HOT NEWS
Main menu
adv
ကလေးမြို့  စက်မှုဇုန် ၀ပ်ရှော့ခ်များတွင် ဆိုက်တွဲယာဉ်များ ထုတ်လုပ်ခြင်း မပြုရန် တားမြစ်ထား ဟုဆို

ကလေးမြို့ စက်မှုဇုန် ၀ပ်ရှော့ခ်များတွင် ဆိုက်တွဲယာဉ်များ ထုတ်လုပ်ခြင်း မပြုရန် တားမြစ်ထား ဟုဆို

ကလေး၊ ဒီဇင်ဘာ ၎

စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ စက်မှုဇုန်မှ လူစီးကားများ၊ ကုန်တင်ကားများနှင့် အခြားစက်ပစ္စည်းများ၊ ဆိုက်တွဲများ ကိုထုတ်လုပ်ခဲ့ရာ ယခုဒီဇင်ဘာလ ဆန်းမှစတင်၍ ဆိုက်တွဲများထုတ် လုပ်ခြင်းမပြုလုပ်ရန် တားမြစ်ထား ကြောင်း ကလေးမြို့ စက်မှုဇုန်ဥက္ကဋ္ဌ ဦးတင်စိုး၏ပြောကြားမှုအရ သိရသည်။


"ဆိုက်တွဲဆိုတာ ဒေသလိုအပ် ချက်ဆိုတာဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ သက်ဆိုင်ရာ ကိုတင်ပြတောင်းခံမှုတွေ ဆောင်ရွက်ရပါတယ်။ အထူးသဖြင့် လတ်တလော ထုတ်လုပ်ပြီးသားဆိုက်တွဲကိုတော့ ဘာမှပြောစရာ မရှိသော်လည်း နောက်တိုးလာမယ့်အခြေအ နေကို ရပ်တန့်စောင့်ဆိုင်းဖို့ တားမြစ်ထားတာဖြစ်ပါတယ်"ဟု ကလေးမြို့ စက်မှုဇုန်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ "ကလေးမြို့ပေါ်တွင် စက်ဘီး ဖြင့်ပြု လုပ်သောဆိုက်တွဲများ ၂၀၀၀ ပြည့်နှစ်များမှ စတင်ပျောက်ကွယ်ခဲ့ရာ ၂၀၁၀ ခုနှစ်ဝန်းကျင်မှစတင်၍ ဆိုင်ကယ်ဆိုက်တွဲများကို ကလေးမြို့ စက်မှုဇုန်မှထုတ်လုပ်ခဲ့သည်။ ယခုအခါ ကလေးမြို့ပေါ်တွင် ဆိုင်ကယ် ဆိုက် တွဲဦးရေ ၃၅၀ ၀န်းကျင်ရှိ ကြောင်း သိရသည်။

"ဆိုက်ကားခေတ်တုန်းက ကြုံဖူးတယ်။ မြို့နေလူထုနဲ့ ဆိုက်ကားဦးရေ မတန်တဆတိုးလာတော့ ဆိုက်တွဲနင်းတဲ့သူတွေ အဆင်မပြေကြတာရှိခဲ့ဖူးတယ်။ အခုလည်း ဆိုင်ကယ်ဆိုက်တွဲတွေ မတန်တဆတိုးလာမယ်ဆို ရင် ဆိုက်တွဲနဲ့ လုပ်စားသူတွေ အဆင်မပြေမှုတွေ ဖြစ်လာနိုင်တယ်။ ပြီးတော့ လမ်းပေါ်မှာ သွားလာတဲ့ ဆိုက်တွဲယာဉ်စီးရေ တိုးလာတာနဲ့အမျှ လမ်းအန္တရာယ်၊ မလိုလားအပ်တဲ့ အကြောင်း အရာေ တွဖြစ်လာနိုင်ပါတယ် "ဟု ဆိုက်တွဲပြေးဆွဲသည့် ဒေသခံတစ်ဦးက ပြောသည်။ ဆိုင်ကယ်ဆိုက်တွဲများနှင့်ပတ်သက်၍ ကလေးမြို့ ယာဉ်ထိန်းတပ် ဖွဲ့မှ ဆိုင်ကယ်များနည်းတူ၊ ယာဉ် မောင်းလိုင်စင်၊ ယာဉ်လိုင်စင်နှင့် သတ်မှတ် ထားသည့်စည်းကမ်းချက်များ မလိုက်နာမှု၊ ဆိုင်ကယ်ဦးထုပ် မဆောင်းခြင်းနှင့် စည်းကမ်းမဲ့ယာဉ် မောင်းနှင်မှုနှင့် ကုန်ခရီးသည်မနိုင် ၀န်တင်ဆောင်မှုများကို အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

MOS
#Democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS