HOT NEWS
Main menu
adv
မန္တလေး တိုင်းဒေသကြီး ဘူမိဗေဒဌာန ဘူမိဗေဒ ကျောက်ဥယျာဉ်ဖွင့်ပွဲ ကျင်းပ

မန္တလေး တိုင်းဒေသကြီး ဘူမိဗေဒဌာန ဘူမိဗေဒ ကျောက်ဥယျာဉ်ဖွင့်ပွဲ ကျင်းပ

မန္တလေး၊ ဒီဇင်ဘာ ၁၇

မန္တလေး တိုင်းဒေသကြီးအတွင်း မန္တလေးတက္ကသိုလ်တွင် ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၁ နာရီက ဘူမိဗေဒဌာန ဘူမိဗေဒကျောက်ဥယျာဉ်ဖွင့်ပွဲအခမ်း အနားကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဘူမိဗေဒကျောက်ဥယျာဉ်ဖြစ်မြောက် ရေးကော်မတီဥက္ကဋ္ဌ အငြိမ်းစား ဒုတိယပါမောက္ခချုပ် ဒေါက်တာကိုကိုကြီးနှင့် မန္တလေးတက္ကသိုလ် ဘူမိ ဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာသန်းသန်းနုတို့က ကျောက်ဥယျာဉ်ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပေးကြောင်း သိရသည်။


"ကျွန်တော်တို့ မန္တလေးတိုင်း ဒေသကြီးမှာ ကုသိုလ်ကံကောင်းတယ် ပဲပြောရမလား၊ ကျိန်စာပဲသင့်တယ် လို့ပြောရမလား။ လမ်းဆုံလမ်းခွတော့ရောက်နေပြီဗျ။ပတ္တမြား ကျွန် တော်တို့ဆီကထွက်တာ မိုးကုတ်က။ ကျွန်တော် အခုသဘာဝပတ်ဝန်းကျင် ၀န်ကြီးဆို မိုးကုတ်သားဗျ။ အချိန်အတိုင်းအတာတစ်ခုအထိတော့ ဘ၀တွေအဆင်ပြေခဲ့ကြတယ်။ အခုကျတော့ အဆင်ပြေသလားဆိုတော့ တော်တော်ခက်ခဲနေတယ်။ ကျွန် တော်ပြောတာ ဒေသခံတွေနော်။ တခြားလူတွေကြီးပွားနေကြတယ်။ အလားတူ ရွှေ သပိတ်ကျင်း၊ စဥ့်ကူး။ အဲဒီရွှေတွင်းတွေကြောင့်



ပြဿနာ တွေအများကြီးရှင်းကြရတယ်။ ကုမ္ပဏီက မြေတွေ ဧကပေါင်းမြောက် မြားစွာချပေးတယ်။ ခက်တာက မြေပုံတွေက လေးမျိုးဖြစ်နေတယ်။ အထွေ ထွေအုပ်ချုပ်ရေးကကိုင်ထားတဲ့ မြေပုံကတစ်မျိုး၊ သတ္တုတွင်း ၀န်ကြီးဌာနကကိုင်ထားတဲ့ Map က တစ်မျိုး၊ သစ်တောကကိုင်တဲ့ Map ကတစ်မျိုး၊ Map တွေပဲ ခြားနားသွား ရော လက်ရှိမြေပြင်ပေါ်မှာ ရွာမြေ တွေ အကုန်ထပ်ကုန်ကြပြီ။ အဲဒီမှာပဋိပက္ခဖြစ်တာ"ဟု ဘူမိဗေ ဒကျောက် ဥယျာဉ်ဖွင့်ပွဲ၌ မန္တလေးတိုင်းဒေသ ကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်ဒေါက် တာဇော်မြင့်မောင်က ပြောကြားခဲ့သည်။

 

ဘူမိဗေဒကျောင်းသားဟောင်း ကိုကျော်နိုင်ဦးက "ကျွန်တော်တို့ ဒီ Geological ကျောက်ဥယျာဉ်ကို ဆရာကြီးတွေဖြစ်စေချင်တဲ့ဆန္ဒကို ကျောင်းသူ၊ ကျောင်းသားဟောင်းများက ဖြည့်ဆည်းပေးခြင်းအားဖြင့် ကန်တော့ခြင်း တစ်မျိုးနဲ့ ကျေးဇူးဆပ်ရာရောက်ပါတယ်။ ကျွန်တော်တို့ အမိတက္ကသိုလ်နဲ့ ဘူမိဗေဒဌာနကိုလည်း Image မြှင့်တင်ရာလည်း ရောက်ပါတယ်။ နောက်ဆုံးတစ်ချက်ကတော့ ပြည်တွင်းပြည်ပဧည့် သည်တွေ၊ နိုင်ငံခြားသားတွေ ပညာဗဟုသုတအဖြစ်သော်လည်းကောင်း၊ လေ့လာရေးသော်လည်းကောင်းလာပြီးလေ့လာလို့ရပါတယ်"ဟု ပြောသည်။

SA(MDY)
#Democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Related items

Login to post comments
back to top
adv

adv

FacebookG+TwitterRSS