HOT NEWS
Main menu
adv

လွှတ်တော် ကိုယ်စားလှယ်များ မေးခွန်း မေးတတ်အောင် လေ့ကျင့်ကြရန်နှင့် ဝန်ကြီးဌာနကလည်း ဝေ့ဝိုက်၊ သွယ်ဝိုက်ပြီး မဖြေရန် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၅

လွှတ်တော်ကိုယ်စားလှယ်များ မေးခွန်းမေးတတ်အောင် လေ့ကျင့်ကြရန်နှင့် ဝန်ကြီးဌာနကလည်း ဝေ့ဝိုက်၊ သွယ်ဝိုက်ပြီးမဖြေရန် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌဦးဝင်းမြင့်က ပြောသည်။ ဖေဖော်ဝါရီ ၁၄ ရက် ပြည်သူ့လွှတ် တော်အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ခင်ဝင်းက လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းမှ နိုင်ငံတော်၏အကျိုးအမြတ် ၅၁ရာခိုင်နှုန်းကို တာဝန်လွှဲပြောင်းချိန်အထိ မည်မျှရရှိခဲ့ကြောင်းသိ လိုခြင်းမေးမြန်းမှုနှင့် ဝန်ကြီးဌာန၏ဖြေကြားမှုအပေါ်ယင်းကဲ့သို့ပြောကြားခြင်းဖြစ်သည်။

Read more...

နယ်ခြားစောင့် ရဲစခန်းကို အကြမ်းဖက် တိုက်ခိုက်ရာတွင် ဦးဆောင်မှုဖြင့် တရားစွဲခံရသည့် ဘင်္ဂါလီ ၁၄ ဦးအနက် တစ်ဦးကို သေဒဏ် ချမှတ်

စစ်တွေ၊ ဖေဖော်ဝါရီ ၁၄

မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲစခန်းကို အကြမ်းဖက်တိုက်ခိုက်ရာတွင် ဦးဆောင်မှုဖြင့် တရားစွဲခံထားရသည့်ဘင်္ဂါလီ ၁၄ ဦးအနက်တစ်ဦးအား စစ်တွေခရိုင်တရားရုံးက ယခုရက်ပိုင်းအတွင်း သေဒဏ်ချမှတ်လိုက်ကြောင်း စစ်တွေခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။ သေဒဏ် ချမှတ်ခံရသူမှာ မောင်တောမြို့နယ် ကျောက်ပြင်ဆိပ်ကျေးရွာမှ မာမက်နူ(ခ)အူလာ (၂၃)နှစ် ဖြစ်ပြီး ၎င်းအားလူသတ်မှုပုဒ်မဖြစ် သည့် ၃ဝ၂ (၁) (ဂ) ဖြင့် ဖေဖော်ဝါရီ ၁ဝ ရက်က သေဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။

Read more...

(၂၁) ရာစုပင်လုံ ဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပမည့် ရက် ပြောင်းလဲ သတ်မှတ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံဒုတိယအကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ကျင်းပမည့်ရက်ကို ပြောင်းလဲသတ်မှတ်မည်ဖြစ်ကြောင်း သိရသည်။ ကိုယ်စားလှယ် ၇ဝဝ နီးပါးတက်ရောက်မည့် အဆိုပါအစည်းအဝေးကို ယခင် က ဖေဖော်ဝါရီ ၂၈ ရက်တွင်ကျင်းပရန်စီစဉ်ထားခဲ့သော်လည်း ယခုအခါ မတ်လဒုတိယပတ်(သို့)တတိယပတ်တွင်သာကျင်းပ တော့မည်ဖြစ်ကြောင်း ခိုင်လုံသောသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

Read more...

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် ပြည်ထောင်စုနေ့ မိန့်ခွန်းအပေါ် သေနင်္ဂ မဟာဗျူဟာ လေ့လာအဖွဲ့မှ သုံးသပ်ချက် ထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

နှစ် (၇ဝ)မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြားခဲ့သော မိန့်ခွန်းအား သေနင်္ဂမဟာဗျူဟာလေ့လာအဖွဲ့မှ သုံးသပ်ချက်တစ်စောင်ကို ဖေဖော်ဝါရီ၁၃ရက်က ထုတ်ပြန်လိုက်ကြောင်းသိရသည်။ ထုတ်ပြန်ချက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် နှစ်(၇ဝ)မြောက်ပြည်ထောင်စုနေ့ အခမ်းအနားတွင် ပြည်သူ၊ ယုံကြည်မှု၊ ငြိမ်းချမ်းရေး၊ သမိုင်းဟူသောစကားလုံးများကို ထပ်ခါထပ်ခါသုံးသွားသည်ကို တွေ့ရှိရပါကြောင်း၊ ယင်းစကားလုံးများသည်ပင်လျှင် စကားလုံးသက်သက်မဟုတ်ဘဲ ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးတွင် ကျွန်ုပ်တို့တစ်ဦးချင်း အနေဖြင့်သော်လည်းကောင်း၊ အစုအဖွဲ့များအနေဖြင့်သော်လည်း ကောင်း၊ အစုအဖွဲ့များကြားတွင်သော် လည်းကောင်း မျက်မှောက်ပြုရမည့် အဓိကအချက်ဖြစ်သည်ဟု ယုံကြည်ပါကြောင်း ထည့်သွင်းဖော်ပြခဲ့သည်။

Read more...

ကြားဖြတ် ရွေးကောက်ပွဲအတွက် 'တစ်အိမ်တက်ဆင်း မဲဆန္ဒရှင် စာရင်းကောက်ယူမှုကို ကြားမိသည်'ဟု ဖြေဆိုသူ ၆၅ ရာခိုင်နှုန်းသာရှိဟု PACE အဖွဲ့ ဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄

ကြားဖြတ်ရွေး ကောက်ပွဲအတွက် ''တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်းကောက်ယူမှုကို ကြားမိသည်''ဟုဖြေဆိုသူ ၆၅ ရာခိုင်နှုန်းသာရှိကြောင်း ယုံကြည်ရသောရွေးကောက်ပွဲများ ပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (PACE)ထံမှသိရသည်။ ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂ဝ၁၆ ခုနှစ် နို ဝင်ဘာလတွင် တစ်အိမ်တက်ဆင်းစနစ်ဖြင့် မဲဆန္ဒရှင်စာရင်းကိုကောက်ခံခဲ့ပြီး ယင်းစနစ်ကောင်းမွန်မှု ရှိ၊ မရှိကို စစ် တမ်းကောက်ယူခြင်းဖြစ်ကြောင်း PACE အဖွဲ့၏ ဒါရိုက်တာဦးစိုင်းရဲကျော်စွာမြင့်က ပြောသည်။

Read more...
adv

adv

FacebookG+TwitterRSS