HOT NEWS
Main menu
ချင်းပြည်နယ်အနှံ့  ကျေးရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း အပါအဝင် ခရီးသွားနေရာ အသစ်များ အကောင်အထည် ဖော်မည်

ချင်းပြည်နယ်အနှံ့ ကျေးရွာလူထု အခြေပြု ခရီးသွားလုပ်ငန်း အပါအဝင် ခရီးသွားနေရာ အသစ်များ အကောင်အထည် ဖော်မည်

ရန်ကုန်

ချင်းပြည်နယ်အနှံ့ ကျေးရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း အပါအဝင် ခရီးသွားနေရာအသစ်များ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် ဟိုတယ် နှင့်ခရီးသွား ဝန်ကြီး ဌာနမှသိရသည်။ ချင်းပြည်နယ်အတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသည့် လမ်းပန်းဆက် သွယ်ရေးကောင်းမွန်လာရန်နှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်နိုင်ရန် သက် ဆိုင်ရာဝန်ကြီးဌာနကပံ့ပိုးနိုင်ရေး ဆွေးနွေးညှိနှိုင်းလျက် ရှိကြောင်းလည်း သိရသည်။


''တိုင်းဒေသကြီးနဲ့ပြည်နယ် အားလုံးနဲ့ ဆက်သွယ်မှုအားနည်းပြီး သီးခြားသဖွယ်ဖြစ်နေတဲ့ ချင်းပြည်နယ်ကို ဧည့်သည် အဝင်အထွက်များလာရင် ဒေသခံတွေရဲ့ တွေးခေါ်စဉ်းစားပုံ ပြောင်းလဲလာမယ်။ လမ်းပန်းဆက် သွယ်ရေးကောင်းရင် ရက်တိုခရီးလာ ရောက်လို့ရမယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေအပြင် ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေလဲ ဝင်လာမယ်လို့ယုံကြည်ပါတယ်'' ဟု ချင်းပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ချင်းပြည်နယ်၏ ပထမဆုံးလူထုအခြေပြုကန ဦးစီမံကိန်းကို ကန်ပက်လက်မြို့နယ် ဆော်လောင်း ကျေးရွာ၌ ဇန်နဝါရီ ၃ ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး ကျေးရွာအခြေပြု ခရီးသွားလုပ်ငန်းသုံးခုကို ကန်ပက်လက်၊ တီးတိန်နှင့် ဖလမ်းမြို့တို့၌ အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်သည်။


ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ သတင်းနှင့်ပြန်ကြားရေးဌာန ညွှန်ကြားရေးမှူး ဦးမြင့်ထွေးက ''ဒီစီမံကိန်းက ခေါ်နူးစုမ်တောင်ကို အခြေပြုပြီး ဆော်လောင်းကျေးရွာကို လာရောက်လည်ပတ်ကြမယ့် ကမ္ဘာ လှည့်ခရီးသွားတွေအတွက် ချင်းတိုင်းရင်းသားတွေရဲ့ လူနေထိုင်မှုပုံစံ၊ အသက်မွေးဝမ်းကျောင်း၊ ဓလေ့ထုံးတမ်းအစဉ်အလာ၊ ရိုးရာ ယဉ်ကျေးမှုနဲ့ ဝတ်စားဆင်ယင်မှု ပုံသဏ္ဌာန်တွေနဲ့ ဆွဲဆောင်ထားပါတယ်။ ကျေးရွာရဲ့ လူနေမှုဘဝတိုးတက်စေဖို့ ရည်ရွယ်ပါတယ်''ဟုဆိုသည်။ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကလည်း ကန်ပက်လက်ဒေသသည် ဖွံ့ဖြိုးမှုအနည်းဆုံးဒေသဖြစ်ပြီး ယခုကဲ့သို့ ပထမဆုံး ရပ်ရွာ အခြေပြု ခရီးသွားလုပ်ငန်းကို စတင်နိုင်သဖြင့် တစ်ရွာလုံးအတွက် ချမ်းသာမှုမရရှိသည့်တိုင် ချင်းကလေးငယ်များ၏ ပညာရေးနှင့် ကျန်းမာရေးကို အထောက်အကူပြုစေမည်ဟုဆိုထားသည်။ ထို့ပြင် ဟိုတယ် စီမံကိန်း ခုနစ်ခုကို ဆောင်ရွက်ရန် စီစဉ်ထားရာ တီးတိန်၊ ဖလမ်းနှင့်ဟားခါးမြို့တို့၌ ဟိုတယ်နှစ်လုံးစီနှင့် ကန်ပက်လက်မြို့၌ ဟိုတယ်တစ်လုံးကို တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြူသစ်လွင်

#theyangontimes

Rate this item
(0 votes)
M ဘွယ်

M-Bwel (Assistance Online Editor)

Leave a comment

Make sure you enter all the required information, indicated by an asterisk (*). HTML code is not allowed.

back to top

ADV

 ymg adv 6

FacebookG+TwitterRSS