HOT NEWS
Main menu
adv
စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး နှီးနှောဖလှယ်ပွဲ ပြုလုပ်

စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ရေး နှီးနှောဖလှယ်ပွဲ ပြုလုပ်

မန္တလေး၊ ဒီဇင်ဘာ ၆

စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင် နိုင်စေရန်နှင့် တောင်တန်းမြေပြန့် မခွဲခြားဘဲ တန်းတူညီမျှအခွင့်အရေး ရရှိစေရေးအတွက် ဒီဇင်ဘာ ၅ ရက်မှ စ၍ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မန္တလေးမြို့ အောင် မြေသာစံမြို့နယ် (၂၂) လမ်းနှင့်(၈၉)လမ်းထောင့်ရှိ Hotel Iceland တွင် ငြိမ်းဖောင်ဒေးရှင်းမှကြီးမှူး၍ ငြိမ်း ချမ်းရေးနှီးနှောဖလှယ်ပွဲကို ကျင်းပ ခဲ့ကြောင်း သိရသည်။

''နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ဖက်ဒရယ်နှင့် ငြိမ်းချမ်းရေးအ ကြောင်းပြောသလို တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ကလည်း အနာဂတ်သွားတဲ့နိုင်ငံကြီးကလည်း ဖက်ဒရယ် နိုင်ငံကြီးဖြစ်ရမယ်ဆိုပြီးပြောခဲ့တယ်။ သမ္မတဦးသိန်းစိန်ကလည်း ဖက်ဒရယ်နဲ့ငြိမ်းချမ်းရေးကို ပြောခဲ့တယ်။ ဖက်ဒရယ်နဲ့ပတ်သက်ပြီး ပြည်သူ တွေ ကျယ်ကျယ်ပြန့်ပြန့်သိအောင် လိုက်လုပ်ရမယ်။ ပြည်သူသိမှ၊ ပြည်သူပါမှ ငြိမ်းချမ်းရေးရမယ်။ ပြည် သူမသိလို့ မပါနိုင်ရင် စစ်မှန်တဲ့ငြိမ်း ချမ်းရေးရရှိလာမှာမဟုတ်ပါဘူးလို့ သုံးသပ်ရလို့ ဒီပွဲကိုလုပ်ဖြစ်တာပါ'' ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရန်ကျော်က ပြောသည်။ ငြိမ်းချမ်းရေး နှီးနှောဖလှယ်ပွဲ တွင် နိုင်ငံရေး ပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးလိုလားသူများ တက်ရောက်ဆွေးနွေးခဲ့ရာ ဖက်ဒရယ်နှင့် ငြိမ်းချမ်းရေး၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှု နှင့် ငြိမ်းချမ်းရေးစသည့်အကြောင်း အရာများ ကို ဆွေးနွေး ခဲ့ကြပြီး အင် အားကြီး နိုင်ငံရေးပါတီများသာမက ပါတီငယ်များကပါ ပါဝင်ဆွေးနွေးခဲ့ ကြသည်။


''အမျိုးသမီးငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို အဓိကဆွေးနွေးသွားမှာပါ။ အမျိုးသမီးတွေက ငြိမ်းချမ်း ရေးဖော်ဆောင်ရာမှာ ပါဝင်ဆောင်ရွက်နေတာရှိပေမယ့် အသိအမှတ် ပြုမခံရဘူး။ အမျိုးသမီးပါဝင်လာမှုကို အလေး ထားစေချင်တယ်။ စစ် ဖြစ်တဲ့အခါ၊ ပဋိပက္ခဖြစ်ပွားတဲ့အခါ အမျိုးသမီးတွေ အကြမ်းဖက်ခံရတာ ကာကွယ်ဖို့လိုပါတယ်။ အမျိုးသမီးအရေးဆိုတာ အမျိုးသမီးတွေပဲ လုပ်ရမှာမဟုတ်ဘူး၊ အားလုံးပူးပေါင်း ပါဝင်ဖို့လိုပါ တယ်''ဟု ငြိမ်းချမ်းရေးအတွက် ကျား/မတန်းတူရေး မဟာမိတ်အဖွဲ့ (AGIPP)မှ ဒေါ်နန်းဖြူဖြူ လင်းက ပြောသည်။ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအ ကြား ချုပ်ဆိုသော တစ်နိုင်ငံလုံးပစ် ခတ်တိုက်ခိုက်မှုရပ်စဲရေးကို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အချို့နှင့် သဘောတူထားခြင်းဖြစ်ပြီး လက်မှတ်ထိုးထားသော ဒေသများနှင့် လက်မှတ်မထိုးသော ဒေသတချို့တွင် စစ်မဖြစ်သည်ကို တွေ့ရှိရကြောင်း၊ ယနေ့ဖြစ်ပွားနေသော စစ်ပွဲများသည် သယံဇာတနှင့် အရင်းအမြစ်များ အတွက် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း တက်ရောက်လာသူတချို့က ဆွေး နွေးသုံးသပ်ခဲ့သည်။

AXE

#democrachtoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top
adv

adv

FacebookG+TwitterRSS