HOT NEWS
Main menu
adv
ဧရာဝတီမြစ်အောက်ပိုင်း မြစ်ရေ ဆက်တက်လာနိုင်သဖြင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းနေထိုင်ရန်လိုအပ်ဟု မိုး/ဇလဒုညွှန်ချုပ် ပြော

ဧရာဝတီမြစ်အောက်ပိုင်း မြစ်ရေ ဆက်တက်လာနိုင်သဖြင့် ဘေးကင်းရာသို့ ရွှေ့ပြောင်းနေထိုင်ရန်လိုအပ်ဟု မိုး/ဇလဒုညွှန်ချုပ် ပြော

ရန်ကုန်၊ ဧရာဝတီမြစ်အောက်ပိုင်းတွင် မြစ် ရေ ဆက်တက်လာနိုင်သဖြင့် ရေဘေး ကင်း လွတ်ရာ နေရာသို့ ရွှေ့ပြောင်းနေထိုင်ရန် လိုအပ်ပြီး စိုးရိမ်ရသော ဒေသများမှာ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် မန္တလေး တိုင်းဒေသကြီးတို့ ပါဝင်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြား မှုဦးစီးဌာနမှ သိရသည်။

''ဧရာဝတီမြစ်အောက်ပိုင်းဒေသတွေ ဖြစ်တဲ့ မင်းဘူး၊ အောင်လံ၊ မကွေး၊ ပြည်၊ ဇလွန်၊ ညောင်ဦးတို့မှာ ရေ ဆက်တက်ဦးမယ်။ စိုးရိမ်ရတဲ့ ဒေသတွေကတော့ မကွေးတိုင်း၊ ပဲခူးတိုင်း ဒေသကြီး တို့တွေ ထဲက ပြည်တို့၊ အောင်လံတို့၊ ဧရာဝတီတိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတွေ ပါဝင်တယ်။ ပြည်သူတွေအနေနဲ့ ရေဘေးကင်းလွတ်ရာ နေရာတွေကို ရွှေ့ပြောင်းနေထိုင်ကြ ပြီး ရေကျသွားမှ မိမိတို့နေထိုင်ရာ ကို ပြန်လည်နေထိုင်သင့်ပါတယ်''ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောသည်။

မြန်မာနိုင်ငံတစ်ဝန်းတွင် မြစ်ရေများ ကြီးနေပြီး ချင်းတွင်းမြစ်အပေါ်နှင့် အောက်ပိုင်းဒေသများ၊ ဧရာဝတီမြစ် အလယ်ပိုင်းဒေသ များ၌ ရေကျနိုင်ခြေရှိကြောင်း သိရသည်။

''ချင်းတွင်းမြစ်အပေါ် ဟုမ္မလင်း၊ ခန္တီး၊ ဖောင်းပြင်မှာ မနက်ဖြန်ကျနိုင်တယ်။ မော်လိုက်၊ ကလေးဝမှာ နောက်သုံးရက်အတွင်း ကျနိုင်တယ်။ မင်းကင်းနဲ့ ကနီမှာ ဒီနေ့စကျပြီ။ ချင်းတွင်းမြစ်အောက်ပိုင်း က နောက်သုံး၊ လေး၊ ငါးရက်နေရင် ကျနိုင်တယ်။ မုံရွာမှာ နောက် နှစ်ရက်လောက်ဆိုရင် ကျနိုင်တယ်။ ဧရာဝတီမြစ် အပေါ်ပိုင်း သပိတ်ကျင်းက ဒီညမှာ ကျနိုင်တယ်။ မြစ်လယ်ပိုင်းကလည်း ကျနိုင်တယ်'' ဟု ၄င်းက သြဂုတ် ၃ ရက်တွင် ပြောသည်။

ဧရာဝတီမြစ်လယ်ပိုင်း ဒေသများဖြစ်သည့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ကနီ၊ မင်းကင်း၊ မြင်းမူဒေသများတွင် နောက်နှစ်ရက်အ တွင်း ရေကျနိုင်သော်လည်း ပခုက္ကူ၊ ညောင်ဦး ဒေသများတွင် ရေ ဆက်တက်နေဦးမည်။

 

သူသူထက်လွင် #YangonTimesJournal

Rate this item
(0 votes)
မိုးဆက်ကို

Thura Soe @ Moe Sat Ko

Login to post comments
back to top
adv

adv

FacebookG+TwitterRSS