HOT NEWS
Main menu
adv
မန္တလေး တိုင်းဒေသကြီးအတွင်း ဈေးဆိုင်များရှိ အစားအသောက် နမူနာ ကောက်ယူခြင်းကို မပေးပါက အရေးယူမည်ဟု ဆို

မန္တလေး တိုင်းဒေသကြီးအတွင်း ဈေးဆိုင်များရှိ အစားအသောက် နမူနာ ကောက်ယူခြင်းကို မပေးပါက အရေးယူမည်ဟု ဆို

မန္တလေး

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေ ဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဈေးများမှ အစားအသောက်ကုန်ပစ္စည်း ရောင်းချသောဆိုင်များအား နမူနာကောက်ယူခြင်းလုပ်ငန်းများကို အခါအားလျော် စွာ ဆောင်ရွက်သွားမည်ဖြစ်ရာ ကောက်ယူခွင့်မပေးပါက ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီ လုပ်ငန်းညှိနှိုင်းရေးအဖွဲ့က ကြီးမှူးကျင်းပသည့် အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(အက်ဖ်ဒီအေ)မှ ဈေးများသို့ အဖွဲ့လိုက်သွားရောက်၍ အစားအသောက်ဆိုင်များရှိ စားသောက်ကုန်ပစ္စည်းများတွင် ခွင့်ပြုခြင်းမရှိသော ဆိုးဆေးများ အသုံးပြုထားမှု ရှိ၊ မရှိ စစ်ဆေးမည်ဖြစ်သည့်အတွက် အစားအသောက်နမူနာများကို လိုက်လံကောက်ယူမည်ဖြစ်သည်။ နောက်ပိုင်းတွင် ဈေးဆိုင်များက ပေးခြင်းမရှိတော့သဖြင့် အဖွဲ့အနေဖြင့် တန်ရာတန်ကြေးပေး၍ ဝယ်ယူမှုပြုလုပ် ထားရသည်။  ''ဒီဘက်ဆိုင်မှာ စားသောက်ကုန်နမူနာ ကောက်ယူနေရင် အနီးနားဆိုင်တွေက ပစ္စည်းသိမ်းတာ၊ ဆိုင်ပိတ်တာတွေရှိလို့ နမူနာ ကုန်ပစ္စည်းရယူဖို့ အခက်အခဲဖြစ်မှုရှိပါတယ်''ဟု မန္တလေးတိုင်းဒေသ ကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက အဆိုပါအစည်းအဝေးတွင် ထည့်သွင်းပြောကြားသည်။


တိုင်းဒေသကြီးဝန်ကြီးချုပ်အနေဖြင့် အက်ဖ်ဒီအေမှ ပြည်သူများ စားသောက်ကုန်ကြောင့် ဘေးအန္တရာယ်မဖြစ်စေရန် အဖွဲ့များဖြင့် စနစ်တကျ ဆောင်ရွက်လျက်ရှိရာ ပူးပေါင်းပါဝင်မှုမရှိဘဲ နမူနာကောက်ယူသည့် ပစ္စည်းများအား ပေးရန် ငြင်းဆိုပါက ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ကောက်ယူသည့်အဖွဲ့များမှာ တာဝန်အရ ကောက်ယူ ခြင်းဖြစ်၍ ဆိုင်ရှင်များအနေဖြင့် အန္တရာယ်ကင်းရှင်းသည့်ကုန်ပစ္စည်းများကို သာ ရောင်းချရန် လိုအပ်ကြောင်း သိရသည်။

လှိုင်ထွေးအောင်

#theflowernews

Last modified onSunday, 13 November 2016 11:51
Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top
adv

adv

FacebookG+TwitterRSS