HOT NEWS
Main menu
ကလေး၊ ချင်းတောင်ဒေသတွင်  မိုးအဆက်မပြတ် ရွာသော်လည်း ရာဇဂြိုဟ်ဆည်နှင့် မြစ်သာဆည်  စိုးရိမ်စရာ မရှိဟု ဆို

ကလေး၊ ချင်းတောင်ဒေသတွင် မိုးအဆက်မပြတ် ရွာသော်လည်း ရာဇဂြိုဟ်ဆည်နှင့် မြစ်သာဆည် စိုးရိမ်စရာ မရှိဟု ဆို

ကလေး

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဒေသနှင့် ချင်းပြည်နယ်တို့တွင် မိုးရက်ဆက်ရွာသွန်းမှုရှိနေ သော်လည်း ရာဇဂြိုဟ်ဆည်နှင့် မြစ်သာဆည်တို့ကြောင့် ကလေးဒေသ ရေကြီးရေလျှံမှုဖြစ်ပွားမည်မဟုတ် ကြောင်း ရာဇ ဂြိုဟ်ဆည်မှ တာဝန်ရှိအင်ဂျင်နီယာတစ်ဦးက ပြောသည်။ ရာဇဂြိုဟ်ဆည်သည် ဇူလိုင်လပထမပတ်က ချင်းပြည်နယ် နှင့် ကလေးဒေသတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရာဇဂြိုဟ်ဆည်အထက်ဘက်ရှိ မြေပြို ကန် ကျိုးပေါက်ခဲ့ပြီး ဆည်ရေပိုလွှဲပေါက် ပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သော်လည်း ရာဇဂြိုဟ်ဆည်တွင် ထိခိုက်မှုမဖြစ်ခဲ့ကြောင်း ယင်းက ပြောသည်။

 

 မြစ်သာဆည်ကလည်း ယခု ဇူလိုင်လနောက်ဆုံးပတ်တွင် ကန်ရေပြည့်နေပြီဖြစ်သည့်အတွက် ရေပိုလွှဲပေါက်မှ ရေဖွင့်ချခဲ့ရာ ပထမ ရက်များတွင် ရေထု ၃ ဒသမ ၁ ပေ ရှိခဲ့ကြောင်း သိရသည်။ ယခုအခါ ရာဇဂြိုဟ် ဆည်နှင့် မြစ်သာဆည် နှစ်ခုစလုံး ပုံမှန်အနေအထားရှိနေ ကြောင်းသိရသည်။ ''ကျွန်တော်တို့ ဆည်ရဲ့သဘောတရားကို ပြောမယ်ဆိုရင်ဆည်မှာ ထူးခြားတဲ့အနေအထားရှိတဲ့အခါ ဒေသအုပ်ချုပ်ရေးအဖွဲ့ကို အကြောင်း ကြားရပါတယ်။ ဒီ့ထက် ပိုစိုးရိမ်ရမယ်ဆိုရင် တိုင်းဒေသကြီး အဆင့် စသဖြင့်ပေါ့။ ကျွန်တော်တို့ အသိပေးပြီး ဒေသတွင်းနေထိုင်သူ တွေ အန္တရာယ်မဖြစ်အောင် အဆင့် ဆင့်အသိပေးဆောင်ရွက်သွားရပါ တယ်။ အခု သြဂုတ်လဆန်းအထိ ဘာမှအန္တရာယ်မရှိပါဘူး''ဟု ယင်း ဆည်တာဝန်ရှိသူက ပြောသည်။


ရာဇဂြိုဟ်ဆည်သည်ဆည်ကန်ရေပြည့်သည်အထိ ပေ ၆၆ဝ ရှိပြီး တမံပြည့် ၆၂၂ ပေ၊ စိုးရိမ် ရေမှတ်မှာ ၆၅၅ ပေဖြစ်သည်။ ဇူလိုင် ၃ ရက်တွင် ဆည်ရေမှာ ၆၄၂ ပေ ရှိသည်။ မြစ်သာရေပိုလွှဲမှ ရေထု နှစ်ပေဝန်း ကျင် ရေလွတ်နေကြောင်း သိရသည်။ ''ကလေးဒေသမှာ ဆည် တွေက စိုးရိမ်စရာမရှိပါဘူး။ မြစ်သာ မြစ်ရေချောင်းမြောင်းတွေလဲ ပုံမှန် အနေအထားမှာရှိနေပါတယ်။ ခရိုင် ဥက္ကဋ္ဌကိုယ်တိုင် ဦးဆောင်ဖွဲ့စည်း ထားတဲ့ ကယ်ဆယ်ရေး၊ ပြန်လည် နေရာချထားရေးအဖွဲ့တွေလဲ အသင့်အနေအထားဖြစ်ပါတယ်။ ဇူလိုင်လကုန်ရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကလေးမြို့စွန်ရပ်ကွက် အနိမ့်ပိုင်းနှင့် ကလေးမြို့နယ်ထဲက အနိမ့် ပိုင်းမှာ တည်ထားတဲ့ရွာ ၁ဝ ရွာမှာ အနည်းအကျဉ်း ရေဝင်တာမျိုးရှိပါတယ်''ဟု ကလေးမြို့ ရေ ဘေးကယ်ဆယ်ရေးအဖွဲ့မှ ဦးတင် ထွန်းဝင်းက ပြောသည်။

ပန်သစ္စာ

#theflowernews

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS