HOT NEWS
Main menu
မကွေးမြသလွန် ဘုရားပွဲတော် ပွဲဈေးအတွင်း လူသတ်မှုဖြစ်ပွား

မကွေးမြသလွန် ဘုရားပွဲတော် ပွဲဈေးအတွင်း လူသတ်မှုဖြစ်ပွား

မကွေး

မကွေးမြို့ ကျွန်းစုကျေးရွာရှိ မြသလွန် ဘုရားပွဲတော်ဈေးအတွင်း အောက်တိုဘာ ၈ ရက် ညနေပိုင်းက လူသတ်မှုဖြစ်ပွားခဲ့ ကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။ ပွဲတော်ဈေးအတွင်း ဓားထိုးမှုဖြစ်ပွား ကြောင်း သတင်းအရ အောက်တိုဘာ ၈ ရက် ည ၇ နာရီ မိနစ် ၅ဝ က မကွေးမြသလွန်ဘုရားပွဲ ရဲကင်းမှူး ရဲအုပ်အောင်ခိုင်စိုးနှင့်အဖွဲ့ သွားရောက်စစ်ဆေးခဲ့ရာ ပွဲဈေးအတွင်း ချားရဟတ်(၁) တောင်ဘက်အနီး၌ လှိုင် လင်း ဌေး (၂၂ နှစ်)၊ ချောင်းဖြူရွာ၊ မင်းဘူး(စကု)မြို့နယ်နေသူအား ဝဲပေါင်ထိုးသွင်းဒဏ်ရာ တစ်ချက်၊ နောက်ကျောဝဲဘက် ထိုးသွင်းဒဏ်ရာတစ်ချက်(စိုးရိမ်ရ) လဲကျနေသည်ကို တွေ့ရှိခဲ့သဖြင့် ဓားဖြင့်ထိုးသွားသူ အမည်မသိအား စုံစမ်းဖော်ထုတ်အရေးယူပေးရန် ရဲအုပ်အောင်ခိုင်စိုးက တရားလိုပြုတိုင်ကြားခဲ့သည်။

မကွေးမြို့နယ် မြို့မရဲစခန်းမှ (ပ)၂ဝ၂ဝ/ ၂ဝ၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားရှိခဲ့ပြီး ဒဏ်ရာရရှိသူ လှိုင်လင်းဌေးမှာ ရရှိသောဒဏ်ရာဖြင့် ည ၈ နာရီ ၃၅ မိနစ်တွင် မကွေးတိုင်း ပြည်သူ့ဆေးရုံကြီး တွင် သေဆုံးသွားခဲ့သောကြောင့် မြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၂၆ မှ ၃ဝ၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။ ''တရားခံကတော့ မမိသေးပါဘူး။ စုံစမ်းစစ်ဆေးဆဲပါ''ဟု မကွေးမြို့မ ရဲစခန်းမှူး အမှုစစ် ဒုရဲမှူးစိန်အောင်က ပြောကြားသည်။  မကွေးမြို့ ကန်ပြားကျေးရွာရှိ မကွေးအိမ်ရာစီမံကိန်းအိမ်ရာဝင်းအတွင်း အောက်တိုဘာ ၅ ရက်က ကန်ထရိုက်ဝန်ထမ်းများ ဓားခုတ်မှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး သေ ဆုံးသွား ခဲ့မှု ဖြစ်ပွားခဲ့ကြောင်းလည်း မြို့မရဲစခန်းမှ သိရသည်။

စောလှနွယ်

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS