HOT NEWS
Main menu
adv

မြောက်ဦး လေယာဉ်ကွင်း စီမံကိန်းနှင့် ပတ်သက်၍ ပြည်နယ် လွှတ်တော်တွင် ဆက်လက် ဆွေးနွေးမည်

စစ်တွေ၊ ဖေဖော်ဝါရီ ၂၂

လုပ်ငန်းများရပ်တန့်နေသည့် မြောက်ဦး လေယာဉ်ကွင်းစီမံကိန်းအား ပြည် ထောင်စုဘဏ္ဍာငွေခွင့်ပြုရန်ပုံငွေ ဖြင့် တည်ဆောက်သင့်ကြောင်းပြည် ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆိုကို ပြည်နယ်လွှတ်တော်တွင် ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်လိုက်သည်။ မြောက်ဦးမြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်တင်သွင်းခဲ့သည့် ယင်းအဆိုကို ဖေဖော်ဝါရီ ၂ဝ ရက်တွင် စတင်ကျင်းပသည့်ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး ပထမနေ့တွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦး၏ ထောက်ခံမှုဖြင့် ယခုကဲ့သို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

Read more...

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေး ဆွေးနွေးပွဲအား မြှင့်တင်ခြင်း ငြိမ်းချမ်းရေး ဖိုရမ် ကျင်းပ

ပဲခူး၊ ဖေဖော်ဝါရီ ၂၁

Centre For Development and Ethnic Studies (CDES)  မှ ဦးဆောင်၍ ငြိမ်းချမ်းရေး ဖြစ်စဉ်နှင့်နိုင်ငံရေးဆွေးနွေးပွဲအား မြှင့်တင်ခြင်းငြိမ်းချမ်းရေးဖိုရမ်ကို ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၉ နာ ရီက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့၊ ဥဿာမြို့သစ် (၉) ရပ်ကွက်၊ ရန်ကုန်- မန္တလေးကားလမ်းဘေးရှိ ဥဿာကျော်ဟိုတယ်၌ ကျင်းပခဲ့ ကြောင်း သိရသည်။

Read more...

Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ကို လိမ်လည်မှုနှင့် စာရွက်စာတမ်း အတုပြုလုပ်မှုဖြင့် ထောင်ဒဏ်ငါးနှစ်စီ တစ်ပေါင်းတည်းကျခံရန် အမိန့်ချ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀- Father Land ဆောက်လုပ်ရေးကုမ္ပဏီပိုင် ရှင်ဦးကျော်မြင့်ကို လိမ်လည်မှုနှင့်စာ ရွက်စာတမ်း အတုပြုလုပ်မှုဖြင့် ဖေဖော် ၀ါရီ ၂၀ရက်က လသာမြို့နယ်တရား ရုံး၌ အပြီးသတ်အမိန့်ချမှတ်ရာတွင် ဦးကျော်မြင့်အား ပုဒ်မ-၄၂၀နှင့်ပုဒ်မ -၄၆၈အရ ပြစ်မှုထင်ရှား သဖြင့် ထောင် ဒဏ်ငါးနှစ်စီ ကျခံစေရန်နှင့် ယင်း ထောင်ဒဏ်များကို တစ်ပေါင်းတည်း ကျခံစေရန် မြို့နယ်တရားသူကြီးမှ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

Read more...

မွန်ပြည်နယ်အတွင်း ရှေ့ဆက်လုပ်မည့်စီမံကိန်းများကို သဘာဝပတ်ဝန်းကျင်မပျက်စီးစေဘဲ ပြည်သူများလက်ခံနိုင်ရမည်

ရေး၊ ဖေဖော်ဝါရီ ၂၀-မွန်ပြည်နယ် အတွင်း ရှေ့ဆက်ဆောင်ရွက်မည့်စီမံ ကိန်းများအနေဖြင့် သဘာပတ်ဝန်း ကျင်မပျက် စီးစေဘဲ ပြည်သူများလက် ခံရမည်ဖြစ်သလို တိုင်းပြည်တိုးတက် မှုလည်းရှိရမှာဖြစ်ကြောင်း မွန်ပြည် နယ်လွှတ်တော်၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ စီးပွားရေးကော်မတီနှင့် သဘာဝပတ် ၀န်းကျင်လေ့လာစောင့်ကြည့်ရေးကော် မတီဥက္ကဋ္ဌဒေါက်တာအေးဇံ က ဖေ ဖော်ဝါရီ ၂၀ ရက်က ပြောသည်။

Read more...

လင်းနို့ဂူဒေသတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အသိပညာပေးစခန်း ထူထောင်မည်

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း ဒေသကြီး ကန့်ဘလူမြို့နယ် ဂုံးဂါးကြိုးဝိုင်း အကွက်အမှတ်(၁၈၆) တွင်တည်ရှိပြီး ထူး ခြားရှားပါးသော သဘာဝသွင်ပြင်များရှိရာ လင်းနို့ဂူဒေသတွင် ပြည်သူများနှင့်ကျောင်းသူ၊ ကျောင်းသားများလေ့လာနိုင်ရန် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာ ပေးစခန်း တည်ဆောက်သွားမည်ဖြစ်ကြောင်း တိုင်း ဒေသကြီးသစ်တောဦးစီးဌာနမှ သိရသည်။

Read more...
adv

adv

FacebookG+TwitterRSS