HOT NEWS
Main menu

ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒမှ စစ်ကိုင်း ဆရာ၊ ဆရာမကြီးများအား ဆရာ့ ဂုဏ်ကျေးဇူး ဆပ်ပွဲ ပြုလုပ်

စစ်ကိုင်း

စစ်ကိုင်းမြို့ သောတာပန်ရပ်ဇာတိ ဓမ္မဒူတဆရာတော် ဒေါက်တာအရှင်ဆေကိန္ဒမှ စစ်ကိုင်းမြို့ပေါ်တွင် နေထိုင်ကြသည့် သတ်မှတ်မူများနှင့်ပြည့်စုံသော ဆရာ၊ ဆရာမ ကြီးများအား ဇန်နဝါရီ ၈ ရက်က သောတာပန် ရပ်ကွက်ရှိ ခမည်းတော် ဦးအောင်သန်း၊ မယ်တော် ဒေါ်စိန်ကြည်နေအိမ်သို့ ဖိတ်ကြား၍ ဂုဏ်ပြုကျေးဇူးဆပ်ပွဲပြုလုပ်ခဲ့သည်။

Read more...

စစ်ကိုင်းမြို့ ကျော်ထက်ကွေ့ သံလမ်းကူးတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိပါက ဒစ်ဂျစ်တယ် မီးပွိုင့် တပ်ဆင်မည်

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၆

စစ်ကိုင်းမြို့ ကျော်ထက်ကွေ့ လမ်းဆုံသံလမ်းကူးနေရာမှာ ယာဉ်ကြောရှုပ်ထွေးမှုရှိသည့်အပြင် မကြာခဏအန္တရာယ် ဖြစ်ပေါ်မှုရှိသဖြင့် အဆိုပါလမ်းဆုံ နေရာအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုချက်ရရှိ ပါက ဒစ်ဂျစ်တယ်မီးပွိုင့် တပ်ဆင်သွားမည် ဖြစ်ကြောင်း ဒီဇင်ဘာ ၂၄ ရက်က ကျင်းပသည့် စစ်ကိုင်းမြို့နယ် ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲနိုင်ရေး ကော်မတီ၏ စတုတ္ထအကြိမ်နှစ်ပတ်လည် အခမ်း အနားတွင် ဥက္ကဋ္ဌဦးတင်မျိုးလွင်က ပြောကြားကြောင်း သိရှိရသည်။

Read more...

ရှေးနှစ်ပေါင်းများစွာ ကတည်းက ကျင်းပလာခဲ့သည့် မုန့်ပေါင်း ဈေးရောင်းပွဲတော် စစ်ကိုင်း၌ ကျင်းပ

စစ်ကိုင်း၊ ဒီဇင်ဘာ ၁၆

ရှေးနှစ် ပေါင်းများစွာကတည်းက နတ်တော်လပြည့်နေ့(ဒီဇင်ဘာ ၁၄ ရက်)က စစ်ကိုင်းမြို့အနောက်ပိုင်း ဝေဠုဝန် ငါးထပ်ကြီးဘုရားရှေ့မျက်နှာစာ လမ်းမကြီးဘေးမှာ စတင်ခင်းကျင်း ရောင်းချနေကြောင်း သိရသည်။ စစ်ကိုင်းမုန့်ပေါင်းပွဲမှာ ရှေး ခေတ်အခါက ငါးထပ်ကြီးဘုရားအခြေရှိ ဇရပ်များ၌ဥပုသ်သည်များ တရားထိုင်သူ၊ ဘုရားဖူးလာသူများ နှင့်ပုတီးစိပ် လာရောက်သူများ ညပိုင်းအဆာပြေစားသောက်ရန် သရေ စာမုန့်အဖြစ် လာရောက်ရောင်းချရာမှ စတင်ပေါ်ပေါက်လာခြင်းဖြစ် သည်။အဆိုပါဓလေ့အား နောက်ပိုင်းမျိုးဆက်များက ဆောင်းတွင်း ကာလရာသီစာမုန့်အဖြစ် ရောင်းချရာမှ နှစ်စဉ် နတ်တော်လပြည့် နေ့ညတွင် ခင်းကျင်းရောင်း ချမှုပြု လုပ်လာကြခြင်းဖြစ်သည်။

Read more...

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက် မြို့တည်နှစ် (၁၀၀)ပြည့်ပွဲကို စည်ကား သိုက်မြိုက်စွာ ကျင်းပ

ကလေး၊ ဒီဇင်ဘာ ၉

စစ်ကိုင်းတိုင်း ဒေသကြီး မော်လိုက်ခရိုင် မော်လိုက် မြို့တည်နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အခမ်းအနားကို မော်လိုက်မြို့ ပြည်သူ့အားကစားကွင်း၌ ဒီဇင်ဘာ ၈ ရက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိ ရသည်။ မော်လိုက်မြို့ကို ၁၉၁၆ ခုနှစ် ဇွန်လ ၂၅ ရက်တွင် အင်္ဂလိပ်အစိုးရ လက်ထက် အရေးပိုင်မစ္စတာ ဖောက်ကား(လ်)က တည်ထောင်ခဲ့ခြင်းဖြစ်သည်။ အထိမ်းအမှတ်အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ကိုယ်စား တိုင်းဒေသကြီးဥပဒေချုပ်နှင့်အဖွဲ့၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြောင်း သိရ သည်။
 
Read more...
Subscribe to this RSS feed

ADV

 ymg adv 6

FacebookG+TwitterRSS