HOT NEWS
Main menu
adv

ကျိုင်းတုံမြို့တွင် ယာဉ်တိုက်မှုအဖြစ်များသည့် နေရာနှင့် အဝေးပြေးလမ်းမတွင် ရှောင်တခင်စစ်ဆေး

ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၂၅

ရှမ်းပြည် နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်ထိ ခိုက်ဒဏ်ရာလျော့နည်းမှု ကျဆင်း ရေးအတွက်ယာဉ်တိုက်မှုမကြာခဏ ဖြစ်ပွားလေ့ရှိသော နေရာများနှင့် အဝေးပြေးလမ်းမ၌ ယာဉ်များအား ရှောင်တခင်စစ်ဆေးမှုကို တစ်ပတ် လျှင် နှစ်ကြိမ်ခန့်ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း အမှတ် (၁၁၆) ယာဉ် ထိန်းတပ်ဖွဲ့စုမှူးရုံးမှ သိရသည်။

Read more...

မြဝတီမြို့တွင် တပ်မတော်ဆရာဝန်များ ပြည်သူများကို အခမဲ့ဆေးကုသပေး

မြဝတီ၊ ဖေဖော်ဝါရီ ၂၅
မြဝတီမြို့တွင် ကျန်းမာရေး ဝန်ထမ်းတပ်မတော်သားများက ပြည်သူများအား အခမဲ့ဆေးကုသမှုလုပ်ငန်းတစ်ရပ် ကုသဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ မြဝတီမြို့အမှတ်(၄)ရပ်ကွက်ရှိ ကျောက်လုံးကြီး ဘုန်းတော်ကြီးကျောင်းတွင် ဖေဖော်ဝါရီ ၂၅ ရက် နံနက် ၉ နာရီက မြဝတီမြို့နယ် သင်္ဃန်းညီနောင်တပ်နယ်မှ ကျန်းမာရေးဝန်ထမ်း တပ်မတော်သားများသည် မြဝတီမြို့မှပြည်သူများအား ဆေးကုသရေးလုပ်ငန်း များကို အခမဲ့ကုသဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
Read more...

လှည်းကူးမြို့ကို အဆင့်မြှင့်တင်မည်ဟု ဝန်ကြီးချုပ်ဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ရန်ကုန် နှင့် ပဲခူးကြားစင်္ကြံလမ်း၏အလယ် တွင်ရှိသည့် လှည်းကူးမြို့ကို အဆင့် မြှင့်တင်နိုင်ရန် စီမံကိန်းတစ်ရပ်ရေး ဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် က ပြောကြားလိုက်သည်။ ဖေဖော်ဝါရီ ၂၅ ရက် နံနက် ပိုင်းက လှည်းကူးမြို့အားကစား ခန်းမတွင်ပြုလုပ်သည့် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် ပြည်သူလူ ထုတွေ့ဆုံပွဲတွင် ယင်းသို့ပြောကြား ခဲ့ခြင်း ဖြစ်သည်။

Read more...

ဖမ်းဆီးခံထားရသည့် တောင်သူများနှင့် တရားရင်ဆိုင်နေရဆဲ တောင်သူများ အမြန်ဆုံး လွှတ်ပေးရေး မန္တလေးမြို့တွင် ဆန္ဒထုတ်ဖော်

မန္တလေး၊ ဖေဖော်ဝါရီ ၂၅

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဖမ်းဆီးခံထားရသည့် တောင်သူများနှင့်တရားရင်ဆိုင်နေရဆဲဖြစ်သော တောင်သူများအမြန်ဆုံးလွှတ်ပေးရန်အတွက် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၁၈ မြို့နယ်မှ တောင်သူများသည် တရားဝင်ခွင့်ပြုချက်တင်၍ စုပေါင်းဆန္ဒထုတ်ဖော်မှုကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁ဝ နာရီက မန္တလေးမြို့၊ ၁၂ လမ်းနှင့် ၆၆ လမ်းထောင့်ရှိ စန္ဒာမုနိဘုရားဥပစာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

FacebookG+TwitterRSS