Main menu
HOT NEWS
adv

ရခိုင်ဒုက္ခသည် စခန်းမှ ပြည်သူများကို ထိရောက်သည့် ကူညီပံ့ပိုးမှုပေးရန် ကုလကိုယ်စားလှယ် မစ္စယန်ဟီးလီထံ တောင်းဆို

ရန်ကုန်၊ ဇွန် ၂၄

ရခိုင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်းများမှ ဒုက္ခသည်များကို ထိရောက်သည့်ကူညီပံ့ပိုးမှုများ လုပ် ဆောင်ပေးစေလိုကြောင်း ဇွန် ၂၃ ရက်က ဒုက္ခသည်စခန်းများသို့ သွားရောက်တွေ့ဆုံသည့် မြန်မာနိုင်ငံဆိုင် ရာ ကုလသမဂ္ဂလူ့ အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီကို တောင်းဆိုလိုက်ကြောင်း ဒုက္ခသည်အချို့က ပြောသည်။

Read more...

ရေးမြို့နယ်တွင် မွန်လက်နက်ကိုင် အဖွဲ့မှ အင်အား ၂ဝ နိုင်ငံတော်သို့ လက်နက်အပ်နှံ အလင်းဝင်၊ ပြည်သူများအား ဝန်ချတောင်းပန်

ရေး၊ မေ ၂၅

ရေးမြို့နယ်တောင်ပိုင်း နှင့် ကမ်းရိုးတန်းနယ်မြေအတွင်း အခြေ ပြုလှုပ်ရှားနေသော နိုင်လွေ (ခ)နိုင်လှ သောင်းဦးစီးသည့် မွန်သီးခြားလက်နက်ကိုင်အဖွဲ့မှ အင်အား ၂ဝ တို့သည် နိုင်ငံ တော်သို့ အပြီးအပိုင် လက် နက်ချအပ်နှံ အလင်းဝင်ရောက်ပွဲနှင့် ပြည်သူလူထုအား ဝန်ချတောင်းပန်ပွဲအခမ်းအနားကို ဇွန် ၂၅ ရက် မွန်းတည့် ၁၂ နာရီက ဒေသခံတပ်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။ အခမ်းအနားသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးဝင်း၊ ဒေသခံတပ်နယ်မှ ဗိုလ်မှူးကြီးကျော်ကျော်ဦး၊ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင်လုံခြုံရေး နှင် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦး၊ ဆရာတော်သံဃာတော် များ နှင့် ဖိတ်ကြားထားသောဧည့်သည်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Read more...

ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းရောက် မြန်မာလုပ်သားများ တွေ့ဆုံရန် စီစဉ်သူ မဟာချိုင်ခရိုင်မှူးနှင့် ရဲအရာရှိများ အပါအဝင် ၂၃ ဦး တာဝန် လစ်ဟင်းမှုဖြင့် ရာထူးချခံရ၊ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ဆို

ရန်ကုန်၊ ဇွန် ၂၅

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာလုပ်သားများတွေ့ဆုံမှုကို စီစဉ်ဆောင်ရွက်ပေးခဲ့သည့် စမွတ်စခွန် (မဟာချိုင်)ခရိုင်မှူးနှင့် ရဲအရာရှိများအပါအဝင် ၂၃ ဦးကို ရာထူးချ စုံစမ်းစစ်ဆေးမှု များ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာရွှေ့ပြောင်းလုပ်သားများသည် ဇွန် ၂၃ ရက်က ထိုင်းနိုင်ငံမဟာချိုင်မြို့ ထလေထိုင်းအမည်ရှိ ငါးပုစွန်ဈေး ခန်းမတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်ပြီး ဒေသဆိုင်ရာတာဝန်ရှိသူများ၏ ပိတ်ပင်တားဆီးမှုကြောင့် လူ ၂ဝဝ ခန့်သာတွေ့ဆုံခဲ့ရပြီး ကျန်ရှိအလုပ်သမား ၁ဝဝဝဝ ကျော်မှာ တွေ့ဆုံခွင့်မရရှိခဲ့ဘဲ ခန်းမအပြင် ဘက်တွင်သာ လူစုလူဝေးဖြင့်စောင့် ဆိုင်းခဲ့ရမှုမျိုးဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါတွေ့ဆုံမှုအပြီး တစ်ရက်အကြာတွင်မဟာချိုင်မှအရာရှိများသည် အရေးယူခံရခြင်းဖြစ်သည်။

Read more...

နိုင်ငံသားအချင်းချင်း အလုပ်သမားပြဿနာ ကူညီဆောင်ရွက်ပေးရာတွင် ငွေကြေးတောင်းခံခြင်းနှင့် ခေါင်းပုံဖြတ်ခြင်းတို့ပြုလုပ်ပါက မြန်မာနိုင်ငံ ဥပဒေဖြင့် အရေးယူမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြောကြား

ဘန်ကောက်၊ ဇွန် ၂၅

မြန်မာနိုင်ငံသားအချင်းချင်း အလုပ်သမားပြဿ နာ ကူညီဆောင်ရွက်ပေးရာတွင် ငွေ ကြေးတောင်းခံခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့ပြုလုပ်ပါက မြန်မာနိုင်ငံဥပဒေ ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားအရေး ကူညီဆောင်ရွက်သည့် အဖွဲ့အစည်းများအား ပြောကြားခဲ့သည်။ ဇွန် ၂၅ ရက် ညနေပိုင်းတွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးတွင် ထိုင်းနိုင်ငံရှိ အလုပ်သမား အရေးကူ ညီဆောင်ရွက်ပေးသည့် အဖွဲ့အစည်း ၁၃ ခုနှင့်တွေ့ဆုံစဉ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်မှ ထိုသို့သတိပေးစကား ပြောဆိုခဲ့ခြင်းဖြစ်သည်။

Read more...

ဒီမိုကရေစီအစိုးရမှ မဟုတ်၊ မည်သည့် အစိုးရတက်တက်၊ မည်သည့် စနစ်ဖြင့် လုပ်လုပ် ပြည်သူမပါဝင်လျှင် ကျဆုံးမည်ဖြစ်ကြောင်း နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် ပြော

နေပြည်တော်၊ ဇွန် ၂၄

ဒီမိုက ရေစီအစိုးရမှမဟုတ်ပါဘူး။ ဘယ်အစိုးရ၊ ဘယ်စနစ်ပဲတက်တက် ပြည်သူမပါဝင်ရင်တော့ ကျဆုံးမှာပဲဟု နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်က ဇွန် ၂၄ ရက် နေ့ လယ်ပိုင်းက နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် နေပြည်တော်ကောင်စီရုံးအစည်းအဝေးခန်းမတွင် ကျင်းပသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ နှင့် လွှတ်တော်ကိုယ်စားလှယ်များဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက် /ကျေးရွာကိုယ်စားလှယ် များ တွေ့ဆုံပွဲ၌ ပြောကြားခဲ့သည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191