HOT NEWS
Main menu
မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား အလင်းပေးခြင်း လုပ်ငန်းကို အမေရိကန်ဒေါ်လာ နှစ်သိန်းခန့် အကုန်အကျခံ ဆောင်ရွက်မည်

မဟာမုနိ ရုပ်ရှင်တော်မြတ်ကြီးအား အလင်းပေးခြင်း လုပ်ငန်းကို အမေရိကန်ဒေါ်လာ နှစ်သိန်းခန့် အကုန်အကျခံ ဆောင်ရွက်မည်

မန္တလေး၊ ဇန်နဝါရီ ၁၁

မန္တလေး တိုင်းဒေသကြီး မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက်အတွင်း အလင်းပေးခြင်းစနစ် နှင့် လျှပ်စစ်မီးကြိုးများကို နောက်ဆုံးပေါ်နည်းပညာ Fiber Cable စနစ်သို့ ပြောင်းလဲတပ်ဆင်ခြင်း လုပ်ငန်းကို ၂ဝ၁၇ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာ နှစ်သိန်းခန့် အကုန်အကျခံ၍ ပြုပြင်နိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့မှ သိရသည်။


''မဟာမုနိရုပ်ရှင်တော်မြတ်ကြီး ရဲ့မျက်နှာတော်က ဂန္ဓကုဋိတိုက်အတွင်း အလင်းပေးမှုတွေကြောင့် တချို့နေရာက ဖြူ၊ တချို့နေရာတွေက ကွက် ဖြစ်နေတယ်။ လက်ရှိ 2D  မြင် နေရတဲ့အလင်းကို 3D  မြင်ရတဲ့အ လင်းရောင်အဖြစ် ပြောင်းလဲမြင်ရဖို့ လုပ်သွားမှာပါ။ မျက်နှာတော် ဖူး မြော်တဲ့အခါ ပိုပေါ်လွင်လာပြီး ပိုပြီးသပ္ပာယ်ပြီး အာရုံပိုရလာအောင် ပြောင်းလဲပြုပြင်သွားမှာပါ''ဟု မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလင်းက ဇန်နဝါရီ ၈ ရက်တွင် ပြောသည်။ မဟာမုနိရုပ်ရှင်တော်မြတ်ကြီး နဖူးတော်တွင် ရွှေသင်္ကန်းကပ်မှုများ ပြားလာခြင်းနှင့် ဂန္ဓကုဋိတိုက်အတွင်း အလင်းပေးခြင်းများပြားနေခြင်းတို့ ကြောင့် ယခုအခါ မျက်နှာတော်ကို ထင်ရှားပြတ်သားစွာ ဖူးမြော်နိုင်ခြင်း မရှိခြင်းကြောင့် မလိုအပ်သောအ လင်းများလျှော့ချနိုင်ရန် အပြင်ဘက်၌ အလင်းပေးကာ ဖန်သားမျက်နှာပြင်မှတစ်ဆင့် မျက်နှာတော်အလင်းပေး နိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။


''ဘုရားအတွင်းက ၂ဝ၁၂ ခု နှစ်က မီးကြိုးတွေ အသစ်လဲလှယ်ထားတယ်။ အခု Fiber Cable စနစ်ပြောင်းလဲမှာဖြစ်တဲ့အတွက် မီး ဘေးအန္တရာယ်ကင်းအောင် လုံခြုံစိတ်ချမှုရှိအောင် စစ်ဆေးမှုတွေ လုပ် နေ ပါတယ်။ စစ်ဆေးမှုပြီးလို့ အားလုံးအဆင်ပြေတာနဲ့ Fiber Cable စနစ်ကိုပြောင်းလဲဖို့ ဆက်လုပ်သွား မှာပါ''ဟု ၎င်းက ပြောသည်။ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးတွင် Fiber Cable  စနစ်ပြောင်းလဲ ခြင်းကို စင်ကာပူနိုင်ငံမှကုမ္ပဏီတစ် ခုလာရောက်လုပ်ဆောင်ပေးမည် ဖြစ်ပြီး အဆိုပါစနစ်ပြောင်းလဲရန် အမေရိကန်ဒေါ်လာ ၂၈၄၇ဝဝ ကုန်ကျမည်ဖြစ်သော်လည်း ကုမ္ပဏီက အမြတ်မယူဘဲ ၃ဝ ရာခိုင်နှုန်းလျှော့ ပေး ခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာ နှစ်သိန်းခန့် ကုန်ကျမည်ဖြစ် ကြောင်း သိရသည်။


AXE

#democracytoday

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Related items

Latest from M ဘွယ်

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS