Main menu
HOT NEWS
adv

မင်္ဂလာတောင်ညွန့် ရုန်းရင်းဆန်ခတ် အမှု တရားလို ရဲမှူးကို လာမည့်ရုံးချိန်းတွင် စတင် စစ်ဆေးမည်

ရန်ကုန်၊ ဇွန် ၁၆

မင်္ဂလာတောင်ညွန့်မြို့ နယ်တွင်ဖြစ်ပွားခဲ့သော ရုန်းရင်းဆန်ခတ် မှုနှင့်ပတ်သက်ပြီး လာမည့်ရုံးချိန်းတွင် တရားလိုကို စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။ ဇွန် ၁၆ ရက်တွင် မင်္ဂလာတောင်ညွန့်တရားရုံး၌ တရားစွဲခံရသူ စွပ်စွဲခံငါးဦးကို ရုံးထုတ်ခဲ့ပြီး တရားလို မင်္ဂလာတောင်ညွန့် မြို့နယ်ရဲတပ်ဖွဲ့မှူးကိုစစ်ဆေးရန် ဇွန် ၂၇ ရက်သို့ ရုံးချိန်းပြန်လည်ချိန်းဆိုလိုက်သည်။

Read more...

တရားခံပြေး အောင်ဝင်းခိုင် ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့သော ရန်ကုန်မြို့မှ ရှာဖွေ သက်သေ လေးဦးကို အထူးတရားရုံးတွင် စစ်ဆေး

ရန်ကုန်၊ ဇွန် ၁၆

ဦးကိုနီအသတ်ခံရမှုတွင်ပါဝင်ပတ်သက်သည်ဟု သံသယရှိသူ တရားခံပြေးအောင်ဝင်းခိုင် ဖမ်းဆီးရမိရေးဆောင်ရွက်ခဲ့ကြသည့် ရန်ကုန်မြို့မှရှာဖွေသက် သေလေးဦးကို ရန်ကုန်မြောက်ပိုင်း ခရိုင်အထူးတရားရုံးတွင် ဇွန် ၁၆ရက်ကစစ်ဆေးခဲ့သည်။ ''ရဲနှစ်ယောက်နဲ့အရပ်သား နှစ်ဦးလာရောက်ထွက်ဆိုခဲ့တာပါ။ နောက်တစ်ပတ်ကျရင်တော့ ရဲမှူးတင်မောင်ဆွေကိုစစ်ဆေးမှာပါ''ဟု ဦးကိုနီဘက်မှလိုက်ပါဆောင်ရွက်ပေး နေသော တရားလွှတ်တော်ရှေ့နေ ဦးနေလ၏ လက်ထောက်ရှေ့နေ ဦးခင်မောင်ဌေးက ပြောသည်။ ဇွန် ၁၆ ရက်ရုံးချိန်းတွင် သေနတ်သမားကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုးနှင့် အောင်ဝင်း ထွန်းတို့ကို အင်းစိန်ထောင်ကြီးချုပ် မှရုံးထုတ်ပြီးကြားနာစေခဲ့ခြင်းဖြစ်သည်။

Read more...

အယ်ဒီတာချုပ်ဦးကျော်မင်းဆွေ၏ အာမခံကို ဗဟန်းတရားရုံးက ဒုတိယအကြိမ်ပယ်ချစာရေးဆရာ ဗြိတိသျှကိုကိုမောင်အား ၆၆(ဃ)ဖြင့် တရားစွဲဆိုထားမှု ပိတ်သိမ်းပေး

ရန်ကုန်၊ ဇွန် ၁၆ ။ ။The Voice Daily အယ်ဒီတာချုပ်ဦးကျော်မင်းဆွေ၏အာမခံကို ဗဟန်းတရားရုံးကဒုတိယအကြိမ်ပယ်ချခဲ့ပြီး စာရေးဆရာဗြိတိသျှကိုကိုမောင်အား ဆက် သွယ်ရေးပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုထား မှုကို ပိတ်သိမ်းပေးခဲ့ကြောင်းသိရသည်။The Voice Daily အွန်လိုင်းမီဒီယာ တွင်ဖော်ပြခဲ့သည့် ""ကျည်ထောင်စုသစ္စာ""သရော်စာဆောင်းပါးနှင့်ပတ်သက်၍ အမှု နှင့်မသက်ဆိုင်ဟုဆိုကာ စာရေးဆရာ ဗြိတိ သျှကိုကိုမောင်အား တရားစွဲဆိုထားသည့် အမှုကို လုံးဝပိတ်သိမ်းပေးလိုက်ခြင်းဖြစ် ကြောင်း ဥပဒေအကြံပေးဖြစ်သူ ဦးခင် မောင်မြင့်က ပြောသည်။

Read more...

တားမြစ်ထားသည့် ပြည်ပ အိမ်အကူစေလွှတ်မှု မထိန်းချုပ်နိုင်ခြင်း အပေါ် ၈၈ အလုပ်သမားရေးရာက မေးခွန်းထုတ်

ရန်ကုန်၊ ဇွန် ၁၅

အစိုးရမှ တားမြစ်ထားသည့် ပြည်ပသို့အိမ်အကူစေလွှတ်မှု လေဆိပ်လမ်းကြောင်းကိုသာအသုံးပြု၍ သွားရောက်နေခြင်းဖြစ်ပြီး ထိရောက်စွာ မထိန်းချုပ်နိုင်ခြင်းအပေါ် ၈၈ အလုပ်သမားရေးရာမှ မေးခွန်းထုတ်ခဲ့သည်။ ဇွန် ၁၅ ရက်တွင် ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အိမ်အကူအလုပ်သမားများနေ့ ဂုဏ်ပြုအခမ်းအနားတွင် ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့စည်းအလုပ်သမားရေးရာ တာဝန်ခံ မသက်သက်အောင်က ထိုသို့ထောက်ပြပြောဆိုခဲ့ခြင်းဖြစ်သည်။

Read more...

မျိုးချစ်ဟု ဆိုသူတို့အမှု ခြောက်ကြိမ်မြောက် ရုံးထုတ်ပြီး သည့်တိုင် မစစ်နိုင်သေး

ရန်ကုန်၊ ဇွန် ၁၅

မျိုးချစ်ဟုဆိုသူတို့အမှုကို ခြောက်ကြိမ်မြောက် ရုံးထုတ်ပြီးသည့်တိုင် အမှုမစစ်ဆေးနိုင်သေးကြောင်း ကမာရွတ်မြို့နယ် တရားရုံးမှသိရသည်။ ထုတ်ဆင့်ထားသော သမ္မန်စာများကို နည်းလမ်းတကျအတည် ပြု ပြန်သွင်းခိုင်းပြီးမှသာ အမှုအားဆက် လက်စစ်ဆေးနိုင်မည်ဖြစ်ကြောင်း ကမာရွတ်မြို့နယ် တရားသူကြီးက ပြောဆိုခဲ့သည်။ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅(ခ)ဖြင့် အာမခံမရဘဲ အင်းစိန်ထောင်ထဲ ရောက်နေသော ဦးဝင်းကိုကိုလတ်အပါအဝင် လေးဦးအား ရုံးထုတ်စစ် ဆေးခဲ့ရာတွင် မြို့နယ်တရားသူကြီး ဒေါ်စိုးစိုးမိုးက ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616