Main menu
HOT NEWS
adv
M ဘွယ်

M ဘွယ်

M-Bwel (Online Editor)

Website URL:

အီရတ် မိုဆူးလ်တွင် ပြင်သစ် ဂျာနယ်လစ် တစ်ဦး သေဆုံး၊ နှစ်ဦးဒဏ်ရာရ

ပဲရစ်၊ ဇွန် ၂ဝ

အီရတ်နိုင်ငံ မိုဆူးလ်မြို့တွင်သတင်းယူနေသော ဗီဒီယိုသတင်းထောက်တစ်ဦး မိုင်းဗုံးပေါက်ကွဲသဖြင့်သေဆုံးခဲ့သည်ဟု ဇွန် ၂ဝ ရက်တွင် ပြင်သစ်ရုပ်မြင်သံကြားကပြောသည်။ အီရတ်နိုင်ငံ၏ ဒုတိယအကြီးဆုံး မိုဆူးလ်မြို့တွင် မိုင်းဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပြင်သစ်ဗီဒီယိုသတင်းထောက် Stephan Villeneuve နှင့် အခြားပြင်သစ်သတင်းထောက်နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ဇွန် ၁၉ ရက်တွင် ကာ့ဒ်သတင်းထောက် Bakhtiyar Addad  သေဆုံးခဲ့ကြောင်း ပြင်သစ်ရုပ်သံဌာနနှင့် နယ်စည်းမခြားသတင်းထောက်များအဖွဲ့က ဇွန် ၂ဝ ရက်တွင်ပြောသည်။

Read more...

မြောက်ကိုရီးယားမှ လွှတ်ပေးလိုက်သော အမေရိကန်ကျောင်းသား ကွယ်လွန်

ချီကာဂို၊ ဇွန် ၂ဝ

မြောက်ကိုရီးယားတွင် ၁၈ လခန့် ထိန်းသိမ်းခံရကာ လွန်ခဲ့သည့် သီတင်းပတ်က ကိုမာရောဂါဖြင့် သတိလစ်မေ့မြောနေပြီး ပြန်လွှတ်ပေးခဲ့ သော အမေရိကန်ကျောင်းသား Otto Warmbier သည် ဇွန် ၁၉ ရက်တွင် ကွယ်လွန်သွားသည်။ အသက်(၂၂)နှစ်အရွယ် Otto ကို ကျန်းမာရေးအရ အမေရိကန်သို့ ဇွန် ၁၃ ရက်တွင် ပြန်လွှတ်ပေးခဲ့သည်။ သူသည် ဦး နှောက်တစ်ရှူးပျက်စီးနေပြီး သတိလစ်မေ့မြောနေသည်။ သူ၏ မိဘများ ရှိရာOhio  ပြည်နယ် Cincinnati  မြို့တွင် တစ်ပတ်ခန့်နေထိုင်ပြီး ကွယ်လွန်သွားခဲ့သည်။

Read more...

ပြင်သစ် ပဲရစ်မြို့တွင် ရဲယာဉ်တန်းကို ကားတစ်စီးဖြင့် အကြမ်းဖက် တိုက်ခိုက်၊ တရားခံကို ရဲက အသေဖမ်းဆီး မိ

ပဲရစ်၊ ဇွန် ၂ဝ

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ရှိ နာမည်ကျော် Champs-Elysees လမ်း တွင် ဇွန် ၁၉ ရက်က ကင်းလှည့်နေ သော ရဲယာဉ်တန်းကို အကြမ်းဖက် တိုက်ခိုက်ရန် ကြိုးစားသည့်အစွန်း ရောက်အကြမ်းဖက်သမားတစ်ဦးကို ပြင်သစ်ရဲက အသေဖမ်းဆီးခဲ့ကြောင်း ဇွန် ၂ဝ ရက်သတင်းများအရသိရသည်။ ရဲကားအတွင်းမှ ပြင်သစ်ရဲများထွက်လာပြီး အကြမ်းဖက်တိုက်ခိုက်ရန် ကြိုးစားသောမော်တော် ယာဉ်မှန်တံခါးရိုက်ခွဲ၍အကြမ်းဖက်သမားကို ကယ်ဆယ်ရန်ကြိုးစားခဲ့ ကြောင်း၊ မျက်မြင်တွေ့ကြုံသူများက ပြောသည်။ နိုင်ငံခြားခရီးသွားများနှင့်လမ်းသွားလမ်းလာများဖြင့်စည် ကားသော Champs-Elysees လမ်းတွင် အကြမ်းဖက်မှုဖြစ်ပွားခဲ့ သော်လည်း ထိခိုက်ဒဏ်ရာရသူတစ် စုံတစ်ဦးမျှမရှိကြောင်း ပြင်သစ်ရဲအဖွဲ့က ပြောသည်။

Read more...
Subscribe to this RSS feed
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616