Main menu
HOT NEWS
adv
ယာဉ်တိမ်းမှောက်၍ လူသေဆုံးမှု မကြာခဏဖြစ်ပွားသော မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၌ အရှိန်ပြင်းတိုင်း ကိရိယာဖြင့်စစ်ဆေး၍ အသိပညာပေးနေ

ယာဉ်တိမ်းမှောက်၍ လူသေဆုံးမှု မကြာခဏဖြစ်ပွားသော မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး၌ အရှိန်ပြင်းတိုင်း ကိရိယာဖြင့်စစ်ဆေး၍ အသိပညာပေးနေ

မြဝတီ၊ စက်တင်ဘာ ၂၂

ယာဉ်တိမ်းမှောက်မှုများနှင့် လူသေဆုံးမှုများမကြာခဏ ဖြစ်ပွားလျက်ရှိသည့် ကရင်ပြည်နယ် မြဝတီ- ကော့ကရိတ် အာရှအမြန်လမ်းမကြီး ကွမ်းခြံကွေ့ကုန်းဆင်းနေရာ၌ စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်းမှစတင်၍ အရှိန်ပြင်းတိုင်းကိရိယာ ဖြင့် တိုင်းတာစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင် ရွက်နေကြောင်း သိရသည်။

 

''အခုဒီလမ်းမကြီးမှာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်တွေ၊ လူ သေဆုံးမှုတွေလျော့နည်းပပျောက် စေဖို့အတွက် ဆောင်ရွက်တာဖြစ်ပါတယ်။ မီးအချက်ပြမှန်ကန်ဖို့ Slow Down  တွေကိုမရှောင်ဖို့ ရှောင်တ ခင်စစ်ဆေးမှုနဲ့ ပညာပေးမှုတွေ ဆောင်ရွက်တာဖြစ်ပါတယ်။ Slow Down  တွေကိုတွေ့တဲ့အခါ ရုတ်တ ရက်တွေ့ပြီး ရှောင်လိုက်တော့ အန္တရာယ်ဖြစ်တာပေါ့။ ယာဉ်စည်းကမ်း ကိုမလိုက်နာကြတော့ မကြာခဏယာဉ်တိမ်းမှောက်မှု ဖြစ်နေရတာပါ''ဟု မြဝတီခရိုင်ကုန်းလမ်းပို့ ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဦးသံခဲကပြောကြားသည်။ မြဝတီ- ကော့ကရိတ် အာရှအမြန်လမ်းမကြီးတွင် မောင်နှင်ကြသည့် ယာဉ်မောင်းအချို့သည် သတ်မှတ်ထားသည့်အရှိန်ထက်ပို မောင်းခြင်း၊ အရှိန်ပြင်းမောင်းနှင်မရအောင် ဆောင်ရွက်ထားသည့် အရှိန်တားခုံး Slow Down များကို အရှိန်မထိန်း ဘဲကွင်းပြီး မောင်းနှင်နေမှုများ ကြောင့် ယာဉ်အန္တရာယ်ဖြစ်ကာ မကြာခဏယာဉ်တိမ်းမှောက်၊ လူသေဆုံးမှုများ ဖြစ်ပွားနေခြင်းဖြစ်သည်။ မြို့ပြင်မှာဆိုရင် ကီလို ၈ဝ (မိုင် ၆ဝ) ပိုလို့မရပါဘူး၊ ကုန်တင်ယာဉ်တွေ၊ ဆီဘောက်ဆာကားတွေလည်း အဲလိုပဲ သတ်မှတ်ထားတာရှိပါတယ်။ ဒီနေ့စစ်ဆေးမှုတွေလုပ်ရာမှာ သတ်မှတ်ထားတဲ့အရှိန်ထက်များနေတာ တွေ တွေ့ရပါတယ်၊ ဒါကိုကျွန်တော်တို့ ပညာပေးဆောင်ရွက်နေတာပါ၊ နောက်ဆိုရင် မော်တော်ယာဉ် ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု အမှတ် (၇၃) ယာဉ်ထိန်းတပ်ဖွဲ့စုမှူး ဒုရဲမှူးစိုး မြင့်ဦးက ပြောကြားသည်။


အသိပညာပေးဆောင်ရွက်ရာတွင် အမှတ် (၇၃)ယာဉ်ထိန်း ရဲတပ်ဖွဲ့စုမှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ခရိုင်ကုန်းလမ်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်လုပ်ငန်းလိုင်စင်နှင့် သယ်ယူ ပို့ဆောင်ရေးကြီးကြပ်ညှိနှိုင်းမှုဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ယာဉ် စည်းကမ်းထိန်းသိမ်းရေး အထောက်အကူပြုအဖွဲ့ဝင်များ၊ သင်္ကန်းညီ နောင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များပူးပေါင်း၍ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

 

KKTM

#democracytoday

Rate this item
(0 votes)
Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191