HOT NEWS
Main menu
adv

မြို့ဝင်ကြေး ဘီးခွန် ကောက်ရာတွင် အုပ်စုဖွဲ့ မိုက်ကြေးခွဲသလို ကောက်ခံနေသည့်အတွက် လေလံ လျှောက်ထားခြင်း လက်ခံတော့မည် မဟုတ်ဟု ဆို

ရန်ကုန်

မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့(အနောက်ဘက်) ဂိတ်သည် မော်တော်ယာဉ်၊ ဆိုင်ကယ်များအား ဘီးခွန်ကောက်ရာတွင် အုပ်စုဖြင့်ဆက်ကြေးကောက်သလို ဆဲဆိုကြိမ်း မောင်းခြင်းများ လုပ်သည့်အတွက် ယင်းကုမ္ပ ဏီအား လိုင်စင်သက်တမ်း ကုန်ဆုံးပါက ထပ်မံလျှောက်ထားခွင့်မပြုရန် ဆုံးဖြတ်ထားကြောင်း  မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်(၉)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြ မင်းဆွေက ပြောသည်။


ဦးမြမင်းဆွေက''ကျွန်တော်ကိုယ်တိုင် စည်ပင်သာယာက ဝန်ထမ်းနှစ်ယောက်နဲ့ အတူသွားတော့ သူတို့က တကယ်ပဲဆဲတယ်။ ဒါကြောင့် ပိုင်ရှင်ရော ဝန်ထမ်းတွေ အကုန်လုံးကို ခေါ်ပြီးတော့ ရုံးမှာ ပြင်းပြင်းထန်ထန် သတိပေးထားတယ်။ ခဏပဲငြိမ်သွားပြီး အခုအဲဒီလို ပြန်ဖြစ်နေတယ်လို့သိရတယ်။ အခုသူတို့လေလံကလဲ ပြီးခါနီးနေပြီဆိုတော့ နောက်ဆုံးပိတ်လုပ်ရမှာတော့ သူ့ကို နောက် နှစ်တွေမှာ ဝင်အဆွဲမခံတော့ဘူးလို့ ဆုံး ဖြတ်ဖို့ရှိတယ်။ လုံးလုံးကို အလျှောက်လဲမခံဘူး။ မစဉ်းစားဘူး။ အဲဒီလို ကြိုပြီး ဆုံးဖြတ်ထားတယ်။ အဖွဲ့စုံနဲ့တော့ မဆုံးဖြတ်ရသေးဘူး''ဟုဆိုသည်။ အဆိုပါဂိတ်တွင် ဘီးခွန်ကို လူခုနစ်ဦးက အုပ်စုဖြင့် ကောက် ခံခြင်းဖြစ်ပြီး ယာဉ်ရပ်ပေးရန်ကိုပင် လူမိုက်ဆန်ဆန်တားပြီး ကောက်နေခြင်းဖြစ်ကြောင်းနှင့် နံပါတ်အနက်နှင့် မိသားစုလိုက် ဘုရားဖူးသွားသည်ကိုပင် လိုင်းကြေးဟုဆိုကာကျပ် ၅ဝဝ တောင်းသဖြင့် မဖြစ် သင့်ကြောင်း ပြန်လည်ပြောဆိုသူကို ပြေ ပြေလည်လည် မဖြေရှင်းဘဲ ဆဲဆိုကြိမ်းမောင်း ကြောင်း ပခုက္ကူဒေသခံ ဦးစိုးနိုင်က ယင်း၏ အတွေ့အကြုံကို ပြောပြသည်။


ပြီးခဲ့သည့် သီတင်းပတ်က ရန်ကုန်မှ ပခုက္ကူမြို့သို့ သွားရောက်ခဲ့သူ ဦးကျော်ကျော်တင့်ကလည်း ''ဂိတ်တွေမှာ သတ်မှတ်ဝတ်စုံဆိုတာ ရှိသင့်တယ်။ သူတို့ဟာက ဂိတ်ကြေး ကောက်တာလားမသိ၊ တောင်းစားတာ လားမသိ၊ ပခုက္ကူမြို့ဝင် ဘီးခွန်ဆောင်ထားတဲ့ အထောက်အထားကတ် ပြတာကိုတောင် မရဘူးဆိုတာချည်းပဲ။ မင်းတို့ ငါ့ကိုဘာမှတ်နေလဲဆိုတော့မှ အသာတကြည် သွားခိုင်းတော့တာ''ဟု ဆိုသည်။ လက်ရှိ ယင်း ဂိတ်တွင် ဘီးခွန်ကောက်ခံကုမ္ပဏီမှာ မိတ္ထီလာမြို့နယ်မှ ဖြစ်ပြီး အုပ်စုဖွဲ့ ဘီးခွန်ကောက်နေသူများမှာလည်း ပခုက္ကူနယ်ခံများမဟုတ်ကြောင်း သိရသည်။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စည်ပင် သာယာမှ တာဝန်ရှိသူများမှ အထက်ပါကဲ့သို့ ကောက်ခံခြင်းမပြုရန် သုံးကြိမ်တိတိ ခေါ်ယူတွေ့ဆုံ၍ သတိပေးခြင်း၊ ခံဝန်လက်မှတ်ထိုးခိုင်းခြင်းများ ပြုလုပ်ပြီးဖြစ်ကြောင်းလည်းသိရသည်။ သို့ရာတွင် ရက်ပိုင်းခန့်သာ ငြိမ်သက်ပြီး ယခုအခါတွင်လည်း မနက် ၇ နာရီ မှ ၁ဝ နာရီခန့်အထိ အုပ်စုလိုက် မိုက်ကြေးခွဲသလို ပြန်လည်ကောက်ခံနေမြဲ ဖြစ်သောကြောင့် ၂ဝ၁၇ ခုနှစ် မတ်လ လေလံခေါ်သည့် အချိန်တွင် လျှောက်ထားခြင်း အား လက်မခံရန် ဆုံးဖြတ်ထား ကြောင်း သိရသည်။

ဖြူသစ်လွင်

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Online Editor)

Login to post comments
back to top
adv

adv

FacebookG+TwitterRSS