HOT NEWS
Main menu

နမ့်ဆန် မြို့တွင်းသို့ TNLA ယူနီဖောင်းဝတ် လက်နက်ကိုင်များ ဝင်ရောက် လာခြင်းကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်

ရန်ကုန်၊ ဇန်နဝါရီ ၁၁

နမ့်ဆန်မြို့ ဇရမ်းကြီးရပ်ကွက်အတွင်းသို့ TNLA ယူနီဖောင်းဝတ်လက်နက်ကိုင်များ ဝင် ရောက်လာခြင်းကြောင့် ပြည်သူများ အထိတ်တလန့်ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။ ဇန်နဝါရီ ၁ဝ ရက် နံနက် ၁ဝ နာရီခွဲတွင် TNLA ယူနီဖောင်းဝတ် ဆင်ထားသော လက်နက်ကိုင်တပ် ဖွဲ့ဝင်အင်အား ၄ဝ ခန့်သည် ဖိုးဝီးကား၊ ပါဂျဲရိုးကားများဖြင့် နမ့်ဆန် မြို့အတွင်းသို့ ရုတ်တရက်ဝင်ရောက်လာခဲ့ခြင်းကြောင့် ပြည်သူများသည် အထိတ် တလန့်ဖြစ်ကာ ကျောင်းသူ၊ ကျောင်းသားများအား အိမ်သို့ပြန်လည်ခေါ်ဆောင်ခဲ့ကြရသည့်ဖြစ် စဉ်များဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

Read more...

RB News ဝက်ဘ်ဆိုက်တွင် ပါရှိသည့် တပ်မတော်သားများက ရွာသားများအား နှိပ်စက်၊ ဖမ်းဆီး၊ လုယက်သည် ဆိုသည့်သတင်း စုံစမ်းစစ်ဆေးမှု မမှန်မကန် သတင်းထုတ်လွှင့်ခြင်း သာဖြစ်ဟု ဆို

ဓာတ်ပုံ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ရုံး

 

နေပြည်တော်၊ ဇန်နဝါရီ ၁၁

RB News ဝက်ဘ်ဆိုက်တွင် ပါရှိသည့် တပ်မတော်သားများက ရွာသားများအား နှိပ်စက်ဖမ်းဆီးခြင်းနှင့် လုယက်သည်ဆိုသည့် သတင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရာ မမှန်မကန် သတင်းထုတ် လွှင့်ခြင်းသာဖြစ်သည်ဟု တွေ့ရှိရကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ခဲ့သည်။

Read more...

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အမည်ဖြင့် ပါတီ မှတ်ပုံတင်မည်

ဒီမိုကရေစီအဖွဲ့ချုပ်မှ ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်နေစဉ်။  ဓာတ်ပုံ - ALD

---------------------------------------------------------------------------

ရန်ကုန်၊ ဇန်နဝါရီ  ၁၀

ယခင်ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်အမည်ဖြင့်ပင် တစ်လအတွင်း ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်သွားမည်ဖြစ်ကြောင်းသိရသည်။ ရခိုင်ပြည်နယ်၊တောင်ကုတ်မြို့၌ ဇန်နဝါရီ ၇ ရက်နှင့် ၈ ရက်နေ့များ တွင် ပါတီပြန်လည်တည် ထောင်လိုသူများ ဆွေးနွေးပွဲတစ်ရပ်ပြုလုပ်ခဲ့ပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အမည်ပြန်လည်အသုံးပြုရန် နှင့် ပါတီတည်ထောင်သူအဖြစ် ၁၈ ဦးကို အတည်ပြုခဲ့ပြီး တစ်လအတွင်း မှတ်ပုံတင် သွားမည်ဖြစ်ကြောင်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမျိုးကျော်က ဇန်နဝါရီ ၈ ရက်တွင် ပြောသည်။

Read more...

ကချင်နှင့် ရှမ်းမြောက်ရှိ လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့နှင့် မစ္စယန်ဟီးလီ တွေ့ဆုံ

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့မှ တာဝန်ရှိသူများသည် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီနှင့်တွေ့ဆုံ ရာတွင် စစ် ဘေးရှောင်ဒုက္ခသည်စခန်းများသို့ လူသားချင်းစာနာမှု အကူအညီပေးရာတွင် ကြုံတွေ့နေရသည့်အခက်အခဲများကိုတင်ပြခဲ့ကြောင်း သိရသည်။  မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးစိုင်း စံခမ်းက''စစ်ရှောင်စခန်းတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေနဲ့ပတ်သက်ပြီး ကြုံ တွေ့နေရတဲ့အခက်အခဲတွေကို တင်ပြခဲ့ပါတယ်။ တချို့စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာတင်ပို့ရာမှာ အတားအဆီးတွေရှိနေတာကိုလည်း တင်ပြခဲ့ပါတယ်။ သူ့ဘက်က မှတ်ချက်တစ်စုံ တစ်ရာပေးတာတော့ မရှိပါဘူး'' ဟု ဇန်နဝါရီ ၉ ရက်က ပြောသည်။

Read more...

အစိုးရအဖွဲ့က ရေးဆွဲထားသည့် စီမံကိန်းများ မှန်ကန်တိကျသည် ဆိုပြီး ဆောင်ရွက် မရနိုင်၊ လွှတ်တော်၏ ထောက်ပြမှု မှန်ကန်ပါက လက်ခံရမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြော

နေပြည်တော်၊ ဇန်နဝါရီ ၁၀

အစိုးရအဖွဲ့က ရေးဆွဲထားသည့် စီမံကိန်းများ မှန်ကန်တိကျသည်ဆိုသည့် စိတ်ဓာတ်ဖြင့် ဆောင်ရွက်မရနိုင်ကြောင်း၊ အချို့ကိစ္စရပ်များတွင် လွှတ်တော်၏ ထောက်ပြမှုမှန်ကန်ပါက လက်ခံရမည်ဟု နိုင်ငံတော်၏ အတိုင် ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

Read more...

ADV

 ymg adv 6

FacebookG+TwitterRSS