HOT NEWS
Main menu
adv

ရှေ့ကဖုံးလို့ နောက်ကပေါ် တို့တိုင်းပြည်ကျော် နိုင်ငံရေးလှိမ့်လုံး

တက္ကသိုလ်စိန်တင်

( ၁ )

နိုင်ငံရေးသုတေသီ- တက္ကသိုလ်စိန်တင် ရေ ဖေဖော်ဝါရီလ အလယ်ရောက်လို့ မတ် လဆန်းတောင် နီးလာပြီဗျ။

တက္ကသိုလ်စိန်တင်- မတ်လဆန်း နီးလာ တဲ့အတွက် နိုင်ငံရေးသုတေသီက ဘာ ပြောချင်တာတုန်းဗျ။

Read more...

မွန်ပြည်နယ် ဝန်ကြီးချုပ်သစ် နေရာအတွက် ဒေါက်တာအေးဇံကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ထောက်ခံထားဟု ဦးဝင်းထိန် ပြော

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်ပါက မွန်ပြည်နယ် ဝန်ကြီးချုပ်နေရာကို ဒေါက်တာအေးဇံ အားထောက်ခံထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူဗဟို ကော်မတီအတွင်းရေးမှူး ဦးဝင်းထိန်က တရားဝင်ပြောကြားလိုက်သည်။  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ပါက ၎င်းနေရာအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ်နေရာကို ဒေါက်တာအေးဇံအား ထောက်ခံထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီအတွင်းရေးမှူးဦးဝင်းထိန်က ဖေဖော်ဝါရီ ၂ဝရက် မွန်းလွဲပိုင်းတွင် နေပြည်တော် စည်ပင်ရိပ်သာတည်းခိုဆောင်၌ သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

Read more...

တရားဥပဒေစိုးမိုးရေးစင်တာများဖွင့်ပြီး တရားသူကြီးများနှင့် ရဲဝန်ထမ်းအရာရှိကြီးများကို သင်တန်းပေးနေကြောင်း ဦးဝင်းထိန်ပြော

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀- တရား စီရင်ရေးလုပ်ငန်း အဆင်ပြေရန်နှင့် အဂတိတရား လျော့ပါးသွားရေးကို ဦးတည်လျက် တရားဥပဒေစိုးမိုးရေး စင်တာတွေဖွင့်ပြီး တရားသူကြီးများ ရဲဝန်ထမ်းအရာရှိကြီးများအား သင် တန်းပေးနေကြောင်း အမျိုးသားဒီမို ကရေစီအဖွဲ့ ချုပ် ပြောရေးဆိုခွင့်ရှိသူ ဗဟိုကော်မတီအတွင်းရေးမှူး ဦးဝင်း ထိန်ကပြောကြားခဲ့သည်။

Read more...

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦး တရားဝင်နုတ်ထွက်စာတင်ပြီးဟုဆို

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၀-မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးမင်းမင်းဦးသည် မိမိ၏ဆန္ဒအ လျောက် ၀န်ကြီးချုပ်အဖြစ်မှ တရားဝင်နုတ် ထွက်စာကို ဖေဖော် ၀ါရီ ၂၀ ရက်မွန်းလွဲ ၂ နာရီခန့်တွင် နိုင်ငံတော် သမ္မတရုံးထံ Fax ဖြင့်ပေး ပို့ပြီးဖြစ်ကြောင်း မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံးညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း က ပြောသည်။

Read more...

တိုင်းနှင့်ပြည်နယ် အသီးသီးရှိ အဝေးပြေး ကားဂိတ်ဝင်းများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ တိုးမြှင့် ချထားမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အဝေးပြေး ကားဂိတ်ဝင်းများတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များတိုးမြှင့်ချထားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ဌာနချုပ်မှသိရသည်။ ယင်းကဲ့သို့အဝေးပြေးကား ဂိတ်ဝင်းများတွင်လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကိုအရပ်ဝတ်များဖြင့် အရေအတွက်တိုးမြှင့်ချထားသွားမည်ဖြစ်ပြီး အဆိုပါအဖွဲ့များအနေဖြင့်လုံ ခြုံရေးသတင်းများ၊ မူးယစ်ဆေးဝါး ဖမ်းဆီးရမိရေးသတင်းများအတွက် တိုးမြှင့်ချထားမည်ဖြစ်ပြီး ယင်းတပ် ဖွဲ့ဝင်များအနေဖြင့် သက်ဆိုင်ရာအ ဝေးပြေးကားဂိတ်တာဝန်ခံများနှင့် ပူးပေါင်းကာဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

Read more...
adv

adv

FacebookG+TwitterRSS