Main menu
HOT NEWS
adv
သင်္ကြန်ကာလအတွင်း ရခိုင်ပြည်နယ်တွင် သေဆုံးသူနှင့် ဒဏ်ရာရရှိသူ နည်းပါးဟုဆို

သင်္ကြန်ကာလအတွင်း ရခိုင်ပြည်နယ်တွင် သေဆုံးသူနှင့် ဒဏ်ရာရရှိသူ နည်းပါးဟုဆို

ဧပြီ ၂၁

 

သင်္ကြန်ကာလတွင် ရခိုင်ပြည်နယ်အတွင်း မူခင်းများခဲ့သော်လည်း သေဆုံးသူနှင့် ဒဏ်ရာရရှိသူအရေအတွက်က ယခင်နှစ် သင်္ကြန်ကာလထက် နည်းပါးခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ရုံးမှတစ်ဆင့် သိရသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း ရခိုင်ပြည်နယ် တစ်ပြည်နယ်လုံး အတိုင်းအတာဖြင့် ဧပြီ ၁၃ ရက်ကနေ ဧပြီ ၁၆ ရက်နေ့အထိ သင်္ကြန်နှင့်ပတ်သက်သည့် မှုခင်းနှင့် သင်္ကြန်နှင့် မပတ်သက်ဘဲဖြစ်ပွားခဲ့သည့် မူခင်း စုစုပေါင်း ၄၃ မှုရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၆၅ ဦး၊ သေဆုံးသူ ရှစ်ဦးရှိခဲ့ကြောင်း သိရသည်။ သင်္ကြန်နှင့် ပတ်သက်သည့် မှုခင်းစုစုပေါင်း ၁၂ မှုရှိခဲ့ပြီးယင်းအထဲတွင်  သေဆုံးသူတစ်ဦး၊ ဒဏ်ရာရရှိသူ ၃၁ ဦးထိ ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးစိန်လွင်ကပြောသည်။

 

" သင်္ကြန်မှုခင်းနဲ့ မပတ်သက်တဲ့ အမှု စုစုပေါင်း ၃၁ မှုရှိပါတယ်။ ဒဏ်ရာရရှိသူ ၃၄ ဦးနဲ့ သေဆုံးသူ ခုနစ်ဦးရှိခဲ့ပါတယ်။ ဖြစ်ပွားခဲ့တဲ့ အမှုတွေကတော့ လူသတ်မှု၊ မုဒိမ်းမှု၊ ယာဉ်တိုက်မှု၊ နာကျင်စေမှု၊ အခြားအမှု၊ လက်နက်မှု၊ ယစ်မျိုး၊ ခိုးနှိုက်မှုနဲ့ သေမှုသေခင်းတွေ ပါဝင်ပါတယ်။ သင်္ကြန်ကာလမှာ အခုလိုမျိုး မူခင်းတွေ နည်းပါးသွားခဲ့တာ ပြည်သူတွေက ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းစဉ်တွေမှာ ပူပေါင်းပါဝင်လာတဲ့အတွက်ပါ။ ပြည်သူတွေ ပူးပေါင်းပါဝင်လာလို့ အခုလို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့တာပါ" ဟုလည်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး စိန်လွင်ကပြောသည်။ ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က သင်္ကြန်ကာလအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အမှုစုစုပေါင်း ခုနစ်မှုရှိခဲ့ပြီး သေဆုံးသူသုံးဦး၊ ဒဏ်ရာရရှိသူ ၄၉ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

 

MB

Rate this item
(1 Vote)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191