Main menu
HOT NEWS
adv
လစာငွေထုတ်ပေးမှုအား ဘဏ်နှင့်ချိတ်ဆက်ဆောင်ရွက်မည့်အပေါ် အခက်အခဲများ ဖြစ်ပေါ်မည်ကို ဆရာ၊ ဆရာမအချို့ စိုးရိမ်နေ

လစာငွေထုတ်ပေးမှုအား ဘဏ်နှင့်ချိတ်ဆက်ဆောင်ရွက်မည့်အပေါ် အခက်အခဲများ ဖြစ်ပေါ်မည်ကို ဆရာ၊ ဆရာမအချို့ စိုးရိမ်နေ

မင်းဗညား ၊ ရန်ကုန်

ပညာရေးဝန်ကြီးဌာန၏ အစိုးရဝန်ထမ်းများအား လစာငွေထုတ်ပေးမှုကို ပုဂ္ဂလိကဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားမည့် အပေါ် အခက်အခဲများဖြစ်ပေါ်မည်ကို ဆရာ၊ ဆရာမအချို့က စိုးရိမ်နေကြောင်း သိရသည်။

ဇူလိုင် တတိယအပတ်ခန့်က ပညာရေးမြှင့်တင်မှုအကောင် အထည်ဖော်ရေးနှီးနှောဖလှယ်ပွဲ (အခြေခံပညာကဏ္ဍ) အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆရာ၊ ဆရာမများ၏ လစာငွေများအား ပုဂ္ဂလိကဘဏ်များနှင့် ပူးပေါင်း၍ Pilot Project အနေဖြင့် တစ်ဦးတစ်ယောက်ချင်းအလိုက် ဘဏ်အကောင့်များဖွင့်လှစ်ကာ တိုး ချဲ့ဆောင်ရွက်၍ စီစဉ်သွား မည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ မည်သည့်အချိန်တွင် စတင်ဆောင်ရွက်မည်ဆိုသည့် လုပ်ငန်းစဉ်အ သေးစိတ်ကိုမူ ပြောဆိုခဲ့ခြင်းမရှိပေ။

''ဘဏ်တွေနဲ့ ချိတ်ဆက်ပြီးလုပ်မယ်ဆိုတော့ ကောင်းပါတယ်။ ကျွန်တော်တို့ အမြဲပြောခဲ့တာပဲ။ ဒါ ပေမယ့် ဒီစနစ်ကို သွားတော့မယ်ဆိုရင် ကြိုတင်ပြီး လေ့လာမှုတွေပြုသင့်တယ်။ ဘဏ်ကိုသွားရမယ့်အချိန် ဘဏ် မှာစောင့်ဆိုင်းရမယ့်အ ချိန်တွေဖြစ်လာခဲ့ရင် ဆရာ၊ ဆရာမတွေအတွက် ဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေတယ်ဆိုရင်လဲ ပြဿနာပဲလေ'' ဟု ဒဂုံတက္ကသိုလ် ဆရာ၊ ဆရာမများသမဂ္ဂမှ ဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူက သုံးသပ်ပြသည်။

ထို့အပြင် တက္ကသိုလ်အချို့တွင် လစာငွေထုတ်ယူနိုင်ရေးလုပ်ငန်းအတွက် ထားရှိသည့် ဝန်ထမ်းအင်အားသည် မလိုအပ်ဘဲ များပြားနေမှုများရှိနေကြောင်း သိရသည်။ သို့သော် လက်ရှိကျင့်သုံးလျက်ရှိသည့်စနစ်များအရ လစာထုတ်ရက်များတွင် သက်ဆိုင်ရာကျောင်းများ၌ လစာထုတ်ယူရာဌာနတွင် တစ်ကျောင်းလုံးရှိ ဆရာ၊ ဆရာမအပြင် ဝန်ထမ်းများကပါ တစ်နေရာ တည်းတွင် စုပြုံ၍ထုတ် ယူနေရခြင်းကြောင့် အခက်အခဲ ဖြစ်ပေါ်နေရကြောင်း သိရသည်။

''တစ်နေရာတည်းမှာ စုပြုံပြီးထုတ်နေရတယ်။ နေရာအခက်အခဲရှိတယ်။ အဲဒီနေ့ကို စာသင်ဖို့ကို ခဏထားဦး ကိုယ့်အလှည့်မြန် မြန်ပြီးဖို့ အရေးကြီးတယ်ဆိုပြီး တန်းစီစောင့်နေရတာအမောပဲ။ နောက် တစ်ခု အပြန်ဖယ်ရီမီဖို့အတွက် စဉ်း စားရသေးတယ်။ ဒါက လတိုင်းလ စာထုတ်ရင်ကြုံနေရတဲ့ အခက်အခဲ ပဲ''ဟု လက်ထောက်ကထိကတစ်ဦး ဖြစ်သည့် ဆရာလှိုင်တင့်က ပြော ကြားသည်။

ထို့အပြင် လမ်းပန်းဆက်သွယ်ရေးသွားလာရန်ခက်ခဲသော နေရာဒေသများရှိ ဝန်ထမ်းများအတွက်လည်း လွယ်ကူအဆင်ပြေ သည့် လစာငွေထုတ်ယူနိုင်မှုများကိုလည်း ဆောင်ရွက်ပေးသင့်ကြောင်း အ ကြံပြု ပြောဆိုကြသည်။

''ဘဏ်စနစ်ပြောင်းတဲ့အခါလဲ ကျောင်းမှာတော့ မစောင့်ရတော့ဘူး ဘဏ်မှာသွားစောင့်နေ ရတဲ့အဖြစ်မျိုးလဲ ဖြစ်နေရင်ဒုက္ခ။ ATM ကတ်တွေလိုမျိုး ဘဏ်အကောင့်နဲ့ချိတ်ဆက်ပြီး ဆောင်ရွက်ပေးရင် ပိုပြီးအဆင်ပြေမယ်။ ကိုယ်လိုအပ်တဲ့အချိန်မှ လိုအပ်တဲ့ အတိုင်း အတာပမာဏကို ထုတ်သုံးလို့ရတယ်။ ဒါတောင် ATM စက်တွေ ကလဲ ပျက်တာတွေဘာတွေ ကြားနေရသေးတယ်''ဟု ရန်ကုန်အရှေ့ ပိုင်းတက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂမှ ကထိကတစ်ဦးက သုံးသပ် ပြောကြားသည်။

 

#FlowerNewsJournal

Last modified onSunday, 31 July 2016 12:59
Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Latest from မိုးဆက်ကို

Login to post comments
back to top

620 200

620 200 2

Business Info

The Official Website of Yangon Times Journal and Flower News Journal, Publish by Yangon Media Group Limited.

Mission

The Free Press is a Cornerstone of Democracy.
A Free Press, At its Best, Reveals Truth.

Facebook G+ Twitter RSS

Find Us

တိုက် (ဘီ) အမှတ် (၁၀၁) ၊ မဟာ ဗန္ဓုလတာဝါ ၊ ဗန္ဓုလတံတား အနီး ၊ ပုဇွန်တောင်မြို့နယ် ၊ ရန်ကုန်မြို့  ။

Call: 01 9010073 , 01 9010074 , 01 9010075
IT: 09 540 3616

For Information - 09 400471100 , 09 964010191