HOT NEWS
Main menu

မန်းရွှေစက်တော် ဘုရား တည်းခိုဆောင် (တဲကျောင်း) များကို လျှောက်ထားသူများ ရှေ့တွင် ပွင့်လင်းမြင်သာစွာ မဲဖောက်ပေး

မင်းဘူး၊ ဇန်နဝါရီ ၁၇

မန်းရွှေစက်တော်ဘုရား တည်းခိုဆောင် (တဲကျောင်း)များအား ပွင့်လင်းမြင်သာစွာ မဲဖောက်ပေးခြင်း အခမ်းအနားကို ဇန်နဝါရီ ၁၆ ရက်က မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ ယခုအခါ တည်းခိုဆောင် (တဲကျောင်း)လုပ်ငန်းလျှောက် ထားသူ ၄၆၅ ဦးရှိပြီး ၎င်းတို့အထဲမှ တည်းခိုဆောင်(တဲကျောင်း) ၁၂၁ ဆောင်အတွက် ပွင့်လင်းမြင်သာစွာ လျှောက်ထားသူများ၏ ရှေ့မှောက်တွင် မဲဖောက်ပေးခြင်းဖြစ်သည်။

Read more...

ဗန်းမော်မြို့ ၌ တိုင်းရင်းသား အဖွဲ့များနှင့် စစ်ရှောင်ပြည်သူများ တွေ့ဆုံ

ဗန်းမော်၊ ဇန်နဝါရီ ၁၇

တိုင်းရင်းသားအဖွဲ့များနှင့် နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင် နေထိုင်သူများ တွေ့ ဆုံ၍ အမြင်ချင်းဖလှယ်ပွဲကို ဇန်နဝါရီ ၁၆ ရက် နံနက် ၁ဝ နာရီက ကချင်ပြည်နယ် ဗန်းမော်မြို့ နှစ်မိုင် အောင်သာရပ်ကွက်၊ စိန်ဗရီးဂျစ် ကတ်သလစ် ဘုရားကျောင်းဝင်းခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

Read more...

မဟာမုနိ ဘုရားကြီး ပထမရံ တံတိုင်းအတွင်း ဖြတ်သန်း သွားလာသူများအတွက် လျှောက်လမ်းတစ်ခု ဖော်ဆောင်ပေးမည်

မန္တလေး၊ ဇန်နဝါရီ ၁၆

မန္တလေးမြို့ မဟာမုနိဘုရားကြီး၏ မဟာရံ တံတိုင်း သုံးထပ်နယ်မြေအနက် ဂန္ဓကုဋိကျောင်းတော်ကြီးပါဝင်သည့် ပထမရံ တံတိုင်းဧရိယာအတွင်းကို ဖိနပ်ကင်းစင် နယ်မြေဖြစ်စေရန်အတွက် စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ဂေါပကအဖွဲ့မှ သိရသည်။

Read more...

ထိုင်း လယ်သမားများ ရေတားပြုလုပ်မည့် ကိစ္စနှင့် ပတ်သက်၍ နယ်ခြားကော်မတီသို့ အကြောင်းကြားထားကာ မြန်မာဘက်က စောင့်ကြည့်ရန် တာဝန်ချထား

တာချီလိတ်၊ ဇန်နဝါရီ ၁၆

မြန်မာ-ထိုင်းနယ်စပ် ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက် ဒေသခံလယ်သမားများက မယ်ဆိုင်ချောင်းအား သဲအိတ်များဖြင့်ပိတ်ကာ ရေတားများ လာရောက်ပြုလုပ်မည့် ကိစ္စနှင့်ပတ်သက်၍ ထိုင်း- မြန်မာ နယ်ခြားကော်မတီမှတစ်ဆင့်  အကြောင်းကြားထားပြီး မြန်မာနိုင်ငံ တာချီလိတ်မြို့ဘက် ပါလျံ၊ ငှက်ပျော်တော ရေဆိပ်၌ ဇန်နဝါရီ ၁၄ ရက်မှစတင်၍ စောင့်ကြည့်အဖွဲ့များချထားကြောင်း သိရသည်။

Read more...

မြ၀တီမြို့ အာဇာနည် ပန်းခြံ၌ ထားရှိမည့် ဗိုလ်ချုပ် ကြေးရုပ်ကို ပြည်သူ လူထုနှင့် ကျောင်းသား၊ ကျောင်းသူများ တစ်ခဲနက် ကြိုဆို

မြ၀တီ၊ ဇန်န၀ါရီ ၁၅

ကရင်ပြည်နယ်၊ မြ၀တီမြို့၊ အာဇာနည်ပန်းခြံအတွင်း၌ ထားရှိမည့် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်ကို ရန်ကုန်မြို့မှ သယ်ဆောင်လာရာ ဇန်န၀ါရီ ၁၅ ရက် မွန်းလွဲ ၁ နာရီတွင် မြ၀တီမြို့အမှတ် ၁ ရပ်ကွက်ရှိ အာဇာနည်ပန်းခြံအတွင်းသို့ ရောက်ရှိလာကြောင်းသိရသည်။
 
Read more...

ADV

 ymg adv 6

FacebookG+TwitterRSS