HOT NEWS
Main menu
adv

စားသောက်ဆိုင်၊ ကေတီဗွီ၊ အနှိပ်ခန်း ည ၁၁ နာရီပိတ်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရ ထုတ်ပြန်ထားခြင်းမရှိဟုဆို

ခြောက်မယ်၊ ဟောက်မယ်၊ ပြီးရင် ပိုက်ဆံယူမယ်ဆိုတဲ့စနစ်ကို ကျင့်သုံးဖို့ ဥပဒေတွေထုတ်တာမဟုတ်ဟု ရန်ကုန်

တိုင်းဒေ သကြီး ဝန်ကြီးချုပ် ပြောကြား

 


ရန်ကုန်၊ မေ ၁၂

စားသောက်ဆိုင်၊ ကေတီဗွီ၊ အနှိပ်ခန်းတို့ကို ည ၁၁ နာရီပိတ်ရန် အစိုးရအဖွဲ့မှ ထုတ်ပြန်ထားခြင်းမရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်အောင် ထွန်းက ပြောကြားလိုက်သည်။ မေ ၁၂ ရက်က ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်အစည်းအဝေး ခန်းမ(၂)တွင် ပြုလုပ်သည့် အစည်းအဝေးတွင် ဝန်ကြီးက ထိုသို့ပြောကြားလိုက်ခြင်းဖြစ်သည်။ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးတင်အောင်ထွန်းက ''လက်ရှိဖြစ်ပေါ်နေတဲ့ သတင်းက တော့ ည ၁၁ နာရီမှာ ကေတီဗွီတွေ၊ မာဆတ်တွေ၊ စားသောက်ဆိုင်တွေ အကုန်လုံးပိတ်ရမယ်။ မပိတ်ရင် ရဲ တွေလိုက်စစ် တယ်၊ ဖမ်းတယ်၊ ဆီးတယ်ဆိုတာတွေလည်း ကြားနေရပါ တယ်။ ဒါနဲ့ပတ်သက်ပြီး မေးတဲ့အခါ မှာလည်း အစိုးရအဖွဲ့က ဘာမှထုတ် ပြန်ထားတာမရှိပါဘူး။ ဒီအမိန့်တွေသည် တကယ်တမ်းထုတ်ပြန်ရမှာသည် အစိုးရအဖွဲ့က ထုတ်ပြန်ရမှာ ဖြစ်ပါတယ်''ဟု ပြောသည်။

Read more...

ဒေါ်အောင်ဆန်းစုကြည် နှင့် ငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှု

လက်ရှိ မြန်မာ့နိုင်ငံရေးသည် နိုင်ငံတ ကာ၏စိတ်ဝင်စားမှုကို ခံနေရပြီးစောင့်ကြည့်အကဲဖြတ်မှုများလည်း ရှိနေပါသည်။ အဘယ်ကြောင့်ဆိုသော် ၂ဝ၁၅ အထွေ ထွေရွေးကောက်ပွဲမှ တစ်ဆင့် မြန်မာပြည်သူ များက အရပ်သားအစိုးရစစ်ကို ရွေးချယ်တင် မြှောက်ခဲ့ခြင်းကြောင့်ပင် ဖြစ်ပေသည်။

Read more...

လွှတ်တော်၏ ဂုဏ်သိက္ခာကို ထိပါးစေသော၊ အထင်အမြင် မှားစေသော ရေးသားပြောဆိုမှုကို ရှောင်ကြဉ်ရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်ပြော

စစ်ရှောင်ကူညီရေး အရေးကြီးအဆိုကို ခွင့်မပြုရခြင်းမှာ ကန့်သတ်ချက်များနှင့် ညီညွတ်မှုမရှိခြင်းကြောင့် ဟုဆို

 

ရန်ကုန်၊ မေ ၁၁

လွှတ်တော်၏ ဂုဏ်သိက္ခာကိုထိပါးစေသော၊ အထင်အမြင်မှားစေသောရေးသားပြောဆို မှုကိုရှောင်ကြဉ်ရန် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌဦးဝင်းမြင့်က ပြောကြားလိုက်သည်။ မေ ၁၁ ရက်တွင် ပြုလုပ်သည့် ဒုတိယ အကြိမ်ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်စောဝေတင်သွင်းသည့် အရေးကြီးအဆိုကိုခွင့်မပြုရခြင်းနှင့် ပတ်သက်ပြီးရှင်းလင်းရာတွင်ထည့်သွင်းပြော ကြားခဲ့ခြင်းဖြစ်သည်။

Read more...

အစိုးရသစ်ကို ထောက်ခံပံ့ပိုးပြီး မြန်မာရွှေ့ပြောင်းလုပ်သားများကို ကူညီပေးမည်ဟု ကုလသမဂ္ဂ တာဝန်ရှိသူများဆို

ရန်ကုန်၊ မေ ၁၁

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ဒုတိယဌာနေကိုယ်စားလှယ်က အစိုးရသစ်ကိုထောက်ခံပံ့ပိုးကာ မြန်မာရွှေ့ပြောင်းလုပ်သားများအား ကူညီပေးသွားမည်ဖြစ်ကြောင်း မေ ၁၁ ရက်က ပြောကြား လိုက်ကြောင်းသိရသည်။ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂတာဝန်ရှိသူများသည် မေ ၁၁ ရက် မွန်းလွဲ ၂ နာရီအချိန်ခန့် တွင် နေပြည်တော် ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့ပြီး တွေ့ဆုံဆွေးနွေးပွဲအပြီး တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင် ရာ မဟာမင်းကြီးရုံး ဒုတိယဌာနေ ကိုယ်စားလှယ်မှ ယင်းသို့ပြောကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read more...

တရားဥပဒေ စိုးမိုးရေးအတွက် လာဘ်ပေး လာဘ်ယူမှုများရှိပါက ထိရောက်စွာ အရေးယူမည်ဟု ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ပြောကြား

တရားဥပဒေစိုးမိုးရေးအတွက် တိတိကျကျဆောင်ရွက်မည်ဖြစ်ပြီး လာဘ်ပေး၊ လာဘ်ယူမှုများရှိပါက ပဲခူးတိုင်းဒေသကြီးဥပဒေချုပ်ထံသို့ တိုက်ရိုက်တိုင်ကြားနိုင်ကာ ထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်း ပဲခူး တိုင်းဒေသကြီး ဥပဒေချုပ်ဦးအုန်းမြင့်က ပြောသည်။

Read more...
adv

adv

FacebookG+TwitterRSS