Main menu
HOT NEWS
adv

တပ်မတော်က ကိုကိုးကျွန်းအနီး ပင်လယ်ပြင် လက်တွေ့စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်

နေပြည်တော်၊ မတ် ၁၈

တပ်မတော်(ရေ)က ပင်လယ်ပြင် စစ်ဆင်မှုလေ့ကျင့်ခန်း (Combined Fleet Exercise)ကို ကိုကိုးကျွန်းအနီး မြန်မာ့ပင်လယ်ပြင်တွင် ပြုလုပ်မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။ တပ်မတော်(ရေ) စစ်ရေယာဉ်များသည် ၂ဝ၁၇ ခုနှစ်၊ မတ် ၂၃ ရက်မှ မတ် ၃၁ ရက်အတွင်း ပင်လယ် ပြင်လက်တွေ့လေ့ကျင့်ခန်းနှင့်လက်နက်များ လေ့ကျင့်ပစ်ခတ်ခြင်းများအား လေ့ကျင့်ဆောင်ရွက်မည်ဟုသိရသည်။

Read more...

ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် သူနာပြုများကို အရေးမယူတော့ ကျောင်းပြီးလျှင် လိုင်စင် ထုတ်ပေးမည် ဟုဆို

ရန်ကုန်၊ မတ် ၁၈

သူနာပြုတက္ကသိုလ်/သင်တန်းကျောင်းများမှ ကျောင်းသူကျောင်းသားများ၏ တောင်းဆိုထားချက်များကို ကျန်းမာရေးဝန်ကြီးဌာနနှင့်ညိနှိုင်းမှုတွင် အဆင်ပြေမှုရရှိခဲ့ကြောင်း၊ ဆန္ဒပြကျောင်းသားများအား အရေးယူမည်မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သူနာပြု/သားဖွားကိစ္စရပ်များအတွက် ဆက်သွယ်ဆောင်ရွက်ပေးရန် တာဝန်ပေးအပ်ထားသည့်အဖွဲ့ထံမှသိရသည်။

Read more...

ဦးကိုနီအား လုပ်ကြံ သတ်ဖြတ်သူ ကြည်လင်းနှင့် အပေါင်းပါသုံးဦးကို လုံခြုံရေး တင်းကျပ်စွာဖြင့် ဒုတိယအကြိမ် ရုံးထုတ်

ရန်ကုန်၊ မတ် ၁၈

တရားလွှတ်တော် ရှေ့နေဦးကိုနီအား လုပ်ကြံသတ်ဖြတ်ခဲ့သည့် ကြည်လင်းနှင့် ပါဝင်ပတ်သက်သူသုံးဦးတို့အား မြောက်ပိုင်းခရိုင် တရားရုံးတွင် မတ် ၁၇ ရက် နံနက် ၁ဝ နာရီခွဲက ရဲတပ်ဖွဲ့မှ လုံခြုံရေး အင်အားတင်းကျပ်စွာချထားပြီး ဒုတိယအကြိမ် တရားရုံးထုတ်ခဲ့ကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Read more...

လက်ရှိ အစိုးရကို မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ အစိုးရဟု ဒေါက်တာအေးမောင် ဝေဖန်

ရန်ကုန်

လက်ရှိအစိုးရကို မှန်းချက်နှင့် နှမ်းထွက်မကိုက်သည့်အစိုးရဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဝေဖန်လိုက်သည်။ ''သူတို့လေလုံးထွားတာတွေ၊ ရက် ၁ဝဝ မှာ ဘာလုပ်မယ်၊ ညာလုပ်မယ်။ အနောက် နိုင်ငံတွေလို ကြီးကြီးမားမား အစီအစဉ်တွေဆွဲပါတယ်။ ဒါပေမဲ့ ရက် ၁ဝဝ တွင်းမှာ အဖျား ရှူးသွားတယ်။ မြားဦးကျိုးသွားတာပေါ့''ဟု ဒေါက်တာအေးမောင်ကဆိုသည်။ ထို့အပြင် အစိုးရအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များတွင် အုပ်ချုပ်ရေးယန္တရားနှင့် အံဝင်ခွင်ကျမဖြစ်သည့်အခြေအနေများတွင် ရှိနေပြီး ပြည်ထောင်စုဝန်ကြီးများနှင့် ပြည် နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များ ခန့်အပ်မှုသည်လည်း လိုအပ်ချက်ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။

Read more...

UNFC ညီလာခံ ရွှေ့ဆိုင်းလိုက်သည်ဟု နိုင်ဟံသာ ပြော

ရန်ကုန်

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) အရေးပေါ် အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မတ် ၁၂ ရက်မှ ၁၄ ရက်အထိ သုံးရက်ကြာ ကျင်းပခဲ့ပြီး အဆိုပါအစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် UNFC ညီလာခံအား ရွှေ့ဆိုင်းရန် ယင်းအစည်းအဝေးက ဆုံးဖြတ်လိုက်သည်ဟု UNFC ဒု-ဥက္ကဋ္ဌ နိုင်ဟံသာက ပြောသည်။

Read more...
adv

adv

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616