Main menu
HOT NEWS
adv
ကျိုင်းတုံမြို့ရှိ ဘော်ဒါဆောင်တစ်ခုအား မီးရှို့ရန်ကြံစည်သူကို ဖမ်းဆီး

ကျိုင်းတုံမြို့ရှိ ဘော်ဒါဆောင်တစ်ခုအား မီးရှို့ရန်ကြံစည်သူကို ဖမ်းဆီး

ထက်တိုင်းကျော် (မြစ်မခ) ကျိုင်းတုံ၊ ဧပြီ(၂၀)ရက်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့အမှတ်()ရပ်ကွက်၊ ကျိုင်းလန်းရပ်ဈေးတန်းလေးလမ်းတွင်ဖွင့်လှစ်ထား သည့် CEC ဘော်ဒါဆောင်အား ဧပြီလ ၁၈ ရက်နေ့က ဓာတ်ဆီလောင်းမီးရှို့ရန် ကြံစည်ကြိုးစားခဲ့သူကို ဧပြီ ၁၉ ရက်နေ့က ဖမ်းဆီးရမိထားကြောင်း အမှတ်()ရပ်ကွက်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ဘော်ဒါဆောင်ရဲ့ ရေချိုးခန်းလေဝင်ပေါက် တံခါးပေါက်ကနေ ရေချိုးခန်းထဲကို ဓာတ်ဆီလောင်းချပြီး စက္ကူကို မီးရှို့ပြီးမှ ပစ်ချလိုက်တာလို့သိရပါတယ်။ ကံကောင်းတာက မီးလောင်နေတဲ့စက္ကူက ရေချိုးခန်းထဲမှာရှိတဲ့ ရေ တိုင်ကီထဲကိုကျပြီး မီးမလောင်ခဲ့ပါဘူး။ဟု အမှတ်()ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းတွီက ပြောသည်။

မီးရှို့ရန်ကြံစည်ကြိုးစားသူမှာ ၂၀၁၆ ခုနှစ်တွင် ကျိုင်းတုံမြို့မရဲစခန်းမှ ()၁၆၅/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၃၆/၃၃၂ အမှုမှ တရားခံပြေးတစ်ဦးဖြစ်သည့် မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်တုံရွာနေ ကိုဖြိုး()ဖြိုးဝေစိုး (၃၀)နှစ် ဖြစ်ကြောင်း သိရသည်။

ဘော်ဒါဆောင်ပိုင်ရှင်တရားလို ဦးကျော်မြနိုင်မှ ဧပြီ ၁၉ ရက်တွင် ကျိုင်းတုံမြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြား ခဲ့သဖြင့် မီးရှို့ရန်ကြိုးစားသူအား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမှုနှင့်ပတ်သက်၍ ကိုဖြိုး()ဖြိုးဝေစိုးအား ကျိုင်းတုံမြို့မရဲစခန်းမှ ()၆၃/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆/၅၁၁ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191