Main menu
HOT NEWS
adv

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဝန်ကြီးဌာနဖွဲ့စည်းမည်ဟုဆို

ရန်ကုန်၊ မေ ၎

နိုင်ငံတော်သမ္မတထံမှပေးပို့လာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးဝန်ကြီးဌာနတစ်ခု ထပ်မံဖွဲ့စည်းရန်ကိစ္စနှင့်စပ်လျဉ်း၍ ယနေ့ (မေ ၅ ရက်) တွင်ကျင်းပမည့်ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသွား မည်ဖြစ်ကြောင်း သိရသည်။ မေ ၅ ရက်တွင် ကျင်းပမည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ် တော် ပထမပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့အစီအစဉ်တွင် ယင်းကိစ္စကို လွှတ်တော်သို့တင်ပြသွားမည်ဖြစ်သည်။ ''ဟုတ်ပါတယ်။ ကျွန်တော်တို့ မနက်ဖြန်လွှတ်တော်အာဂျင်နာရ ပြီးပါပြီ၊ အဲဒီထဲမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဝန်ကြီးဌာနကို မနက် ဖြန်လွှတ်တော်တင်ပါမယ်''ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့် လွင်ကပြောသည်။

Read more...

လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး ပြည်သူများ ရွေးချယ်တင်မြှောက်သည့် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် AA လက်နက်ကိုင်အဖွဲ့ဝင်များကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး လွှတ်တော်မှတစ်ဆင့် တိုက်တွန်း

ရန်ကုန်၊ မေ ၎

လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ပြီး ပြည်သူများ ရွေးချယ်တင်မြှောက်သည့် နိုင်ငံတော်အစိုးရနှင့်အတူ အေးချမ်းစွာပူးပေါင်းဆောင်ရွက်ရန် AA လက်နက်ကိုင်အဖွဲ့ဝင်များကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်းက လွှတ်တော်မှတစ်ဆင့် တိုက်တွန်းလိုက်ကြောင်းသိရသည်။ မေ ၄ ရက်ကကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား တစ်ကျော့ပြန်တိုက်ပွဲများ ချက်ချင်းရပ်စဲရန် နှင့် AA အဖွဲ့ကို နိုင်ငံရေးအရဆွေး နွေးပွဲသို့ဖိတ်ခေါ်ရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အရေးကြီး အဆိုနှင့် ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြော ကြားခဲ့ခြင်းနှင့်အတူ လွှတ်တော်မှ တစ်ဆင့် AA လက်နက်ကိုင်အဖွဲ့ဝင် များသို့ ပြောခဲ့သည်။

Read more...

ဧရာဝတီ၊ စစ်တောင်း၊ ချင်းတွင်းမြစ်ကူးတံတားကြီးများ အရည်အသွေးထိန်းသိမ်းရေး ရက် ၁ဝဝ စီမံကိန်း၏ ပထမဆုံးဆောင်ရွက်မည့်လုပ်ငန်းများဟု ပြည်ထောင်စုဝန်ကြီးဆို

ရန်ကုန်၊ မေ ၃

ဧရာဝတီ၊ စစ် တောင်း၊ ချင်းတွင်းမြစ်ကူးတံတား ကြီးများ၏ အရည်အသွေးထိန်းသိမ်း ရေး၊ စံချိန်စံညွှန်းပြည့်မီရေး၊ တံတား များရေရှည်ခိုင်ခံ့ရေးတို့ကို ရက် ၁ဝဝ စီမံကိန်း၏ ပထမဆုံး ဆောင်ရွက်မည့် လုပ်ငန်းများ တွင် ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဦးဝင်းခိုင်က ပြောသည်။ မေလ ၃ ရက် နံနက်ပိုင်းကပြု လုပ်သည့် ဒုတိယအကြိမ်အမျိုးသား လွှတ်တော် ပထမ ပုံမှန်အစည်းအ ဝေး ၁၈ ရက်မြောက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုးမိုး၏ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ ငဝန်မြစ်ကူးကြိုးတံတား (ပုသိမ်)၏ တံတား ခံနိုင်ဝန်ကြံ့ခိုင်မှုအား ပုံမှန်စစ်ဆေးခြင်းထိန်းသိမ်း မွမ်းမံပြုပြင်ခြင်းများ ပုံမှန်ဆောင်ရွက်ခြင်းရှိ/မရှိနှင့် ပတ်သက်သည့် မေးခွန်းအား ပြန်လည်ဖြေကြားရာတွင် ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ် သည်။

Read more...

'ဝ'ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည့် NLD လွှတ်တော် ကိုယ်စားလှယ်ကို လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီဝင်အဖြစ်မှ ဖယ်ရှား

ရန်ကုန်၊ မေ ၃

'ဝ'ခေါင်းဆောင် များနှင့်တွေ့ဆုံခဲ့သည့် NLD လွှတ် တော်ကိုယ်စားလှယ် ဦးစိုးဌေး၏လွှတ်တော်တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီဝင်နေရာတွင် အခြားကိုယ် စားလှယ်တစ်ဦးဖြင့် အစားထိုးလိုက် ပြီး ၎င်းကိုပါတီ၏ အရေးကြီးတာဝန် ထမ်းဆောင်ခွင့်မှလည်း တစ်နှစ်တိတိ ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။ မေ ၃ ရက်တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးစိုးဌေး (ကော့ ကရိတ်မဲဆန္ဒနယ်)၏နေရာ၌ အခြားကိုယ်စားလှယ် ဦးစောဗစ်တာကလိုက် (သံတောင်ကြီးမဲဆန္ဒနယ်)အား အစားထိုး ပြောင်းလဲဖွဲ့စည်းမည်ဖြစ် ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်း မြင့်က လွှတ်တော် သို့ တင်ပြခဲ့သည်။ ဦးစိုးဌေးသည် 'ဝ'ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) လှုပ်ရှားနယ်မြေဖြစ်သည့် ပန်ဆန်းဒေသသို့ မကြာမီရက်ပိုင်းက သွားရောက်ခဲ့ကာ အဆိုပါအဖွဲ့၏ ထိပ်ပိုင်းခေါင်းဆောင် များနှင့်တွေ့ ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

Read more...

ပြည်သူကိုမျက်နှာမူသည့် အစိုးရတစ်ရပ်ဖြစ်ရေး ဆောင်ရွက်ရာတွင် မီဒီယာလွတ်လပ်ခွင့်များလည်း ပါဝင်လာမည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

ရန်ကုန်၊ မေ ၃

ပြည်သူ့ကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်ပေးလိုက်သည့်အတွက် မဏ္ဍိုင်သုံးရပ်တွင်ရောက်ရှိနေသောပုဂ္ဂိုလ်များအနေဖြင့် ပြည်သူကိုမျက်နှာမူသည့် အစိုးရတစ်ရပ်ဖြစ်ရေးဆောင်ရွက်ရာတွင် မီဒီယာလွတ်လပ် ခွင့်များလည်း ပါဝင်လာမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားလိုက်သည်။ မေ ၃ ရက်တွင်ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ (World Press Freedom Day 2016) ကို ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်တွင် ကျင်းပခဲ့ပြီး အဆိုပါအခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးက မီဒီယာများနှင့်တွေ့ဆုံရာ၌ ဒီမိုကရေစီတူဒေးသတင်းစာ၏ မေးမြန်းချက်ကို အထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616