HOT NEWS
Main menu

တောင်တွင်းကြီး မြို့ နယ်တွင် ဇာတ်သဘင်အဖွဲ့ စကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်

တောင်တွင်းကြီး

တိုင်းဒေသကြီး သဘင်အစည်းအရုံးအဖွဲ့ဝင်များက အနုပညာရင်ခွင်သစ်ဇာတ်အဖွဲ့ ခွင့်ပြုချက်ပါမစ်အား စစ်ဆေးနေစဉ် နေအိမ် အောက်ထပ်တွင် အမျိုးသမီးကိစ္စ ငြိစွန်းမှုနှင့်ပတ်သက်၍ စကားများပြီး ဇာတ်အဖွဲ့ထောင် သူအား ဓားဖြင့်ထိုးသတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

 တောင်တွင်းကြီးမြို့ ရွှေအိုး(၂)ရပ်ကွက်နေ မရီဆွေ  ၄၃ နှစ်သည် ဇူလိုင် ၃၁ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် ခင်ပွန်းဖြစ်သူ မိုးသဲ(၄၃ နှစ်)တည်ထောင်ထားသော အနုပညာရင်ခွင်သစ်ဇာတ်အဖွဲ့ အား တောင် တွင်းကြီးမြို့ တောင် ပြင် (၁)ရပ်ကွက် မြို့နယ်ဇာတ်သဘင်အစည်းအရုံးဥက္ကဋ္ဌ  ဦးအာလူး(ခ) ဦးစန်းလွင်၏ နေအိမ်အောက်ထပ်တွင် မကွေးတိုင်းဒေသကြီး သဘင်အစည်းအရုံးဥက္ကဋ္ဌ  ဦးအောင်ကျော်ဦး (ခ) မင်းခန့်ကိုပါ ခြောက်ဦးတို့ က ဇာတ်အဖွဲ့ခွင့်ပြုချက်ပါမစ် အား ဇာတ်အဖွဲ့သား ၂၅ ဦးခန့် နှင့်အတူ စစ်ဆေးနေကြောင်း သိရသည်။


ထိုစဉ် နေအိမ်အောက်ထပ် လှေကားအနီးတွင် မိုးသဲ နှင့် ခိုင်မင်းစိုး၏ ဇနီးဖြစ်သူ မရင်မြတို့ ငြိစွန်းနေသည့်ကိစ္စ နှင့်ပတ်သက်၍ စကားများရန် ဖြစ်ကြရာ သန့်ဇင်ဦးနှင့် လှိုင်မျိုး ဇော်တို့က မိုးသဲအား လက် တစ်ဖက်စီ ချုပ်ကိုင်၍ ခိုင်မင်းစိုးက အရိုးအသွား ၁၈ လက်မ ခန့်ရှိ ဓားမြောင်ဖြင့် ထိုးရာ ဝဲဘက်ရင်အုံ ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်ရာ သေဆုံးသွားခဲ့ ကြောင်း သိရသည်။ ဓားဖြင့်ထိုးသူ ခိုင် မင်းစိုး၊ သန့်ဇင်ဦးနှင့် လှိုင်မျိုး ဇော်တို့သုံးဦးအား အရေးယူ ပေးပါရန် ဇနီးဖြစ်သူ မရီဆွေက တရားလိုပြုတိုင်တန်းသဖြင့် တောင်တွင်းကြီးမြို့နယ် မြို့မရဲစခန်းမှ (ပ) ၈၇၈/၂ဝ၁၆ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂/၁၁၄ အရ အမှုဖွင့် အရေးယူထား ကြောင်း သိရသည်။

စောလှနွယ်

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS