Main menu
HOT NEWS
adv
မုံရွာ အကျဉ်းထောင်ရှိ HIV  ပိုးတွေ့ အကျဉ်းသားများ ထောင်ကလွတ်ပါက ART ဆေး ဆက်လက်ရရှိရန် အကျဉ်းထောင်မှ ဆောင်ရွက်ပေးထား

မုံရွာ အကျဉ်းထောင်ရှိ HIV ပိုးတွေ့ အကျဉ်းသားများ ထောင်ကလွတ်ပါက ART ဆေး ဆက်လက်ရရှိရန် အကျဉ်းထောင်မှ ဆောင်ရွက်ပေးထား

မုံရွာ၊ စက်တင်ဘာ ၂၂

HIV  ပိုး တွေ့ထားသော စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူများ ပြစ်ဒဏ်စေ့၍ ထောင်မှလွတ်ပါက မိမိ နေထိုင်ရာ မြို့နယ်တွင် ART ဆေးများ ဆက်လက်ရရှိရန် အကျဉ်း ထောင်တာဝန်ရှိသူများက စီစဉ်ပေးထားကြောင်း မုံရွာထောင်တာဝန်ခံ လက်ထောက်ညွန်ကြားရေးမှူး ဦးခင်မောင်ထွန်းက ပြောသည်။


စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးဦးမျိုးမောင် ခေါင်းဆောင်သော အဖွဲ့သည် စက်တင်ဘာ ၂၂ ရက် နံနက် ၈ နာရီက မုံရွာအကျဉ်းထောင်သို့ သွားရောက်၍ အကျဉ်းသား၊ အကျဉ်းသူများ ရသင့်သော အခွင့်အ ရေးများ ခံစားနိုင်ရေး တွေ့ဆုံမေး မြန်းမှု၌ HIV ပိုးတွေ့လူနာများအား မည်သို့ဆောင်ရွက်ထားသည်ကို သိလိုကြောင်းမေးမြန်းရာ ထောင်တာဝန်ခံမှ ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

 

''ကျွန်တော်တို့ဆီမှာရှိနေတုန်း ဆေးထုတ်ထားတာတော့ နေ့စဉ်တိုက်တယ်။ သူလွတ်သွားလို့ရှိရင် White Card  ဆိုတာရှိတယ်။ မူရင်းကတော့ ကျန်းမာရေးဌာနက သိမ်းထားတာ၊ ဒီကတ်ရှိနေသရွေ့ ဆေးရနေမယ်။ မြို့နယ်က ကျန်းမာရေးဦးစီးဌာနကို ဒီကအကြောင်းကြား ပေးတယ်။ သူတို့ကပဲ HIV ဌာနက နေ ဆေးဆက်လက်ထုတ်ပေးတယ်။ ကျွန်တော်တို့က ထုတ်ပေးလို့မရဘူး'' ဟု ဦးခင်မောင်ထွန်းက ပြောသည်။


မုံရွာအကျဉ်းထောင်သည် မုံရွာ မြို့ ရုံးကြီးရပ်ကွက် ရုံးကြီးလမ်းတွင် တည်ရှိပြီး လူတစ်ထောင်ဆံ့ (က) အဆင့်အကျဉ်းထောင်တစ်ခုဖြစ်ပြီး အဆိုပါထောင်တွင် စက်တင်ဘာ ၂၂ ရက်ထိ စာရင်းအရ အကျဉ်းသား၊ အချုပ်သား ၈ဝ၃ ဦး၊ အကျဉ်းသူ၊ အချုပ်သူ ၆၃ ဦး စုစုပေါင်း ၈၆၆ ဦးရှိနေကာ ၎င်းတို့ထဲတွင် HIV  ပိုးတွေ့ အကျဉ်းသား ၁၃ ဦး၊ အကျဉ်းသူနှစ်ဦးရှိပြီး တိုင်း ဒေသကြီးခုခံကျ၊ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနမှ  ART ဆေးများကို ထုတ်ယူတိုက်ကျွေးနေ ကြောင်း သိရသည်။ 

 

KTS

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191