Main menu
HOT NEWS
adv

ရခိုင်အရေး မိမိတို့၏ တိုက်တွန်းချက်များကို တာဝန်ရှိသူများ အလေးထားခဲ့ပါက လက်ရှိဖြစ်ရပ် ဆိုးများကို ရာနှုန်းပြည့်နီးပါး ကာကွယ်နိုင်မည်ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဆို

ရန်ကုန်၊ စက်တင်ဘာ ၁ဝ

ရခိုင်အရေးနှင့်ပတ်သက်၍ ၎င်းတို့၏ တိုက်တွန်းချက်များကို တာဝန်ရှိသူများက အလေးထားခဲ့ပါက လက်ရှိဖြစ်ရပ်ဆိုးများကို ရာနှုန်းပြည့်နီးပါးကာကွယ်နိုင်လိမ့်မည်ဟု ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကပြောသည်။  စက်တင်ဘာ ၁ဝ ရက်က ရန်ကုန်မြို့သံလွင်လမ်းရှိ ပြည်ထာင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုတွင်ကျင်းပသည့် ''အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ်အရေးဆွေးနွေးပွဲ'' အဖွင့်နှုတ်ခွန်းဆက်စကားပြော ကြားရာတွင် ဥက္ကဋ္ဌဦးသန်းဌေးက အထက်ပါအတိုင်းပြောခဲ့ခြင်းဖြစ်သည်။

Read more...

၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ယခုနှစ်အတွင်း မှတ်ပုံတင်မည်

ရန်ကုန်၊ စက်တင်ဘာ ၉

၈၈မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)ကို ယခုနှစ်အတွင်း တရားဝင်မှတ်ပုံတင်သွားမည်ဖြစ်ကြောင်းသိရသည်။ ''ကျွန်တော်တို့ ၈၈ က အဖွဲ့အစည်း ဖြစ်တဲ့အတွက် မှတ်ပုံတင်တာကို ပြည်ထဲရေးမှာ တင်ရမှာပေါ့။ ကျွန်တော်က တော့ ဒီနှစ်အတွင်းမှတ်ပုံတင်နိုင်အောင် ကြိုးစားသွားမယ်''ဟု ယင်းအဖွဲ့မှ ခေါင်း ဆောင်တစ်ဦးဖြစ်သူ ကိုဂျင်မီက စက်တင်ဘာ ၉ ရက်တွင် ပြောသည်။

Read more...

မရမ်းကုန်းမြို့နယ် အတွင်း ရခိုင်ပြည်နယ်မှ တရားမဝင်ရောက်ရှိနေသည့် ဘင်္ဂါလီလေးဦးကို ဖမ်းဆီးရမိ

ရန်ကုန်၊ စက်တင်ဘာ ၉

ရခိုင် ပြည်နယ်ဘက်မှ ရန်ကုန်သို့ ခိုးဝင်လာသော ဘင်္ဂါလီလေးဦးကို စက်တင်ဘာ ၉ ရက်က မရမ်းကုန်းနှင့် ဘုရင့်နောင်နယ်မြေတို့တွင် လှည့်ကင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှသိရသည်။ စက်တင်ဘာ ၉ ရက် နံနက် ၂ နာရီခွဲအချိန်ခန့်တွင် မရမ်းကုန်း မြို့နယ် ပြည်လမ်း အိုးရှင်းကုန်တိုက် ရှေ့တွင် အင်းစိန်ဘက်မှလမ်းလျှောက်လာသည့် ဘင်္ဂါလီနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီးနောက် မရမ်းကုန်းမြို့နယ် အောင်မင်္ဂလာ(၂)လမ်း၊ လမ်းသွယ် (၃)တွင် တရားမဝင် ရောက်ရှိနေသည့် ဘင်္ဂါလီတစ်ဦးအပြင် မရမ်းကုန်း အမှတ်(၃)ရပ်ကွက် ဗိုလ်ချုပ်လမ်းတွင်လည်း ဘင်္ဂါလီတစ်ဦး၊ စုစု ပေါင်းလေးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

Read more...

အကြမ်းဖက် တိုက်ခိုက်ရာတွင် ပါဝင်သူကို ဖမ်းဆီးရမိ၊ ရသေ့တောင်မြို့နယ်ရှိ ကျေးရွာများမှ နေအိမ်များကို မီးရှို့

နေပြည်တော်၊ စက်တင်ဘာ ၉

အကြမ်းဖက်မှုဖြစ်စဉ်တွင် ပါဝင်တိုက်ခိုက်ခဲ့ပြီး ဒဏ်ရာရရှိထားသည့် ARSA  အစွန်းရောက် အကြမ်းဖက်သမားများ ဆင်အိုးပြင်ကျေးရွာ၌ ပုန်းခိုနေထိုင်လျက်ရှိကြောင်း လုံခြုံ ရေးတပ်ဖွဲ့ဝင်များက သတင်းရရှိသ ဖြင့် စက်တင်ဘာ ၇ ရက် ည ၇ နာရီခွဲတွင် ဝင်ရောက်စစ်ဆေးရာ အဘူ ဂေါ်ဘူ (၂၃)နှစ် (ဘ) မီရာလောက်အား ဝဲဘက်ခြေမျက်စိကျည်ဖောက် ဝင်ဒဏ်ရာဖြင့် ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိ၍ ဆေးဝါးကုသပေးပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရန် သက်ဆိုင်ရာသို့ အပ်နှံခဲ့ကြောင်း သိရသည်။

Read more...

ရန်ကုန်၊ နေပြည်တော်နှင့် မြို့ကြီး အချို့ရှိ လူစည်ကားရာနေရာများတွင် အနီရောင်အဆင့် လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ထား

ရန်ကုန်၊ စက်တင်ဘာ ၈

အကြမ်းဖက်သမားများက ရန်ကုန်၊ နေပြည် တော်နှင့် မြို့ကြီးအချို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများပြုလုပ်မည်ဟု သတင်းရရှိထားသဖြင့် ဝန်ကြီးဌာနရုံးများအပါအဝင် ရှော့ပင်းစင်တာ ကြီးများ၊ ဘာသာရေးအဆောက်အအုံများနှင့် လူစည်ကားသည့် နေရာများတွင် အနီရောင်အဆင့် လုံခြုံရေးတိုးမြှင့်ထားကြောင်း နေ ပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်မှသိရသည်။ ရန်ကုန်အပါအဝင် မြို့ကြီး အချို့တွင် ထောက်လှမ်းရေးဒရုန်းများ၊ အရပ်ဝတ်ဖြင့် မြေပြင်သတင်း စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ဝင်များ၊ မိုင်းရှာဖွေသည့်အဖွဲ့အစည်းများ၊ ရပ်ကင်း၊ လှည့်ကင်း၊ ဝပ်ကင်းများဖြင့် သတင်းထောက်လှမ်းမှုများပြုလုပ်ဆောင်နေကြောင်း နေပြည်တော် ရဲတပ်ဖွဲ့ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၈ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။

Read more...

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191