Main menu
HOT NEWS
adv
မြိတ်မြို့တွင် ရေသယ်ထော်လာဂျီ ယာဉ်များ စက်တင်ဘာလတွင် အပြီးရပ်နား၍ ကြံ့ခိုင်ကောင်းမွန်သော ယာဉ်များဖြင့် အစားထိုး မောင်းနှင်ရမည်

မြိတ်မြို့တွင် ရေသယ်ထော်လာဂျီ ယာဉ်များ စက်တင်ဘာလတွင် အပြီးရပ်နား၍ ကြံ့ခိုင်ကောင်းမွန်သော ယာဉ်များဖြင့် အစားထိုး မောင်းနှင်ရမည်

မြိတ်၊ သြဂုတ် ၁၁

တနင်္သာရီတိုင်း ဒေသကြီး မြိတ်မြို့တွင် ရေသယ်ထော် လာဂျီယာဉ်များ မကြာခဏယာဉ် မတော်တဆမှုဖြစ်ပွားနေသောကြောင့် စက်တင်ဘာလဆန်းမှ စတင်၍ ကြံ့ခိုင်မှုကောင်းသော ရေသယ်ယာဉ်များဖြင့် အစားထိုးလုပ်ကိုင်သွားကြ ရမည်ဖြစ်ကြောင်း မြိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။ 

 

မြိတ်မြို့တွင် ရေသယ်ထော် လာဂျီယာဉ်များကြောင့် ယာဉ်မ တော်တဆဖြစ်ပွားမှုများပြားလာ သောကြောင့် ပြည်သူများ ယာဉ် အန္တရာယ်ကင်းရှင်းစေရေးအတွက် သြဂုတ်လဆန်းပိုင်းက မြို့နယ်စည် ပင်သာယာရေးကော်မတီရုံးအစည်း အဝေးခန်းမ၌ ရေရောင်းချရေးလုပ် ငန်းလုပ်ကိုင်နေသူများနှင့်စည်ပင် သာယာရေးအဖွဲ့တို့တွေ့ဆုံ၍ တစ်လအတွင်း ရေသယ်ထော်လာဂျီ ယာဉ်များအစား ကြံ့ခိုင်မှုကောင်း မွန်သော ရေသယ်ယာဉ်များဖြင့် ပြောင်းလဲအစားထိုးလုပ်ကိုင်ရန် ဆွေးနွေးခဲ့ကြသည်။


''ထော်လာဂျီရေသယ်ယာဉ် တွေ ယာဉ်မတော်တဆဖြစ်ပွားခဲ့တာ ကြောင့် ပြည်သူတွေ ထိခိုက်ဒဏ် ရာရမှုရှိခဲ့တယ်။ ထော်လာဂျီနဲ့ရေ သယ်ယာဉ် မဆောင်ရွက်ဖို့နဲ့ တစ်လအတွင်း ထော်လာဂျီရေသယ် ယာဉ်တွေအစား ကြံ့ခိုင်မှုကောင်းတဲ့ ရေသယ်ယာဉ်တွေနဲ့ ပြောင်းလဲကြဖို့၊ အသက်မပြည့်တဲ့ကလေးငယ်တွေ ကို ရေသယ်ယာဉ်မောင်းနှင်ခြင်း မပြုဖို့ တိုက်တွန်းပြောဆိုခဲ့တယ်''ဟု မြိတ်မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောကြားသည်။


ရေသယ်ထော်လာဂျီယာဉ်အစား အခြားကြံ့ခိုင်ရေးကောင်းမွန် သော ရေသယ်ယာဉ်များဖြင့် တစ် လအတွင်း ပြောင်းလဲကြရန်နှင့်စက် တင်ဘာ ၄ ရက်မှစတင်၍ ထော်လာဂျီရေသယ်ယာဉ်ဖြင့် သယ် ဆောင်ရောင်းနေသည်ကို တွေ့ရှိပါ က စည်ပင်သာယာရေးအဖွဲ့ဥပဒေ ဖြင့် အရေးယူသွားမည်ဖြစ်သည်။ 

DMT

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191