခေးရွာနားမှာ လက်နက်ကြီး ပစ်ခတ်သံတွေကြားနေရတုန်းပဲ။ TNLA  တွေက မြို့ထဲမှာရှိတဲ့ အိမ်ကြားတွေမှာနေရာယူထားတော့ အရင်လိုပေါ့ပေါ့ မနေရဲကြတော့ဘူး။ မြို့တွင်း စစ်ဆင်ရေးလိုမျိုးတွေ ဖြစ်လာမှာကြောက်တယ်။ တရုတ်ဘုံ ကျောင်းနားမှာလည်း TNLA  တွေ နေရာယူထားသလို တာဝါတိုင်နားမှာလည်း အပြည့်ပဲလို့ကြားရတယ်။ ဒီထက်ဆိုးဖို့ပဲရှိတော့တယ်။ မြို့ထဲ လည်းတိတ် ဆိတ်နေတာပဲ၊ ဆိုင်တွေလည်းပိတ်၊ ကျောင်းတွေလည်းပိတ် ပဲ။ နမ္မဝေါရပ်ကွက်ကပိုဆိုးတာ၊ သူကဇရမ်းကြီးနဲ့ပိုနီးတော့ လမ်း ကြောပွင့်ရင်တော့ လားရှိုးဘက်ပဲမြန် မြန်ပြန်ပြေးလာချင်တယ်''ဟု ပြောသည်။


ယခုအခါ နမ့်ဆန်မြို့တွင်းအခြေအနေသည် ဈေးဆိုင်များ၊ စာသင်ကျောင်းများပိတ်ထားကြပြီး မြို့သူ၊ မြို့သားများအနေဖြင့် မိမိလုံခြုံသည့် နေရာများတွင်ခိုလှုံလျက်ရှိပြီး မြို့တွင်းတွင် အသွားအလာမရှိသလောက် ငြိမ် သက်လျက်ရှိပြီး အရေးပေါ်စား သောက်စရာများ ဝယ်ယူစုဆောင်းကာ ကျီးလန့်စာစား အခြေအနေများ နှင့်ကြုံတွေ့နေရကြောင်းနှင့် နမ့်ဆန်မြို့နှင့်အနီးတစ်ဝိုက်တွင်လာရောက် လုပ်ကိုင်နေသော NGO, INGO အဖွဲ့ များမှ ၎င်းတို့ဝန်ထမ်းများအား မော်တော်ယာဉ်များဖြင့် လာရောက် ခေါ်ဆောင်သွားကြသည်များလည်းရှိကြောင်းကို စုံစမ်းသိရှိရပါသည်။ အလားတူပင် ဇန်နဝါရီ ၁ဝ ရက် ည ၇ နာရီ ၁၅ မိနစ်ခန့်တွင် လည်း ကျောက် မဲမြို့နယ်အတွင်းရှိ မိုင်းငေါ့တပ်စခန်းအား TNLA အကြမ်းဖက်သောင်းကျန်းသူအင်အား ၅ဝခန့်က ၆ဝ မမစိန်ပြောင်း၊ RPG၊ စက်လတ်များဖြင့် နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စခန်းရှိ တပ်မတော်စစ်ကြောင်း က ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ရပြီး လုံခြုံရေးတိုး မြှင့်ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။ ဖြစ်စဉ်များတွင် ရန်သူလာ ရောက်နှောင့်ယှက်ပစ်ခတ်ခဲ့ သည့် နေရာများ၊ ခေတ္တအခြေပြုလျက်ရှိသည့်နေရာများနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်တို့အား တပ်မတော်စစ် ကြောင်းများက နယ်မြေရှင်းလင်းရေးများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


CYH

#democracytoday

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS